ဇွဲကပင်တိုက်စစ်မှူးဟောင်း ယာစင်နှင့် ဟံသာဝတီတိုက်စစ်ကစားသမားဟောင်း မတ်ခ် ဧရာဝတီအသင်းတွင် လာရောက်လေ့ကျင့်

ဇွဲကပင်တိုက်စစ်မှူးဟောင်း ယာစင်နှင့် ဟံသာဝတီတိုက်စစ်ကစားသမားဟောင်း မတ်ခ် ဧရာဝတီအသင်းတွင် လာရောက်လေ့ကျင့်
Photos: EMG
Photos: EMG
Published 22 July 2020

ဧရာဝတီအသင်းသည် ယခုရာသီတွင် နိုင်ငံခြားသားကစားသမားသုံးဦး ခေါ်ယူ အသုံးပြုလျက်ရှိပြီး တောင်ပံတိုက်စစ်ကစားသမား ဆာဆက်နှင့် နောက်ခံလူ ဗစ်တာတို့ကို မူ ဆက်လက်အသုံးပြုသွားမည်ဖြစ်သည်။ ဧရာဝတီအသင်းသည် ယခုရာသီတွင် ချန်ပီ ယံဆုမျှော်လင့်နိုင်သည့် အနေအထားရှိနေပြီး အမှတ်ပေးပြိုင်ပွဲတွင် ရှုံးပွဲမရှိသေးသည့် တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။ 

MNL ကလပ် ဧရာဝတီယူနိုက်တက် အသင်းသည် MNL အတွေ့အကြုံရှိသည့် ဇွဲကပင်တိုက်စစ်မှူးဟောင်း ယာစင်နှင့် ဟံသာဝတီတိုက်စစ်ကစားသမားဟောင်း မတ်ခ်တို့ကို ခေါ်ယူစမ်းသပ်နေကြောင်း သိရသည်။

ဧရာဝတီအသင်းသည် ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသည့် တိုက်စစ်မှူး မိုက်ကယ်နေရာတွင် အစားထိုးရန် စီစဉ်နေခြင်းဖြစ်ပြီး ၎င်းနှင့် စာချုပ်ဖျက်သိမ်းရန် သဘောတူညီမှုရရှိမှသာ ကစားသမားသစ် ခေါ်ယူရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ 

"အသင်းအနေနဲ့ ဒီရာသီ လက်ကျန်ပွဲတွေအတွက် ပြင်ဆင်ဆောင်ရွက်နေပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားတိုက်စစ်မှူး နေရာအတွက် အားဖြည့်ဖို့ စီစဉ်နေပါတယ်။ အသင်းမှာ လာရောက်လေ့ကျင့်နေတဲ့သူ နှစ်ဦးရှိပါတယ်။ ဇွဲကပင်တိုက်စစ်မှူးဟောင်း ယာစင်နဲ့ ပြီးခဲ့တဲ့ရာသီက ဟံသာဝတီအသင်း မှာကစားခဲ့တဲ့ မတ်ခ်ဖြစ်ပါတယ်။ သူတို့နှစ်ဦး ကို ခေါ်ယူဖို့အတွက် မိုက်ကယ်ကို စာချုပ် ဖျက်သိမ်းမယ့်အပေါ်မှာ မူတည်ပါတယ်။ မိုက်ကယ်က ဒဏ်ရာသက်သာလာပေမဲ့ မြန်မာနိုင်ငံကိုပြန်လာဖို့ မလွယ်သေးပါဘူး။ လေကြောင်းလိုင်းတွေ ပြန်ဖွင့်ရင်တောင် Quarantine ဝင်ရမယ့် အနေအထားရှိပါ သေးတယ်။ ဒါကြောင့် ဒီလကုန်လောက်မှာ ဘောလုံးပြိုင်ပွဲတွေပြန်စရင် သူ့ကိုအသုံးပြုဖို့ မလွယ်ပါဘူး။ ဒါကြောင့် စာချုပ်ဖျက်ဖို့ စီစဉ် နေတာဖြစ်ပြီး စာချုပ်ဖျက်လို့ရရင်တော့ လာရောက်စမ်းသပ်ခံနေတဲ့ ကစားသမား နှစ်ဦးထဲက တစ်ဦးကို ခေါ်သွားမှာပါ။ နှစ်ဦးစလုံးက MNL အတွေ့အကြုံရှိတဲ့အတွက် တိုက်စစ်အတွက် အဆင်ပြေနိုင်ပါတယ်" ဟု ဧရာဝတီအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောကြားခဲ့သည်။

ဧရာဝတီအသင်းသည် ယခုရာသီတွင် နိုင်ငံခြားသားကစားသမားသုံးဦး ခေါ်ယူ အသုံးပြုလျက်ရှိပြီး တောင်ပံတိုက်စစ်ကစားသမား ဆာဆက်နှင့် နောက်ခံလူ ဗစ်တာတို့ကို မူ ဆက်လက်အသုံးပြုသွားမည်ဖြစ်သည်။ ဧရာဝတီအသင်းသည် ယခုရာသီတွင် ချန်ပီ ယံဆုမျှော်လင့်နိုင်သည့် အနေအထားရှိနေပြီး အမှတ်ပေးပြိုင်ပွဲတွင် ရှုံးပွဲမရှိသေးသည့် တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။ 

ဧရာဝတီအသင်းသည် ပထမအကျော့ လက်ကျန်နှစ်ပွဲအဖြစ် ရခိုင်၊ စစ်ကိုင်း အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရန် ကျန်ရှိနေပြီး ထိပ်ဆုံးမှ ဟံသာဝတီအသင်းထက် တစ် ပွဲလျော့ လေးမှတ်ကွာဟနေသည်။ ဧရာဝတီအသင်းသည် လက်ကျန်နှစ်ပွဲတွင် အနိုင်ရပါက ထိပ်ဆုံးမှ ဟံသာဝတီအသင်းကို ဖိအား ပေးနိုင်မည်ဖြစ်သည်။ ဧရာဝတီအသင်းသည် MNL အမှတ်ပေးပြိုင်ပွဲ၌ အမြင့်ဆုံး ဒုတိယ နေရာသာရရှိဖူးပြီး ချန်ပီယံဆုရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Most Read

Most Recent