ငွေကြေးကျပ်တည်းမှုကြောင့် နွေရာသီတွင် ထိပ်တန်းခေါ်ယူမှု ပြုလုပ်မည်မဟုတ်ဟု ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ် အတည်ပြု

ငွေကြေးကျပ်တည်းမှုကြောင့် နွေရာသီတွင် ထိပ်တန်းခေါ်ယူမှု ပြုလုပ်မည်မဟုတ်ဟု ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ် အတည်ပြု
Photos: Getty Images
Photos: Getty Images
Published 18 July 2020

ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က ငွေကြေးကျပ်တည်းမှုကြောင့် ယခုနွေရာသီတွင် ထိပ်တန်းခေါ်ယူမှု ပြုလုပ်မည်မဟုတ်ကြောင်း အတည်ပြုပြောကြားသည်။

    

(၃၄) ကြိမ်မြောက် လာလီဂါချန်ပီယံ အောင်မြင်မှုအတွက် အောင်ပွဲခံအခမ်းအနား ပြုလုပ်ပြီးနောက် ယခုနွေရာသီတွင် ထိပ်တန်း ခေါ်ယူမှုပြုလုပ်မည်လားဟု သတင်းထောက်က မေးမြန်းရာ ပီရက်ဇ်က "မလုပ်ပါဘူး။ ဒီ အခြေအနေက တော်တော်ဆိုးပါတယ်။ ကစားသမားတွေကို လစာလျှော့ယူဖို့ ညှိနှိုင်း ရတာ မလွယ်သလို ခေါ်ယူမှုလုပ်ဖို့လည်း မလွယ်ပါဘူး။ အဲဒီလိုလုပ်ဖို့ဆိုရင် အချိန် စောင့်ရပါမယ်။ အခြေအနေတွေ ပြောင်းလဲ သွားရင်တော့ မက်ဒရစ်အနေနဲ့ အကောင်း ဆုံးကစားသမားတွေကို ထပ်ပြီးခေါ်ယူသွားမှာပါ" ဟု ဖြေကြားသည်။



    

ထို့ပြင် ပီရက်ဇ်က စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့သည့် အသင်းခေါင်းဆောင် ရာမို့စ်ကိုလည်း ကစားသမားဘဝ ကုန်ဆုံးချိန်အထိ ဆက်ရှိနေစေလိုကြောင်း ပြောကြားခဲ့သည်။ 

"ရာမို့စ်က ကစားသမားဘဝ ပြီးဆုံးတဲ့အချိန်အထိ ဆက်ရှိနေမှာပါ။ ကျွန်တော်တို့ စိတ်အေးအေးထားသလို ယုံကြည်မှု လည်းရှိပါတယ်။ သူက အသင်းအတွက် မယုံနိုင်လောက်အောင် ဦးဆောင်မှုပေးနိုင်တဲ့ အသင်းခေါင်းဆောင်ပါ။ အောင်မြင်မှုတွေ အများကြီးရယူနိုင်တာ သူ့ကြောင့်လည်းပါ ပါတယ်" ဟု ၎င်းက ဆိုခဲ့သည်။ 

ယခုနှစ် Ballon d'Or ဆုကို တိုက်စစ်မှူး ဘန်ဇီမာသာ ရရှိသင့်ပြီး ယခုနှစ်အတွင်း ၎င်းထက် ပိုကောင်းသူမတွေ့မိကြောင်း ပီရက်ဇ်က ဆက်လက်ပြောကြားခဲ့သည်။

Most Read

Most Recent