ဘွန်ဒစ်လီဂါပြိုင်ပွဲ၏ ရုပ်သံစာချုပ်တန်ဖိုး ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်လျော့ကျခဲ့ပြီး တစ်ရာသီလျှင် ယူရို(၁.၁)ဘီလီယံသာရမည်

ဘွန်ဒစ်လီဂါပြိုင်ပွဲ၏ ရုပ်သံစာချုပ်တန်ဖိုး ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်လျော့ကျခဲ့ပြီး တစ်ရာသီလျှင် ယူရို(၁.၁)ဘီလီယံသာရမည်
Photos : Getty Images
Photos : Getty Images
Published 24 June 2020

ဘွန်ဒစ်လီဂါပြိုင်ပွဲသည် ကွင်းအတွင်းသို့ ပရိသတ်များ လာရောက်အားပေးမှု မြင့်မားသည့် လိဂ်ပြိုင်ပွဲဖြစ်သလို၊ ကမ္ဘာတစ်လွှား၌ ရုပ်သံမှ အားပေးကြည့်ရှုသည့် ပရိသတ်များ တိုးပွားနေသည့် လိဂ်ပြိုင်ပွဲလည်းဖြစ်သည်။ ထို့ကြောင့် ပြီးခဲ့ သည့် ၂၀၁၆ ခုနှစ်မှစ၍ ဘွန်ဒစ်လီဂါ၏ ရုပ်သံစာချုပ်တန်ဖိုးမှာ ယခင်ကထက် ရာခိုင်နှုန်းများစွာ မြင့်တက်လာခဲ့သလို၊ ထပ်မံမြင့်တက်လာလိမ့်ဦးမည်ဟုလည်း သုံးသပ်ခံထားရသည်။

ဘွန်ဒစ်လီဂါပြိုင်ပွဲသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး၏ ရိုက်ခတ်မှုအဖြစ် ရုပ်သံစာချုပ်တန်ဖိုး လျော့ကျသွားခဲ့ပြီး ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် တန်ဖိုးကျဆင်းမှု ဖြစ်ခဲ့ကြောင်း သိရသည်။

ဘွန်ဒစ်လီဂါပြိုင်ပွဲ၏ လက်ရှိရုပ်သံစာချုပ်မှာ ၂၀၂၀-၂၁ ရာသီမှ ကုန်ဆုံးမည်ဖြစ်သော်လည်း ၂၀၂၁-၂၂ ရာသီမှ ၂၀၂၄-၂၅ ရာသီအထိ စာချုပ်သစ် ထပ်မံချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ စာချုပ်သစ်ကိုလည်း ယခင်ရုပ်သံကုမ္ပဏီများဖြစ်သည့် Sky Sport၊ DAZN တို့နှင့်သာ ချုပ်ဆိုခဲ့ခြင်းဖြစ်သော်လည်း တန်ဖိုးမှာမူ ယခင်(၄)နှစ်တာစာချုပ်ထက် ယူရိုသန်း(၂၀၀) လျော့နည်းသွားခဲ့သည်။ ယခင်က (၄)နှစ်စာချုပ်အတွက် စုစု ပေါင်းယူရို(၄.၆)ဘီလီယံရရှိခဲ့ပြီး ယခုအခါ ယူရို(၄.၄)ဘီလီယံသာ ရရှိမည်ဖြစ်သည်။ တစ်ရာသီလျှင် ယူရိုသန်း (၅၀)သာ လျော့ကျသွားခြင်းဖြစ်သော်လည်း ပုံမှန်အတိုင်းဆိုပါက စာချုပ်တန်ဖိုးမြင့်တက်လာမည်ဖြစ်၍ ဆုံးရှုံးနစ်နာမှုအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။ 

ဘွန်ဒစ်လီဂါပြိုင်ပွဲသည် ကွင်းအတွင်းသို့ ပရိသတ်များ လာရောက်အားပေးမှု မြင့်မားသည့် လိဂ်ပြိုင်ပွဲဖြစ်သလို၊ ကမ္ဘာတစ်လွှား၌ ရုပ်သံမှ အားပေးကြည့်ရှုသည့် ပရိသတ်များ တိုးပွားနေသည့် လိဂ်ပြိုင်ပွဲလည်းဖြစ်သည်။ ထို့ကြောင့် ပြီးခဲ့ သည့် ၂၀၁၆ ခုနှစ်မှစ၍ ဘွန်ဒစ်လီဂါ၏ ရုပ်သံစာချုပ်တန်ဖိုးမှာ ယခင်ကထက် ရာခိုင်နှုန်းများစွာ မြင့်တက်လာခဲ့သလို၊ ထပ်မံမြင့်တက်လာလိမ့်ဦးမည်ဟုလည်း သုံးသပ်ခံထားရသည်။ သို့သော် ကပ်ဘေးနှင့် ကြုံတွေ့ခဲ့ရသည့်အတွက် ဆန့် ကျင်ဘက်အခြေအနေသို့ ဦးတည်သွားခဲ့ရခြင်းဖြစ်သည်။ 

ဘွန်ဒစ်လီဂါပြိုင်ပွဲ၏ အမှုဆောင်ချုပ် ခရစ္စတီယန်ဆီးဖတ်က ယင်းအခြေအနေနှင့်ပတ်သက်၍ "ကိုရိုနာဗိုင်းရပ်စ်သာ မရှိခဲ့ ရင် ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ဒါပေမဲ့ တခြားထိပ်သီးလိဂ်တွေလည်း ကြုံတွေ့ရမယ့်အခြေအနေဖြစ်တာကြောင့် ဒါကို လက်ခံရမှာပါပဲ။ ဒီကမ်းလှမ်းမှုက  ကျွန်တော်တို့ရဲ့ ယန္တရားကြီးတစ်ခုလုံး တည်ငြိမ်စွာဖြတ်သန်းနိုင်ဖို့ အရေးကြီးတာကြောင့် လက်ခံခဲ့တာပါ" ဟု ပြောကြားခဲ့သည်။ ဘွန်ဒစ်လီဂါ၏ ရုပ်သံစာချုပ်တန်ဖိုး လျော့ကျသွားခဲ့သော်လည်း ကပ်ဘေးကာလအတွင်း၌ စာချုပ်သစ်ချုပ်ဆိုနိုင်ရန်  မြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်ခဲ့ခြင်းအတွက် ချီးကျူးမှုများ ရှိနေကြောင်းလည်း သိရသည်။

Most Read

Most Recent