ဘန်လေနှင့်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သည့် မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးမှာယခုရာသီ၌ ပြန်ကစားနိုင်ရန်မဖြစ်နိုင်ဟု နည်းပြ ဂွါဒီယိုလာ မှတ်ချက်ပြု

ဘန်လေနှင့်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သည့် မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးမှာယခုရာသီ၌ ပြန်ကစားနိုင်ရန်မဖြစ်နိုင်ဟု နည်းပြ ဂွါဒီယိုလာ မှတ်ချက်ပြု
Photos: AFP
Photos: AFP
Published 24 June 2020

ပြီးခဲ့သည့်လကတည်းက အဂွဲရိုးမှာ ဒူးဒဏ်ရာပြဿနာရှိနေသည်ဟုလည်း ဂွါဒီယိုလာက အတည်ပြုခဲ့သည်။ "မနက်ဖြန်မှာ သူ့ အတွက် အကောင်းဆုံးဖြစ်စေမယ့်နည်းလမ်း ရှိသလားဆိုတာ ကျွန်တော်တို့ မြင်ရပါလိမ့်မယ်။ သူဟာ ဒူးနဲ့ပတ်သက်ပြီး ခံစားခဲ့ရတယ်။ ပြီးခဲ့တဲ့လကတည်းက ပြဿနာရှိခဲ့ပြီး နာကျင် မှုတချို့ ရှိခဲ့ပါတယ်"ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

မန်စီးတီး(၅-၀)ဘန်လေပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သည့် တိုက်စစ်မှူး အဂွဲရိုးမှာ ယခုရာသီတွင် ဘောလုံးပြန်မကစားနိုင်ရန်မဖြစ်နိုင် ဟု နည်းပြ ဂွါဒီယိုလာကမှတ်ချက်ပြုခဲ့သည်။ အဂွဲရိုးသည် ပထမပိုင်းမပြီးမီ ဘန်လေနောက်ခံလူ ဘန်မီး၏ဂိုးဧရိယာထဲတွင်ဖျက်ထုတ်မှုကြောင့် ပယ်နယ်တီရခဲ့သော်လည်း ဒူးဒဏ်ရာရရှိခဲ့ပြီး ဂျေးဇူးနှင့် လူစားလဲခဲ့ရသည်။

ပြီးခဲ့သည့်လကတည်းက အဂွဲရိုးမှာ ဒူးဒဏ်ရာပြဿနာရှိနေသည်ဟုလည်း ဂွါဒီယိုလာက အတည်ပြုခဲ့သည်။ "မနက်ဖြန်မှာ သူ့ အတွက် အကောင်းဆုံးဖြစ်စေမယ့်နည်းလမ်း ရှိသလားဆိုတာ ကျွန်တော်တို့ မြင်ရပါလိမ့်မယ်။ သူဟာ ဒူးနဲ့ပတ်သက်ပြီး ခံစားခဲ့ရတယ်။ ပြီးခဲ့တဲ့လကတည်းက ပြဿနာရှိခဲ့ပြီး နာကျင်မှုတချို့ ရှိခဲ့ပါတယ်"ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။ ယခုရာသီတွင် အဂွဲရိုး ပြန်ကစားနိုင်မည်လားဟု မေးမြန်းမှုကိုမူ ဂွါဒီယိုလာက "ကျွန်တော်ဟာ ဆရာဝန်တစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ အလားအလာတော့မရှိပါဘူး"ဟု တုံ့ပြန်ခဲ့သည်။ 

ယင်းပွဲတွင် မန်စီးတီးအသင်းက ဖိုဒန်(၂၂၊ ၆၃ )၊ မာရက်ဇ် (၄၃၊ ၄၅+၃ ပယ်နယ်တီ)၊ ဒေးဗစ်ဆေးလ်ဗား(၅၁) တို့၏ သွင်းဂိုးများဖြင့် ဘန်လေအသင်းကို (၅-၀)ဂိုးနှင့် အနိုင်ရခဲ့သည်။ မာရက်ဇ်သည် ယခုရာသီတွင် နှစ်ဂိုးသွင်းယူပြီးနောက် ပရီးမီးယားလိဂ်သွင်းဂိုး ၅၅ ဂိုးဖြင့် အာဖရိကကစားသမားများ၏ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးစာရင်းတွင် ကနူး(၅၄ ဂိုး)ကို ကျော်ဖြတ်ကာ နံပါတ် ခုနစ်နေရာသို့ ရောက်ရှိလာခဲ့သည်။ 

မန်စီးတီးအသင်းသည် ယခုရာသီ ဘန်လေနှင့်တွေ့ဆုံမှုနှစ်ကြိမ်တွင် ရှစ်ဂိုးသွင်းယူထားပြီး ဘာနာဒိုဆေးလ်ဗားတစ်ဦးတည်းက လေးဂိုးဖန်တီးပေးခဲ့သည်။ ပရီးမီးယားလိဂ်သမိုင်းတွင် ပြိုင်ဘက်အသင်းတစ်သင်းနှင့် နှစ်ကျော့ကစားရာ၌ ဂိုးဖန်တီးမှုအများဆုံး ဖြစ်ခဲ့သည့် အဲရစ်ဆင်၏လေးကြိမ်စံချိန်ကို ဘာနာဒိုဆေးလ်ဗားက အမီလိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

ဂွါဒီယိုလာက Man of the Match ဆုရှင် ဖိုဒန်ရှိနေခြင်းကြောင့် ဒေးဗစ်ဆေးလ်ဗား၏နေရာအစားထိုးရန်အတွက် ကစားသမားဝယ်ယူရန်မလိုအပ်ကြောင်းလည်း မှတ်ချက်ပြုခဲ့ သည်။ အသက် ၂၀ နှစ်အရွယ်သာရှိသေးသူ ဖိုဒန်သည် ပြီးခဲ့သည့်အာဆင်နယ်နှင့်ပွဲစဉ် တွင် ယခုရာသီ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဖိုဒန်အနေဖြင့် ပြိုင်ပွဲစုံပွဲထွက် ကစားခွင့်ရသည့် ၁၂ ပွဲတွင် သုံးဂိုးသွင်းကာ ခုနစ်ဂိုး ဖန်တီးပေးထားခဲ့သည်။

Most Read

Most Recent