မှန်စီပန်းဖော် ဒီဇိုင်းပုံစံ ဝတ်စုံသစ်ကို အာဆင်နယ်နှင့်ပွဲ၌ မန်စီးတီးအသင်း စတင်ဝတ်ဆင်မည်

မှန်စီပန်းဖော် ဒီဇိုင်းပုံစံ ဝတ်စုံသစ်ကို အာဆင်နယ်နှင့်ပွဲ၌ မန်စီးတီးအသင်း စတင်ဝတ်ဆင်မည်
Photo: Manchester City
Photo: Manchester City
Published 17 July 2020

မန်စီးတီးအသင်းသည် လာမည့်ရာသီတွင် ဝတ်ဆင်မည့် မှန်စီပန်းဖော် ဒီဇိုင်းပုံစံဝတ်စုံကို ထုတ်ပြန်လိုက်ပြီဖြစ်ပြီး ယင်းဝတ်စုံကို အာဆင်နယ်အသင်းနှင့် ကစားမည့် FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် စတင်ဝတ်ဆင်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

    

ယင်းဒီဇိုင်းသည် မန်စီးတီးအသင်း၏ ပေါင်သန်း (၆၅၀)တန် စပွန်ဆာကုမ္ပဏီဖြစ်သည့် Puma က မန်ချက်စတာစီးတီးအသင်းတည်ရှိရာ Northern Quarter ၏ ကောင်းကင် မြင်ကွင်းပုံစံကိုအခြေခံပြုလုပ်ထားခြင်းဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းတည်ရှိရာ နယ်မြေကို ကိုယ်စားပြုခြင်းလည်းဖြစ်သည်။ 

ယင်းဝတ်စုံကို အမျိုးသားဝတ်အတွက် (၁၀၅) ပေါင်နှင့် အမျိုးသမီးဝတ်အတွက် (၆၅)ပေါင်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ကလေးဝတ်အတွက်မူ ပေါင်(၅၀) ကျသင့်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

    

မန်စီးတီးအသင်းသည် ဇူလိုင်လ (၁၈)ရက်၊ စနေနေ့တွင်ကစားမည့်  အာဆင်နယ်အသင်းနှင့် ကစားမည့် FA ဖလားပွဲတွင် ယင်းဝတ်စုံကို စတင်ဝတ်ဆင်သွားမည်ဖြစ်ပြီး ယင်းဒီဇိုင်း၏ အဓိကပုံစံဖြစ်သည့် Northern Quarter ကို ဒီဇိုင်းဖော်ခဲ့သည့် မာ့ခ်ကင်နက်ဒီက "ကျွန်တော် ဒီဇိုင်နာတစ်ဦး စဖြစ်လာကတည်းက ဒီနေရာကို ညွှန်းဆိုတဲ့ ဒီဇိုင်းတစ်ခုခုကို ပြုလုပ်ချင်ခဲ့တာပါ"ဟု ဆိုခဲ့သည်။

ဝတ်စုံ၏ အရောင်မှာ မန်စီးတီး အသင်း၏ အစဉ်အလာဖြစ်သည့် အပြာရောင်တွင် Navy Blue အပြာဖြင့် အနားကွပ်ထားသည်။ 

Most Read

Most Recent