လာလီဂါပွဲစဉ် (၂၄) ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ် (၂၄) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 16 February 2020

ဆီဗီလာ - အက်စ်ပန်ညို (တနင်္ဂနွေညနေ ၅:၃၀ နာရီ)

ပြိုင်ပွဲစုံ (၃)ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ ဆီဗီလာအသင်း အခုအိမ်ကွင်းပွဲမှာတော့ နိုင်ပွဲပြန်ရရေး ပိုမိုအားထုတ်လာနိုင်တယ်။ အစဉ်အလာတွေအရလည်း အက်စ်ပန်ညိုနဲ့ရင်ဆိုင်ထားတဲ့ နောက်ဆုံး (၄)ပွဲစလုံး ဆီဗီလာအနိုင်ရထားတာတွေ့ရတယ်။ ဒါပေမဲ့ အက်စ်ပန်ညိုကလည်း လက်ရှိမှာ တန်းမဆင်းရရေးအတွက် အစွမ်းကုန်ရုန်းကန်နေရချိန်ဖြစ်လို့ သတိတော့ထားရလိမ့်မယ်။ အိမ်ကွင်းဖြစ်နေတာ၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုပြင်းထန်နေတာ၊ အက်စ်ပန်ညို အဝေးကွင်းရှုံးပွဲဆက် နေတာတွေအရတော့ ဆီဗီလာနဲ့ ဂိုးအများကိုပဲ ရွေးထားရမယ်။

 

လီဟာနက်စ် - ဘက်တစ် (တနင်္ဂနွေည ၇:၃၀ နာရီ)

လီဟာနက်စ် အခုနောက်ပိုင်း အိမ်ကွင်းအားနဲ့အမှတ်ရအောင်ယူလာနိုင်တာ တွေ့ရတယ်။ ဘက်တစ်နဲ့ အိမ်ကွင်းမှာ နောက်ဆုံးတွေ့ထားတဲ့ (၂)ကြိမ်မှာလည်း လီဟာနက်စ်ပဲ အ နိုင်ရထားတဲ့အပြင် ဒီရာသီဘက်တစ်ရဲ့ အဝေးကွင်းခြေစွမ်းကလည်း အားရစရာမရှိလို့ လီဟာနက်စ်နဲ့ ဂိုးအများပဲကြိုက်တယ်။



ဘီလ်ဘာအို - အိုဆာဆူနာ (တနင်္ဂနွေည ၁၂:၀၀ နာရီ)

ဘီလ်ဘာအို ကြားရက်မှာ စပိန်ဘုရင့်ဖလားနွှဲထားရပေ မယ့် အခုအိမ်ကွင်းပွဲမှာတော့ ပုံစံကောင်းရအောင် ဆက်ကစား ဦးမှာသေချာတယ်။ ဒီရာသီ အိုဆာဆူနာရဲ့ အဝေးကွင်းရလဒ်နဲ့ စွမ်းဆောင်ရည်က အားရစရာမရှိလှတဲ့အပြင် နောက်ဆုံး (၃)ပွဲမှာ (၁၀)ဂိုးအထိပေးထားရတဲ့ ခံစစ်ကစားပုံကလည်း ဘီလ် ဘာအိုရဲ့ အိမ်ကွင်းတိုက်စစ်ကို တောင့်ခံနိုင်မယ့်ပုံမရှိပါဘူး။ ဘီလ်ဘာအိုနဲ့ ဂိုးအများပဲ ကောင်းမယ်။



ရီးယဲလ်မက်ဒရစ် - ဆယ်လ်တာဗီဂို (တနင်္လာနံနက် ၂:၃၀ နာရီ)

ရီးယဲလ်မက်ဒရစ်ကတော့ အရှေ့ကနေ လွတ်လွတ်လပ်လပ်ကို ပြေးနေပါပြီ။ အသင်းကစားပုံကလည်း ယုံကြည်မှုအား ကောင်းနေပုံပေါ်နေသလို ခံစစ်၊ တိုက်စစ်ကလည်း ဟန်ချက်ပို မိလာနေတယ်။ ဒါကြောင့် ချန်ပီယံလိဂ်ပွဲတွေပြန်မဝင်မီမှာ လက်ရှိအရှိန်ကို လျှော့ချဖို့မရှိနိုင်သေးဘူး။ အခုရင်ဆိုင်ရမယ့် ဆယ်လ်တာဗီဂိုကလည်း ဇယားအောက်ပိုင်းကအသင်းမျိုး ဖြစ်နေတဲ့အပြင် အစဉ်အလာနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း အသာရထားတဲ့ ရီးယဲလ်အတွက် စိုးရိမ်စရာသိပ်မရှိလှပါဘူး။ ဒါပေမဲ့ ဆယ်လ်တာဗီဂိုရဲ့ ၂၀၂၀ ခုနှစ်အတွင်း လာလီဂါမှာတစ်ပွဲသာရှုံးထားသေးတဲ့ ရုန်းအားကိုတော့ အနည်းငယ်သတိထားဖို့တော့လိုလိမ့်မယ်။ အထူးသဖြင့် အဝေးကွင်းမှာ ခံစစ်ဦးစားပေးပြီး အမှတ်ရအောင်ကြိုးစားလာတဲ့ ဆယ်လ်တာဗီဂိုရဲ့ကစားပုံကြောင့် ရီးယဲလ် ဂိုးရဖို့တော့ သေချာအားထုတ်ရလိမ့်မယ်ထင်တယ်။ ဒါပေမဲ့ ဘာနေဗျူးလည်းဖြစ်နေသလို၊ ဇယားထိပ်ဆုံးမှာ ဆက်ရှိဖို့ကြိုးစားမယ့် ရီးယဲလ်နဲ့ ဂိုးအများကိုပဲရွေးထားရမယ်။

 

Most Read

Most Recent