နိုင်ဂျီးရီးယားနိုင်ငံမြို့တော် လာဂိုးစ် ဆိပ်ကမ်းဝင်ပေါက် လာဂွန်းရေပြင်မှာ ငါးဖမ်းလှေကလေးတွေ ဖွေးဖွေးလှုပ်နေလေ့ ရှိပါတယ်။ ဒါပေမဲ့ ယခုအခါမှာတော့ လာဂိုးစ်မြို့ရဲ့ ရေပြင်မှာရှိနေတဲ့ ငါးဖမ်းလုပ်ငန်းတွေ နေထိုင်ရာ ဆင်းရဲသားရပ်ကွက်ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပဲ အစိုးရအာဏာပိုင်တွေက ဖယ်ရှားလိုက်တာကြောင့် ထောင်ပေါင်းများစွာသော ဆင်းရဲသားတွေက နေရပ်က နေစွန့်ခွာခဲ့ကြရပါတယ်။ တစ်ချိန်တုန်းကတော့ အသက်ဝင်လှုပ်ရှားနေတဲ့ ငါးဖမ်းလုပ်သားတွေ နေထိုင်ရာ ဒေသဟာ ခုတော့ လူသံတွေ ဆိတ်ငြိမ်သွားခဲ့ပြီဖြစ်ပါတယ်။ လာဂိုးစ်ရှိ ပင်လယ်ကမ်းခြေတွေကို ဒေါ်လာ ဘီလျံနဲ့ချီပြီး ချမ်းသာကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက မျက်စိကျလာတာကြောင့် ဆင်းရဲသားတွေဟာ နေရပ်ကို စွန့်ခွာပေးခဲ့ ကြရတာဖြစ်ပါတယ်။
ရေနံစိမ်းထုတ်လုပ်မှုနဲ့ ကြွယ်ဝချမ်းသာလာတဲ့ နိုင်ဂျီးရီးယားနိုင်ငံဟာ အိုပက်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နိုင်ဂျီးရီးယား စစ်တပ်က ငါးဖမ်းလုပ်သားတွေ နေထိုင်တဲ့ အရပ်ဒေသကို ဖယ်ရှားပစ်ရတာနဲ့ ပတ်သက် ပြီး ပေးတဲ့ဆင်ခြေကတော့ ငါးဖမ်းလုပ်သားတွေနေထိုင်တဲ့ ကျူးကျော်ရပ်ကွက်ဟာ တရားမဝင် ရေနံတွေခိုးယူပြီး ရောင်းဝယ်မှုတွေ ပြုလုပ်နေကြတယ်။ ဒါပေမဲ့ ဒေသခံတွေ နဲ့ တက်ကြွ လှုပ်ရှားသူတွေကတော့ လူဦးရေ ပေါက်ကွဲနေတဲ့ လာဂိုးစ်မြို့မှာ အဆောက် အအုံသစ်တွေ ဆောက်လုပ်ဖို့နေရာ ဆက်ခဲလာပါတယ်။ ငွေကြေးချမ်းသာသူတွေ အနေ နဲ့ အဖိုးတန်အဆောက်အအုံ ဆောက်လုပ်ဖို့ မြေနေရာရှားပါးမှုကြောင့် ပင်လယ်ကမ်းခြေ အနီးမှာရှိတဲ့ ငါးဖမ်းလုပ်သားတွေ နေထိုင်ရာ ဆင်းရဲသားရပ်ကွက် ဖယ်ရှားပြီး သူတို့အတွက် အိုးအိမ်သစ်တွေ ဆောက်လုပ်ဖို့အတွက် ဖယ်ရှားပစ်တာဖြစ်ကြောင်း ကန့်ကွက်ခဲ့ကြ ပါတယ်။
