မိမိအနေဖြင့် ခြေစွမ်းပိုင်းတိုးတက်ရန် လိုအပ်နေသေးကြောင်း ဘရူနိုဖာနန်ဒက်စ် ဆို

မိမိအနေဖြင့် ခြေစွမ်းပိုင်းတိုးတက်ရန် လိုအပ်နေသေးကြောင်း ဘရူနိုဖာနန်ဒက်စ် ဆို
Photos: Getty Images & ManUnited/Twitter
Photos: Getty Images & ManUnited/Twitter
Published 2 June 2020

မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က မိမိအနေဖြင့် ခြေစွမ်းပိုင်းတိုးတက်ရန် လိုအပ်နေသေးကြောင်း ပြောကြားခဲ့သည်။ 

မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က မိမိအနေဖြင့် ခြေစွမ်းပိုင်းတိုးတက်ရန် လိုအပ်နေသေးကြောင်း ပြောကြားခဲ့သည်။ 

ဘရူနိုဖာနန်ဒက်စ်သည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပြိုင်ပွဲများ မရပ်နားမီ အသင်းအတွက် ခြေစွမ်းပြကစားခဲ့သူဖြစ်သည်။ 

သို့သော် ဘရူနိုဖာနန်ဒက်စ်က မန်ယူကဲ့သို့ အင်္ဂလန်၏အကောင်းဆုံးအသင်းတွင် ကစားခွင့်ရနေသည့်အတွက် မိမိအနေဖြင့် ခြေစွမ်းပိုင်း ပိုမိုတိုးတက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဘရူနိုဖာနန်ဒက်စ်က "ကျွန်တော် မန်ယူအသင်းအတွက် (၉)ပွဲ ကစားပြီးပါပြီ။ အဲဒီ (၉)ပွဲမှာ ကျွန်တော့်အနေနဲ့ မန်ယူအသင်းနဲ့ ထိုက်တန်အောင် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘူးလို့ ထင်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ချိန်မှာ ကျွန်တော့်အတွက် ပိုခက်လာတော့မှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ ကစားဟန်တွေကို ပြိုင်ဘက်ကစားသမားတွေ သိနေလောက်ပါပြီ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ခြေစွမ်းပိုတိုးတက်ဖို့ လိုပြီး အသင်းဖော်တွေနဲ့ နားလည်မှုရှိရှိ ကစားနိုင်ဖို့ လိုပါတယ်။ ကျွန်တော် မန်ယူအသင်းကို ပြောင်းရွှေ့လာတာ သူတို့ဟာ ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းတွေထဲက တစ်သင်းဖြစ်လို့ပါ။ ကျွန်တော့်အတွက်တော့ အင်္ဂလန်မှာ မန်ယူအသင်းက အကောင်းဆုံးပါ"ဟု ပြောကြားခဲ့သည်။ 

အသက် (၂၅)နှစ်အရွယ်ရှိ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်သည် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၉)ပွဲတွင် (၃)ဂိုး သွင်းယူထားပြီး ပရီးမီးယားလိဂ် (၅)ပွဲတွင် (၂)ဂိုး သွင်းယူထားသည်။ 

ဘရူနိုဖာနန်ဒက်စ်သည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင်မှ မန်ယူအသင်းသို့ ရောက်ရှိလာသော်လည်း အသင်းတွင် အလျင်အမြန်အထိုင်ကျကာ ခြေစွမ်းပြကစားနိုင်ခြင်းကြောင့် ဖေဖော်ဝါရီလအတွက် ချီးမြှင့်သည့် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သူဖြစ်သည်။

Most Read

Most Recent