အားကစားဆိုင်ရာခုံရုံး(CAS)  ထံ အယူခံဝင်မှု ရှုံးနိမ့်ပါက အဆင့် ၅ နေရာမှအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရမည်ဖြစ်သောကြောင့် ဂွါဒီယိုလာနှင့် ကစားသမားများ၏အနာဂတ် မရေမရာဖြစ်လာ

အားကစားဆိုင်ရာခုံရုံး(CAS)  ထံ အယူခံဝင်မှု ရှုံးနိမ့်ပါက အဆင့် ၅ နေရာမှအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရမည်ဖြစ်သောကြောင့် ဂွါဒီယိုလာနှင့် ကစားသမားများ၏အနာဂတ် မရေမရာဖြစ်လာ
Photos: Getty Images
Photos: Getty Images
Published 16 February 2020

မန်စီးတီးအသင်းသည် ယူရိုသန်း ၃၀ ဒဏ်ကြေးဆောင်ရမည့်အပြင် ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့် နှစ်ရာသီပိတ်ပင်ခံရပါက ဆုကြေး၊ ရုပ်သံထုတ်လွှင့်ခွင့်၊ ကွင်း ဝင်ကြေး၊ စပွန်ဆာစာချုပ် စသည့် ကအသီးသီးမှ ဝင်ငွေရရှိမှု လျော့ကျသွားမည်ဖြစ်ပြီး ယူရိုသန်း ၂၀၀ (ပေါင်သန်း ၁၇၀) ခန့် ဆုံးရှုံး နစ်နာနိုင်ကြောင်း ဗြိတိန်သတင်းဌာနများက ခန့်မှန်းဖော်ပြလျက်ရှိသည်။ 

 

 

ဘဏ္ဍာရေးမျှတမှုစည်းမျဉ်း (FFP) ချိုး ဖောက်မှုကြောင့် ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့် နှစ်ရာသီ ပိတ်ပင်ခံရသည့်ပြစ်ဒဏ်ကို ဆွစ်ဇာလန်နိုင်ငံရှိ အားကစားဆိုင်ရာခုံရုံး(CAS)  ထံ အမြန်ဆုံးအယူခံဝင်မည်ဖြစ်ကြောင်း မန် စီးတီးအသင်းက ထုတ်ပြန်ကြေညာသည်။

မန်စီးတီးအသင်းအနေဖြင့် CAS ထံ အယူခံဝင်မှု ရှုံးနိမ့်ပါက ဆွစ်ဇာလန်နိုင်ငံရှိ အရပ်ဘက်တရားရုံးဖြစ်သည့် တရားရုံးချုပ်ထံ အယူခံထပ်ဝင်ခွင့်ရှိကြောင်း သိရသည်။ အကယ်၍ အယူခံရှုံးနိမ့်ပါက ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့် ၅ နေရာ ရပ်တည်နိုင်သည့်အသင်းက ချန်ပီယံလိဂ်ဝင် ခွင့်ရရှိမည်ဖြစ်သည်။ 

မန်စီးတီးအသင်းသည် ယူရိုသန်း ၃၀ ဒဏ်ကြေးဆောင်ရမည့်အပြင် ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့် နှစ်ရာသီပိတ်ပင်ခံရပါက ဆုကြေး၊ ရုပ်သံထုတ်လွှင့်ခွင့်၊ ကွင်း ဝင်ကြေး၊ စပွန်ဆာစာချုပ် စသည့် ကအသီးသီးမှ ဝင်ငွေရရှိမှု လျော့ကျသွားမည်ဖြစ်ပြီး ယူရိုသန်း ၂၀၀ (ပေါင်သန်း ၁၇၀) ခန့် ဆုံးရှုံး နစ်နာနိုင်ကြောင်း ဗြိတိန်သတင်းဌာနများက ခန့်မှန်းဖော်ပြလျက်ရှိသည်။ 

သို့ဖြစ်ရာ နည်းပြ ဂွါဒီယိုလာအပါအဝင် အဓိက ကစားသမားများ၏ မြင့်မားသည့် လစာနှုန်းထားပေးချေမှု အပေါ် သက်ရောက်မှုရှိလာနိုင်သလို ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်မရသဖြင့် အသင်း၌ ဆက်ထိန်းထားရန် အခက်အခဲများရင်ဆိုင်ရနိုင် ကြောင်း သိရသည်။ ဂွါဒီယိုလာ၏စာချုပ်မှာ ၂၀၂၁ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ယခု ရာသီကုန်မှာပင် လမ်းခွဲနိုင်သည့်အချက်ပါဝင် သောကြောင့် မန်စီးတီးအသင်းတာဝန်ရှိသူ များ အခက်တွေ့ဖွယ်ရှိနေသည်။ 

လာမည့် ရာသီ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်မရပါက ယခု ရာသီကုန်မှာပင် ဂွါဒီယိုလာနှင့် လမ်းခွဲရ နိုင်ကြောင်း The Telegraph သတင်းစာက ရေးသားဖော်ပြခဲ့ပြီး Ladbrokes လောင်းကစားကုမ္ပဏီကလည်း လာမည့်ရာသီမစ တင်မီ ဂွါဒီယိုလာ ထွက်ခွာသွားနိုင်သည့် အလေးပေးမှုကို ၁/၂ အထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းနေရာ အစားထိုးဝင်ရောက်လာနိုင်သည့် နည်းပြများစာရင်းလည်း ထွက်ပေါ်လာပြီး စပါးအသင်းနည်းပြဟောင်း ပိုချက်တီနိုက အလေးပေးမှု ၅/၂ ဖြင့် ရေပန်း အစားဆုံးဖြစ်နေသလို လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ၉/၂၊ လိုက်ပ်ဇစ် အသင်းနည်းပြ နာဂယ်စ်မန်းက ၇/၁ ဖြင့် ရပ်တည်လျက်ရှိသည်။ ထို့ပြင် ဂွါဒီယိုလာ ကိုင်တွယ်နိုင်သည့်အသင်းမှာ ဂျူဗင်တပ်စ်၊ PSG နှင့် အသင်းဟောင်း ဘိုင်ယန်မြူးနစ်တို့ ဖြစ်နိုင်ကြောင်း သတင်းထွက်ပေါ်နေသည်။

 

 

Most Read

Most Recent