COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ဘောလုံးကွင်းအတွင်းရှိ အဝတ်လဲခန်း၊ အရန်ခုံတန်းများကို Soicial Distancing ပုံစံ ဆောင်ရွက်ထားပြီး ကွင်းနှင့် အသုံးအဆောင်ပစ္စည်းများကိုလည်း ပိုးသတ်ဆေးဖျန်းမည်

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ဘောလုံးကွင်းအတွင်းရှိ အဝတ်လဲခန်း၊ အရန်ခုံတန်းများကို Soicial Distancing ပုံစံ ဆောင်ရွက်ထားပြီး ကွင်းနှင့် အသုံးအဆောင်ပစ္စည်းများကိုလည်း ပိုးသတ်ဆေးဖျန်းမည်
Photo: EMG
Photo: EMG
Published 19 July 2020

မြန်မာနေရှင်နယ်လိဂ်သည် ပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ရရန် လိုအပ်သည့်ပြင်ဆင်မှုများ ထပ်မံဆောင်ရွက်၍ တင်ပြထားပြီး ဇူလိုင် ၂၈ ရက်တွင် စတင်ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ကွင်းနှင့် အသုံးအဆောင်ပစ္စည်းများကိုလည်း နေ့စဉ်ပိုးသတ်ဆေးဖျန်းရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။ 

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ (MNL) သည် ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည် ကျင်းပခွင့်ရပါက COVID-19 ရောဂါ ကူး စက်ပြန့်ပွားမှုမရှိစေရန် ကွင်းအတွင်းရှိ အဝတ်လဲခန်းနှင့် အရန်ခုံတန်းများကို Soicial Distancing ပုံစံ ဆောင်ရွက်ထားကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်သည် ပြည်တွင်း ဘောလုံးပြိုင်ပွဲများ ကျင်းပခွင့်ရရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ တင်ပြထားပြီး ဇူလိုင် ၁၃ ရက်တွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများကိုယ်တိုင် ဘောလုံးကွင်းများသို့ လာရောက်စစ်ဆေးခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်သည် ပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ရရန် လိုအပ်သည့်ပြင်ဆင်မှုများ ထပ်မံဆောင်ရွက်၍ တင်ပြထားပြီး ဇူလိုင် ၂၈ ရက်တွင် စတင်ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ကွင်းနှင့် အသုံးအဆောင်ပစ္စည်းများကိုလည်း နေ့စဉ်ပိုးသတ်ဆေးဖျန်းရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။ 

"ကျွန်တော်တို့ အနေနဲ့ ဘောလုံးကွင်းတွေမှာ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေအတိုင်း ပြင်ဆင် ဆောင်ရွက်ထားပါတယ်။ အရန်ခုံတန်းနဲ့ အဝတ်လဲခန်းကို Soicial Distancing ပုံစံ နေထိုင်ဖို့ ဆောင်ရွက်ထားပါတယ်။ အမှတ် အသားတွေ ပြုလုပ်ထားပြီး ခွင့်ပြုတဲ့နေရာ တွေမှာ နေထိုင်ရမှာပါ။ အရန်ခုံမှာထိုင်တဲ့ နည်းပြအဖွဲ့ဝင်တွေရော အရန်ကစားသမား တွေပါ Mask တပ်ဆင်ရမှာဖြစ်ပြီး ကွင်းဘေးက ညွှန်ကြားမယ့် နည်းပြတစ်ဦးပဲ Mask မတပ်ချင်ရင် မတပ်လို့ရမှာပါ။ ဒါ့အပြင် ဘောလုုံးကွင်းနဲ့ အသုံးအဆောင်ပစ္စည်းတွေကို မကန်ခင်နဲ့ ကန်အပြီးမှာ ပိုးသတ်ဆေးဖျန်းမှာဖြစ်ပါတယ်။ ပွဲကြည့်စင်နဲ့နီးတဲ့ကွင်းတွေမှာတော့ အရန်ကစားသမားတွေကို ပွဲကြည့်စင်ပေါ်မှာ ထိုင်စေမှာဖြစ်ပါတယ်။ ကျန်းမာ ရေးဆိုင်ရာ လမ်းညွှန်ချက်တွေအတိုင်း လုပ်ဆောင်ထားပြီး ဘောလုံးပြိုင်ပွဲတွေ အမြန်ဆုံး ပြန်လည်စတင်ခွင့်ရမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်"ဟု မြန်မာနေရှင်နယ်လိဂ် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားရသည့် ပြည်တွင်းဘောလုံးပြိုင်ပွဲများကို ဇူလိုင် ၁၆ ရက် တွင် ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ခွင့်ပြုချက်မရသေးသဖြင့် နောက်ဆုတ်ခဲ့ရပြီး ပြီးခဲ့သည့်ရက်ပိုင်း ထုတ်ပြန်ချက်များအရ အစောဆုံး ဇူလိုင် ၂၈ ရက်တွင် ပြန်လည် ကျင်းပနိုင်ရန် လျာထားပြင်ဆင်လျက်ရှိသည်။ မြန်မာနေရှင်နယ်လိဂ်သည် စီနီယာပြိုင်ပွဲများဖြစ်သည့် MNL အမှတ်ပေးပြိုင်ပွဲ၊ MNL-2 (ပထမတန်း) ပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ စတင်ကျင်းပနိုင်ရန် ဆောင်ရွက်နေပြီး စီနီယာပြိုင်ပွဲများအပေါ်မူတည်၍ လူငယ်လိဂ်ပြိုင်ပွဲများ ထပ်မံကျင်းပမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာမှစတင်ကာ နိုင်ငံတကာ ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ပြည်တွင်းဘောလုံးပြိုင်ပွဲများ စတင်သည့်ရက် နောက်ကျပါက အခက်တွေ့ဖွယ်ရှိပြီး လေ့ကျင့်ပြင်ဆင်မှုကိုလည်း ပြောင်းလဲရ ဖွယ်ရှိနေသည်။ မြန်မာနေရှင်နယ်လိဂ်သည် ပြည်တွင်း ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် MNL ကလပ်အသင်း တာဝန်ရှိသူများနှင့် ဆွေးနွေးမှုပြုလုပ်လျက်ရှိပြီး  ကလပ်အသင်းများအနေဖြင့် တတ်နိုင်သလောက် ကြိုတင် လေ့ကျင့်ပြင်ဆင်ထားရန်၊ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း နေထိုင်ရန် ညွှန်ကြားထားသည်။

Most Read

Most Recent