Social Distancing စည်းမျဉ်းကို ဖိုဒန် ချိုးဖောက်ခဲ့ဟု ဗြိတိန်မီဒီယာများ ဝေဖန်

Published 4 June 2020

မန်စီးတီးအသင်း၏ အင်္ဂလန်ကွင်းလယ်ကစားသမား ဖီးလ်ဖိုဒန်သည် ကိုရိုနာဗိုင်းရပ်စ်အတွက် သတ်မှတ်ထားသော Social Distancing စည်းမျဉ်းကို ချိုးဖောက်ကာ ကမ်းခြေတွင် သူငယ်ချင်းများနှင့် ပျော်မြူးခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

Daily Mail သတင်းစာ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သော ဗီဒီယိုဖိုင်ထဲ၌ ဖိုဒန်သည် မာဆေးဆိုက်ဒ် ရှိ Formby ကမ်းခြေတွင် သူငယ်ချင်းများနှင့်အတူ ဘောလုံးကစားနေသည်ကို တွေ့မြင်ခဲ့ရသည်။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်စိုးရိမ်ရ၍ ကစားသမားများအနေဖြင့် စျေးဆိုင်များသို့ မသွားရန်ပင် ကလပ်အသင်းတာဝန်ရှိသူများက တားမြစ်ပိတ်ပင်မှုများ ပြုလုပ်နေချိန်၌ ဖိုဒန်အနေဖြင့် လူမြင်ကွင်းတွင် လူစုလူဝေးဖြင့် ပျော်မြူးနေခြင်းမှာ မဖြစ်သင့်ကြောင်း ဗြိတိန်မီဒီယာများက ဝေဖန်ရေးသားခဲ့ကြသည်။

ထို့ပြင် ပရီးမီးယားလိဂ်ပွဲစဉ်များ ပြန်လည်ကစားရတော့မည့်အချိန်တွင် ဖိုဒန်အနေဖြင့် ယင်းကဲ့သို့ ဘောလုံးအပျော်ကစားနေခြင်းမှာ ဒဏ်ရာရရှိသွားနိုင်သည့် အနေအထားရှိ၍ စိုးရိမ်ပူပန်စရာဖြစ်ကြောင်း Daily Mail  သတင်းစာက ရေးသားခဲ့သည်။

ဖိုဒန်သည် ယခုရာသီ မန်စီးတီးအသင်းတွင် ပရီးမီးယားလိဂ်(၁၄)ပွဲအပါအဝင် ပြိုင်ပွဲစုံ (၂၆)ပွဲကစားကာ (၃)ဂိုး သွင်းယူပေးထားသည်။

အသက်(၂၀)နှစ်အရွယ်သာရှိသေးသော ဖိုဒန်သည် အင်္ဂလန် ယူ-၂၁ အသင်းအတွက် (၁၅)ပွဲကစားကာ (၄)ဂိုးသွင်းယူပေးထားသည်။

Most Read

Most Recent