မြွေကျွန်းလို့ခေါ်ဆိုတဲ့ ပင်လယ်ပြင်ထဲ ရှိ ကျွန်းလေးဟာလည်း လူသူမရှိတော့ပါဘူး။ ဒါ့အပြင် ငါးဖမ်းလုပ်ငန်းတွေ လုပ်နေတဲ့ တာဂဝါပင်လယ်ကွေ့မှာလည်း ကျေးရွာမရှိ တော့ဘဲ လူသူခြောက်ကပ်နေပါပြီ။ ဒေသခံ တွေဟာ အုန်းပင်အောက်မှာ ထိုင်ရင်း ရေပြင်ကိုပဲ ငေးကြည့်နေရပါတယ်။ တည်ဆောက် ရေးလုပ်ငန်းလုပ်ဖို့ မြေထိုးစက် ယန္တရားကြီး တွေ၊ အုတ်ခဲတွေ အသင့်ရောက်ရှိနေကြပါ ပြီ။ ဆောက်လုပ်ရေးလုပ်ငန်းကတော့ စတင်မယ့် အနေအထားရောက်နေပါပြီ။ ဒေသခံ တွေအနေနဲ့ကတော့ နေထိုင်ဖို့ အိမ်မရှိတာကြောင့် သဲသောင်ပြင်မှာပဲ အိပ်စက်နေကြ ရပါတယ်။
ဒေသခံတစ်ဦးဟာ ဖျာပေါ်မှာထိုင်ရင်း ဘဝရပ်တည်ရေးအတွက် ဘယ်ကစပြီး လုပ် ရမလဲဆိုတာ မသိတော့ပါဘူးလို့ ငြီးငြူလိုက် ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကပဲ ရေပြင်လျှောစီးဖို့ လာရောက်လည်ပတ်ခဲ့ကြပါတယ်။ တနင်္ဂနွေနေ့ အားလပ်ရက်မှာ ကမ်း ခြေအပန်းဖြေခရီးလာသူတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ ရေတပ်သင်္ဘော ရောက်လာပြီး ကာဂဝါပင်လယ်အော်အနီးရှိ ကမ်းခြေမှာ နေထိုင်ကြတဲ့ ပြည်သူတွေကို ကိုယ့်အထုပ်ကိုယ်ပြင်ပြီး နေရပ်ကို စွန့်ခွာ သွားကြဖို့ အမိန့်ပေးလိုက်ပါတယ်။ ရေတပ်သားတွေနဲ့ ဒေသခံတွေရဲ့ မြင်ကွင်းကို ကြည့်ရတာဟာ စစ်ပွဲရုပ်ရှင်ကားတွေ ကြည့်ရသလို မျိုးပါပဲ။ ဒေသခံတွေဟာ သူတို့ပိုင် အိုးခွက် ပန်းကန်တွေနဲ့ အဝတ်အစားတွေကို ယူ ဆောင်ပြီး ထွက်ခွာခဲ့ကြရပါတယ်။
ထောင်ပေါင်းများစွာသော ဒေသခံတွေဟာ သူတို့နေထိုင်ရာ အရပ်ကနေ နှင်ထုတ်ခံရပေမဲ့ သူတို့ နေထိုင်ရာ နေရာအစား ပြန်မရကြပါဘူး။ သူတို့တတွေဟာ ကောင်းရောင်း ကောင်းဝယ် မလုပ်ကြတဲ့ပြင် လာဂိုးစ်မြို့ရှိ အိုင်လာရှီကမ်းခြေနဲ့ ကာဝဂါပင်လယ်အော်ထိ ချိတ်ဆက်ထားတဲ့ ရေနံပိုက်လိုင်းကနေ ရေနံတွေ ခိုးယူမှုပြုလုပ်နေကြတယ်လို့ စွပ်စွဲ ခြင်းခံခဲ့ကြရပါတယ်။ တကယ်ကမ်းကျတော့ ငါးဖမ်းလုပ်ငန်းကို လုပ်ဆောင်နေကြသူတွေ ရှိသလို မြေအောက်ရှိ ရေနံပိုက်လိုင်းကို တူး ဖော်ပြီး ရေနံခိုးယူနေတဲ့ သူခိုးတွေရှိနေတာ လည်း အမှန်ပါပဲ။ ရေနံသူခိုးတွေ လုပ်ရပ်ကြောင့် မြေပြင်မှာတွင်းတွေ ဖြစ်နေသလို တချို့နေရာတွေမှာ ရေနံပြင်တွေဟာလည်း တုံးတိတိဖြစ်နေကြပါတယ်။ ဒါ့အပြင် ရေပြင်မှာလည်း ရေနံတွေ ယိုဖိတ်နေတဲ့အတွက် ရေနံတွေနဲ့ ညစ်ပတ်ပေရည်နေပါတယ်။
