အနားယူနေရာမှ ပြန်လာ၍ ဘောလုံးကစားဖွယ်ရှိဟု ရော်ဘင် အရိပ်အမြွက်ပြောကြား

အနားယူနေရာမှ ပြန်လာ၍ ဘောလုံးကစားဖွယ်ရှိဟု ရော်ဘင် အရိပ်အမြွက်ပြောကြား
Published 28 April 2020

နယ်သာလန်လက်ရွေးစင် တောင်ပံ ကစားသမားဟောင်း ရော်ဘင်က အနားယူနေရာမှ ပြန်လာ၍ ဘောလုံးကစားဖြစ်ဖွယ်ရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သည့် ရော်ဘင် သည် ၂၀၁၈-၂၀၁၉ ရာသီကုန်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ကစားသမားဘဝမှ အနားယူခဲ့သည်။

သို့သော် ဘိုင်ယန်မြူးနစ်အသင်း၏ Podcast အစီအစဉ်တွင် ရော်ဘင်က ''အစပိုင်းမှာတော့ ဘောလုံးအကြောင်း လုံးဝသတိမရပါဘူး။ ဒါပေမဲ့ ကြာလာတော့ နည်းနည်းလောက် ပြန်ကစားနိုင်တယ်ဆိုပြီး တွေးမိတယ်။ ဗိုင်းရပ်စ်ဖြစ်ပွားတဲ့ကာလက အားလုံးအတွက် နေမထိထိုင်မသာဖြစ်ရတဲ့အချိန်တွေပါပဲ။ ကျွန်တော်က အားကစားသမားတစ်ယောက်ဖြစ်လို့ ဘောလုံးပွဲတွေပြန်စခဲ့ရင် ဒီနေရာမှာ  အမြဲရှိနေနိုင်ပါတယ်''ဟု ဆိုသည်။

ရော်ဘင်သည် ဘိုင်ယန်မြူးနစ်အသင်းတွင် (၁၀)နှစ်ကြာ ကစားခဲ့ပြီး အသင်းအတွက် (၃၀၉)ပွဲကစားခဲ့ရာတွင် (၁၄၄)ဂိုးသွင်း၊ (၁၀၁)ဂိုး ဖန်တီးပေးခဲ့သည်။

ဘိုင်ယန်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား (၁)ကြိမ်၊ ဘွန်ဒစ်လီဂါချန်ပီယံဆု (၈)ကြိမ်နှင့် ဂျာမန်ဖလား (၅)ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

၎င်းသည် ဂရိုနင်ဂျန်အသင်းနှင့်ကစားသမားဘဝ စတင်ခဲ့ပြီး PSV၊ ချယ်လ်ဆီး၊ ရီးယဲလ်အသင်းများနှင့်အတူ အမှတ်ပေးချန်ပီယံဖလားများလည်း ရရှိခဲ့သည်။

မိခင်နိုင်ငံဖြစ်သည့် နယ်သာလန်လက်ရွေးစင်အသင်းအတွက် (၉၆)ပွဲကစားကာ (၃၇)ဂိုး သွင်းယူနိုင်ခဲ့သည်။

ARJEN ROBBEN'S CAREER

2000-2002: Groningen

2002-2004: PSV

2004-2007: Chelsea

2007-2009: Real Madrid

2009-2019: Bayern Munich

Most Read

Most Recent