ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကမ္ဘာတစ်လွှားမှ လိဂ်ပြိုင်ပွဲများ ကစဉ့်ကလျားဖြစ်နေသည့်အတွက် စည်းမျဉ်းကန့်သတ်ချက်အချို့ကို ယာယီဖြေလျှော့ပေးလိုက်ပြီး လက်ရှိဘောလုံးရာသီမပြီးဆုံးမီ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်နိုင်ကြောင်း ခွင့်ပြုပေးခဲ့သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကမ္ဘာတစ်လွှားမှ လိဂ်ပြိုင်ပွဲများ ကစဉ့်ကလျားဖြစ်နေသည့်အတွက် စည်းမျဉ်းကန့်သတ်ချက်အချို့ကို ယာယီဖြေလျှော့ပေးလိုက်ပြီး လက်ရှိဘောလုံးရာသီမပြီးဆုံးမီ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်နိုင်ကြောင်း ခွင့်ပြုပေးခဲ့သည်။
ယခင်က နိုင်ငံတစ်ခုနှင့်တစ်ခု အပြောင်းအရွှေ့ကာလ သတ်မှတ်သည့်နေ့ရက် ကွာခြားမှုရှိသော်လည်း ဘောလုံးရာသီတစ်ခု အဆုံးသတ်မှသာ ရာသီသစ်အတွက် အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ခွင့်ရရှိခြင်းမှာမူ နိုင်ငံတိုင်း၊ လိဂ်ပြိုင်ပွဲတိုင်း လိုက်နာရသည့် စည်းမျဉ်းဖြစ်သည်။ (ထို့ကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်က ၂၀၂၀ နွေရာသီအပြောင်းအရွှေ့ ဈေးကွက်ကို စက်တင်ဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၅ ရက်နေ့အထိ ဖွင့်လှစ်ရန် သတ်မှတ်ထားခဲ့ပြီးဖြစ်သည်။ ထို့ပြင် ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်မာစတာစ်ကလည်း ပရီးမီးယားလိဂ်အသင်းများကို ဇူလိုင် ၂၅ မတိုင်မီအထိ ကစားသမားသစ် ခေါ်ယူခွင့်ပြုမည်မဟုတ်ဟု ပြောကြားထားသည်)

သို့သော် ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ပုံမှန်အတိုင်း အဆုံးသတ်နိုင်ခြင်းမရှိဘဲ ၂၀၂၀-၂၁ ရာသီ၏ အ ပြောင်းအရွှေ့ကာလအတွင်း ရောက်ရှိလာသည့်အတွက် FIFA က စည်းမျဉ်းသတ်မှတ်ချက်ကို အပြောင်းအလဲပြု လုပ်ပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဥရောပထိပ်သီးလိဂ် များအနေဖြင့် ၂၀၂၀ နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကို ပြန်လည်ညှိနှိုင်းသတ်မှတ်သွားဖွယ်ရှိနေပြီး ယခင်အတိုင်း တူညီသည့်အပြောင်းအရွှေ့ကာလတစ်ခု ဖြစ်လာဖွယ်ရှိကြောင်း၊ ဩဂုတ်လအတွင်း ဖွင့်လှစ်ဖွယ်ရှိကြောင်းလည်း မီဒီယာများက သုံးသပ်ခဲ့ကြသည်။

FIFA သည် အပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်ကိုသာမက ကစားသမားများအနေဖြင့် တစ်ရာသီအတွင်း ကလပ်အသင်း(၃)သင်းအထိ ပြောင်းရွှေ့ကစားနိုင်သည်ဟု ခွင့်ပြုပေးခဲ့သည်။
ယခင်က ကစားသမားများသည် ဘောလုံးရာသီတစ်ခုအတွင်း ကလပ်အသင်း(၂)သင်းထက်ပို၍ ပြောင်းရွှေ့ကစားခွင့်မရရှိပေ။
သို့သော် လက်ရှိအချိန်မှာ ကပ်ဘေးကာလဖြစ်သည့်အတွက် ကစားသမားများ အလုပ်လက်မဲ့မဖြစ်စေရန် ယခုကဲ့သို့ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။















