အသက် ၂၀ နှစ်အရွယ်သာ ရှိသေးသူ ဟာဗက်ဇ်မှာ ချယ်လ်ဆီးအသင်း ခေါ်ယူလိုသည့်အရည်အသွေးနှင့် ကိုက်ညီနေသူဖြစ်ပြီး အခြားဥရောပထိပ်တန်းအသင်းများနှင့်အပြိုင် ကြိုးပမ်းရဖွယ်ရှိနေသည်။ ဟာဗက်ဇ်သည် ဘွန်ဒစ်လီဂါပြိုင်ပွဲ ပြန်လည် ကစားချိန်တွင် အသင်းအတွက် လေးပွဲကစား ငါးဂိုးအထိ သွင်းယူထားပြီး ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်အသင်းများကလည်း စိတ်ဝင်စားလျက်ရှိသည်။
ချယ်လ်ဆီးအသင်းသည် လိုက်ပ်ဇစ် တိုက်စစ်မှူး ဗာနာကို ခေါ်ယူရန်သဘောတူညီမှုရရှိခဲ့ပြီဟု သတင်းများထွက်ပေါ်နေချိန် တွင် နောက်ထပ် ဘွန်ဒစ်လီဂါပစ်မှတ်အဖြစ် လေဗာကူဆင်ကွင်းလယ်တိုက်စစ်ကစားသမား ဟာဗက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းဖြင့် ကမ်းလှမ်းသွားရန်ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။

ချယ်လ်ဆီးအနေဖြင့် ဗာနာ၏ပြောင်းရွှေ့ကြေးအတွက်မူ ပေါင် ၅၃ သန်း ကုန်ကျနိုင်ပြီး အပြောင်းအရွှေ့စျေးကွက် တရားဝင်ဖွင့်လှစ်ချိန်တွင် အပြီးသတ်နိုင်မည်ဟု မျှော်လင့်ရသည်။ နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းနှင့်လမ်းခွဲရန် နီးစပ်နေသည့် ၀ါရင့်ကစားသမား ဝီလီယံ၊ ပတ်ဒရိုတို့၏ နေ ရာတွင် ချယ်လ်ဆီးအသင်းက လူငယ် Wide Player တစ်ဦးဖြင့် အစားထိုးရန် အလိုရှိနေ ခြင်းဖြစ်သည်။

အသက် ၂၀ နှစ်အရွယ်သာ ရှိသေးသူ ဟာဗက်ဇ်မှာ ချယ်လ်ဆီးအသင်း ခေါ်ယူလိုသည့်အရည်အသွေးနှင့် ကိုက်ညီနေသူဖြစ်ပြီး အခြားဥရောပထိပ်တန်းအသင်းများနှင့်အပြိုင် ကြိုးပမ်းရဖွယ်ရှိနေသည်။ ဟာဗက်ဇ်သည် ဘွန်ဒစ်လီဂါပြိုင်ပွဲ ပြန်လည် ကစားချိန်တွင် အသင်းအတွက် လေးပွဲကစား ငါးဂိုးအထိ သွင်းယူထားပြီး ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်အသင်းများကလည်း စိတ်ဝင်စားလျက်ရှိသည်။

ချယ်လ်ဆီးအသင်းသည် ဟာဗက်ဇ်ကို ခေါ်ယူရန် အပြိုင်ကြိုးပမ်းမှုတွင် အသာရရှိရေးအတွက် ဟာဗက်ဇ်၏စျေးကွက်တန်ဖိုး နီးပါးဖြစ်သည့် ပေါင် ၇၅ သန်းအတိုင်းပေးချေ သွားရန် စီစဉ်နေခြင်းဖြစ်ပြီး လေဗာကူဆင် အသင်းနှင့် ဟာဗက်ဇ်တို့ ချုပ်ဆိုထားသည့် စာချုပ်မှာ ၂၀၂၂ ခုနှစ်အထိဖြစ်သည်။

လာမည့် ရာသီသစ်အတွက် ချယ်လ်ဆီးအနေဖြင့် အေဂျက်စ်ကွင်းလယ်တိုက်စစ်ကစားသမား ဇီယာ့ရှ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၈ သန်းဖြင့် ခေါ်ယူပြီးဖြစ်ထားကြောင်း သိရသည်။ ထို့ပြင် ချယ်လ်ဆီးအသင်းသည် နွေရာသီတွင် ဂိုး သမားသစ်တစ်ဦးခေါ်ယူရန် စီစဉ်နေပြီး အေဂျက်စ်အသင်းမှ ကင်မရွန်းဂိုးသမား အိုနာနာ နှင့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။