ဘာစီလိုနာအသင်းမှ ထွက်ခွာမည်မဟုတ်ကြောင်း စတီဂန် ပြောကြား

ဘာစီလိုနာအသင်းမှ ထွက်ခွာမည်မဟုတ်ကြောင်း စတီဂန် ပြောကြား
Photo:Getty Images
Photo:Getty Images
Published 2 June 2020

ဘာစီလိုနာဂိုးသမား စတီဂန်က မိမိအနေဖြင့် ဘာစီလိုနာအသင်းမှထွက်ခွာမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

ဘာစီလိုနာဂိုးသမား စတီဂန်က မိမိအနေဖြင့် ဘာစီလိုနာအသင်းမှထွက်ခွာမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

ဘာစီလိုနာအသင်းနှင့် ဂျာမန်ဂိုးသမား စတီဂန်တို့၏ စာချုပ်မှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။ 

ဘာစီလိုနာအသင်းအနေဖြင့် စတီဂန်အား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်ခဲ့သော်လည်း လက်ရှိတွင် ကပ်ဘေးကြောင့် ယင်းကိစ္စကို ရပ်နားထားကြောင်း သိရသည်။ 

ထို့ကြောင့် စတီဂန်အနေဖြင့် အသင်းပြောင်းရွှေ့နိုင်သည်ဟု ခန့်မှန်းမှုများ ထွက်ပေါ်လာခဲ့သည်။ သို့သော် စတီဂန်က မိမိအနေဖြင့် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာမည် မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

စတီဂန်က "ကျွန်တော့်အနေနဲ့ လာမယ့်နွေရာသီမှာ ဘာစီလိုနာအသင်းက ထွက်ခွာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စာချုပ်သစ် ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ အေးဂျင့်နဲ့ အသင်းတာဝန်ရှိသူတွေ ပထမတစ်ကြိမ် ဆွေးနွေးပြီးပါပြီ။ အဲဒီနောက်မှာ ကပ်ဘေးဖြစ်ပေါ်လာတာကြောင့် စာချုပ်ကိစ္စဆွေးနွေးမှုကို ကျွန်တော်တို့ ရပ်နားထားပါတယ်။ ကျွန်တော် ဘာစီလိုနာမှာ ပျော်ပါတယ်။ မိသားစုတွေလည်း ဒီမှာ နေရတာကို နှစ်သက်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ ဂျာမန်ဂိုးသမား စတီဂန်သည် ၂၀၁၄ ခုနှစ်တွင် မိုချန်ဂလာဘတ်အသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး ၂၀၁၆-၁၇ ရာသီမှစတင်ကာ အသင်း၏နံပါတ် (၁)ဂိုးသမားအဖြစ် လက်စွမ်းပြနေသူဖြစ်သည်။ 

Most Read

Most Recent