ရေနံသူခိုးတွေဟာ ရေတပ်စခန်းနဲ့ သိပ်မဝေးတဲ့ နေရာမှာတောင် လက်ရဲဇက်ရဲ နဲ့ လှုပ်ရှားနေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီရေနံသူခိုးတွေဟာ အဖွဲ့ အစည်းပုံသဏ္ဍာန်နဲ့ လုပ်နေကြတာဖြစ်ကြောင်း၊ သူတို့ဟာ ရာဇဝတ်မှု ကျူးလွန်နေကြသူများဖြစ်ကြောင်းနဲ့ နိုင်ဂျီးရီးယားနိုင်ငံ ရဲ့ စီးပွားရေးကျဆင်းအောင် လုပ်ဆောင်နေ ကြသူများသာဖြစ်ကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး အိုလာဒီလီဒါဂျီက သတင်းထောက်တွေ ကို ပြောကြားခဲ့ပါတယ်။ ရေတပ်ဗိုလ်ချုပ်ကြီးဟာ သူတို့ရဲ့ မြေပြင်ရှင်းလင်းဖယ်ရှားရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရာမှာ တရားမျှတစွာနဲ့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သက်သေထူဖို့အတွက် သူတို့အဖွဲ့နဲ့အတူ သတင်း ထောက်တွေကိုပါ တစ်ပါတည်း ခေါ်ဆောင်ခဲ့ကြပါတယ်။
အရင်တုန်းက ယခုလို ရှင်းလင်းရေး လုပ်ငန်းစဉ်ကို ဘာကြောင့် အစိုးရက မလုပ်ခဲ့သလဲဆိုတဲ့ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ရေတပ်ဗိုလ်ချုပ်ကြီး အိုလာဒီလီ ဘာမှ ပြန်မဖြေခဲ့ပါဘူး။ ရေနံခိုးယူမှုလုပ်ငန်းတွေမှာ ဒေသခံပြည်သူ ထောင်ချီပြီးပါနေ သလားဆိုတဲ့ မေးခွန်းကိုလည်း ရေတပ်ဗိုလ်ချုပ်ကြီး အိုလာဒီလီက ဘာမှပြန်မပြောခဲ့ပါဘူး။
“ခုလို ဒေသခံတွေ ဖယ်ရှားရတာက သူတို့ရဲ့ လုံခြုံတွေရေးအတွက်ပဲ ဖြစ်ပါတယ်။ ရေနံပိုက်လိုင်းက အချိန်မရွေး ပေါက်ကွဲနိုင် ပါတယ်။ ပြီးတော့ဒီမှာ နေထိုင်ကြတဲ့ ဒေသခံ တွေဟာ တရားမဝင် လာရောက်နေထိုင်ကြ တာဖြစ်ပါတယ်” လို့ ရေတပ်ဗိုလ်ချုပ်ကြီး အိုလာဒီလီက ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် နိုင်ဂျီးရီးယားအစိုးရအနေနဲ့ နိုင်ငံရဲ့ အကျိုးစီးပွားအတွက် လယ်ယာမြေတွေကို သိမ်းပိုက်တာ ဟာ ဥပဒေနဲ့ညီညွတ်ကြောင်း ၎င်းက ရှင်းပြ ခဲ့ပါတယ်။
အညိုရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့ မြေနေရာတွေထဲမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေရဲ့ မြေတွေ ဘိုးