မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဦးပိန်တံတားပေါ်တွင် အမေစု အလိမ်ခံထိနေပြီ စာတန်းပါ စာရွက်များတွေ့ရှိမှုနှင့် ပတ်သက်ပြီး ပြုလုပ်သူအား ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိကြောင်း မြို့မရဲစခန်း (အမရပူရ) မှ ဇန်နဝါရီ ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲက သတင်း ရရှိသည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၉ ရက် မွန်းတည့် ၁၂ နာရီက အသက် ၄၃ နှစ်အရွယ်အမျိုးသား၊ ကျည်တောက်ပေါက်ကျေးရွာနေ သူသည် အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက် ဦးပိန်တံတားသို့အလည်အပတ်ရောက် ရှိစဉ် ဦးပိန်တံတားအလယ်ဇရပ်တွင် စာရွက် များ စုပုံထားရှိသည်ကို တွေ့ရှိသောကြောင့် ဖြန့်ကြည့်ရာ အမေစုအလိမ်ခံထိနေပြီ စာ တန်းပါစာရွက်များဖြစ်နေကြောင်း တွေ့ရှိရ သောကြောင့် ၎င်းက Facebook ပေါ်သို့တင်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး ဒုရဲမှူး သိန်းဇော်ထွန်း(မြို့မရဲစခန်းမှူး၊ အမရပူရ) နှင့် အဖွဲ့သည် ဦးညွန့်ဝေ (ဆင်စွယ်ပွတ်ရပ် ကွက်တာဝန်ရှိသူ)အဖွဲ့နှင့်အတူ သွားရောက် အတည်ပြုစုံစမ်းဆောင်ရွက်ခဲ့ကြရာ ဦးပိန် တံတားအလယ်ဇရပ်တွင် ၎င်းင်းစာရွက်များစု ပုံထားသည်ကို မတွေ့ရှိကြောင်း၊ ဆက်လက် ရှာဖွေဆောင်ရွက်ခဲ့ရာ တံတားတိုင်အမှတ် (၁၀၈)တိုင်ခေါင်းအတွင်းမှ အမေစုအလိမ် ခံထိနေပြီစာတန်းပါ စာရွက် ၅၀ အား တွေ့ရှိ ခဲ့ကြောင်း၊ ဆက်လက်ရှာဖွေရာ တံတားတိုင် အမှတ်(၆၈)ရှိ အစိမ်းရောင်အမှိုက်ပုံးအ တွင်းမှ အမေစုအလိမ်ခံထိနေပြီ စာတန်းပါ စာရွက် ၈၀ အား ထပ်မံတွေ့ရှိခဲ့သောကြောင့် သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဦးပိန်တံတားပေါ်မှ သိမ်းဆည်းရမိ သော အမေစုအလိမ်ခံထိနေပြီ စာတန်းပါ စာရွက် ၁၃၀ သိမ်းဆည်းရမိမှုနှင့် ပတ်သက်ပြီး မည်သူပြုလုပ်ထားရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိနိုင်ရန်အတွက် စားသောက်ဆိုင်တစ်ဆိုင်ရှိ CCTV မှတ်တမ်း၊ အခြားဆိုင်များရှိ CCTV မှတ်တမ်းများတွင်လည်းကောင်း၊ လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးကာ ဆက်လက်စုံစမ်းရှာဖွေလျက်ရှိ ကြောင်း သတင်းရရှိသည်။










