ပရီးမီးယားလိဂ်၏ ပဉ္စမအကြိမ် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု၌ စုစုပေါင်း(၁,၁၉၇)ဦး စစ်ဆေးခဲ့ရာတွင် စပါးအသင်းမှ တစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံရ

ပရီးမီးယားလိဂ်၏ ပဉ္စမအကြိမ် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု၌ စုစုပေါင်း(၁,၁၉၇)ဦး စစ်ဆေးခဲ့ရာတွင် စပါးအသင်းမှ တစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံရ
Photos : Tottenham Hotspur Facebook
Photos : Tottenham Hotspur Facebook
Published 4 June 2020

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်မကစားမီ ပဥ္စမအကြိမ်မြောက်အဖြစ် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခဲ့ရာတွင် စပါးအသင်းမှ တစ်ဦး Positive ရလဒ်ထွက်ပေါ် ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်မှ ကစားသမား၊ နည်းပြနှင့် ဝန်ထမ်းစုစု ပေါင်း (၁,၁၉၇)ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဆေးခံရသူများထဲမှ တစ်ဦးမှာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည်ဟု ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန် ခဲ့ပြီးနောက် မရှေးမနှောင်းမှာပင် စပါးအသင်းက အတည်ပြုချက် ပေးခဲ့ခြင်းဖြစ် သည်။

သို့သော် စပါးအသင်း၏ကြေညာချက်ထဲတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူမှာ မည်သူဖြစ်သည်ဟု အသေးစိတ်ထုတ်ပြန်ခြင်းမရှိခဲ့ကြောင်း သိရသည်။

အသင်း၏လေ့ကျင့်ရေးစင်တာတွင် ဗိုင်းရပ်စ်စစ်ဆေးမှု၌တစ်ဦးမှာ Positive ရလဒ်ထွက်ခဲ့သည်ဟု ပရီးမီးယားလိဂ်အဖွဲ့ချုပ်မှ သတင်းပေးပို့ခဲ့ပြီး ဆေးဘက်ဆိုင်ရာကျင့်ဝတ်အရ အဆိုပါပုဂ္ဂိုလ်၏အမည်ကို မဖော်ပြနိုင်ကြောင်း၊ ၎င်းမှာ လက်ရှိတွင် ဗိုင်းရပ်စ်လက္ခဏာ မပြသေးဘဲ ထပ်မံစစ်ဆေးမှုမပြုလုပ်မီ ပရီးမီးယားလိဂ်၏လမ်းညွှန်ချက်များအတိုင်း (၇)ရက်ကြာ သီးခြားနေထိုင်ရမည်ဖြစ်ကြောင်း၊ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ရန် လေ့ကျင့်ရေးလမ်းညွှန်ချက်များအတိုင်း ကြပ်ကြပ် မတ်မတ် လိုက်နာသွားမည်ဖြစ်ကြောင်း၊ အသင်းလေ့ကျင့်ရေးစင်တာကို ဗိုင်းရပ်စ်ကင်းစင်ရေးအတွက် သေသေချာချာလုပ်ဆောင်သွားမည်ဟု စပါးအသင်း၏ ထုတ်ပြန်ချက်တွင် ရေးသားထားခဲ့သည်။  

လာမည့်ဇွန်လ(၁၇)ရက်တွင် ပြန်လည်စတင်ရန် စီစဉ်ထားသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ယခုအခါတွင် ဗိုင်းရပ်စ်စစ်ဆေးမှု (၅)ကြိမ်တိတိ ပြုလုပ်ခဲ့ပြီးဖြစ်ပြီး စစ်ဆေးမှုပေါင်း (၅,၀၇၉)ကြိမ်တွင် Positive ရလဒ်ထွက်ပေါ်သူ (၁၃)ဦးအထိရှိခဲ့ ကြောင်း သိရသည်။

ပရီးမီးယားလိဂ်တွင် ကစားသမား၊ နည်းပြနှင့် ဝန်ထမ်းများကို တစ်ပတ်လျှင် နှစ်ကြိမ် ဗိုင်းရပ်စစ်ဆေးမှု ပြုလုပ်နေခြင်းဖြစ်သည်။

ယခု နောက်ဆုံးထုတ်ပြန်ထားသည့် စစ်ဆေးချက်မှာ ဇွန် လ (၁၊ ၂) ရက်များတွင် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကစားသမားတစ်ဦးဦး ပိုးတွေ့ရှိ လျှင် (၇)ရက်ကြာ သီးသန့်နေထိုင်ရမည် ဖြစ်ပြီး (၈)ရက်မြောက်တွင် တစ်ဦးချင်းလေ့ကျင့်ခန်းများ ပြုလုပ်ခွင့်ပေးထားသည်။

လက်ရှိတွင် ပရီးမီးယားလိဂ်အသင်းများမှာ အုပ်စုလိုက်လေ့ကျင့်ခန်းများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent