UFC ၏ ရှုံးပွဲမရှိ Lightweight ချန်ပီယံဖြစ်သူ ရုရှား MMA ကစားသမား ခါဘစ်က သူသည် UFC 249 တွင် ထိုးသတ်ရန် စီစဉ်ထားသည့် တိုနီဖာဂူဆန်နှင့်ပွဲကို ထိုးသတ်တော့မည်မဟုတ်ကြောင်း အတည်ပြုကြေညာသွားခဲ့သည်။
UFC ၏ ရှုံးပွဲမရှိ Lightweight ချန်ပီယံဖြစ်သူ ရုရှား MMA ကစားသမား ခါဘစ်က သူသည် UFC 249 တွင် ထိုးသတ်ရန် စီစဉ်ထားသည့် တိုနီဖာဂူဆန်နှင့်ပွဲကို ထိုးသတ်တော့မည်မဟုတ်ကြောင်း အတည်ပြုကြေညာသွားခဲ့သည်။
ခါဘစ်သည် ယခုအချိန်တွင် ရုရှားနိုင်ငံတွင်ရှိနေပြီး တိုင်းပြည်အတွင်းမှထွက်ရန် အစီအစဉ်မရှိကြောင်းလည်း ပြောကြားခဲ့သည်။
Instagram တွင် ခါဘစ်က ပွဲအခြေအနေနှင့်ပတ်သက်ပြီး "ကျွန်တော် အိမ်မှာ Quarantine လုပ်နေပြီး ကျွန်တော်ထိုးမယ့်ပွဲနဲ့ပတ်သက်ပြီး လူတွေပြောဆို နေကြတာတွေကို ဖတ်ရပါတယ်။ တစ်ကမ္ဘာလုံးကလူတွေကလည်း ဒီပွဲကို မထိုးသင့်ဘဲ အိမ်မှာပဲ အနားယူနေသင့်တယ်လို့ ပြောကြပါတယ်။ ကမ္ဘာ့နိုင်ငံအားလုံးရဲ့ ခေါင်းဆောင်တွေရော၊ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရော ပြည်သူတွေ ကို ရောဂါပြန့်ပွားမှုကို ပိုမိုဆိုးရွားစေမယ့် အပြင်ထွက်တာတွေလုပ်မယ့်အစား အိမ်မှာပဲနေကြအောင် တိုက်တွန်းပေးဖို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော် အခြေအနေအားလုံးကို နားလည်ပါတယ်။ ဒီပွဲ ပျက်သွားခြင်းနဲ့ပတ်သက်ရင် အားလုံးထက် ကျွန်တော်က ပိုပြီးအံ့သြပါတယ်။ ဒီပွဲပြီးရင်ကျွန်တော် ဆက်လုပ်မယ့်အစီအစဉ်တွေရှိပါတယ်။ ဒါပေမဲ့ အခုဖြစ်ပျက်နေတာတွေကို ကျွန်တော် မထိန်းချုပ်နိုင်ပါဘူး။ အခမ်းနားဆုံးနိုင်ငံကြီးတွေ၊ အကြီးမားဆုံး ကုမ္ပဏီကြီးတွေ ကိုယ်တိုင် အခုဖြစ်ပျက်နေတဲ့အရာတွေကို အံ့သြတုန်လှုပ်နေကြပါတယ်။ နေ့တိုင်းနေ့တိုင်းမှာလည်း ဖြစ်ပျက်နေတာတွေက ခန့်မှန်းလို့မရနိုင်အောင်ပါပဲ။ ဒါပေမဲ့ ခါဘစ်က ဒီအ ခြေအနေမှာ ဆက်ထိုးနေဦးမယ်ဆိုရင် ခင်ဗျားတို့ ဘာပြောကြမလဲ။ ခင်ဗျားတို့လည်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ကြပါ"ဟု ရေးသားခဲ့သည်။
ပွဲပျက်သွားခြင်းအပေါ် စိတ်ပျက်နေသည့် တိုနီဖာဂူဆန်ကမူ "သူ့အတွက် အကြောင်းပြချက်ကောင်းရသွားတာပေါ့။ သူက ဒီပွဲပျက်ရခြင်းကို ရှင်းပြပါတယ်။ ဒါပေမဲ့ သူကြောက်နေတာပါ။ တကယ်တော့ မထိုးရဲရင် သူ့ခါးပတ် ကို ရုပ်သိမ်းလိုက်သင့်ပါတယ်"ဟု ဝေဖန်ခဲ့သည်။









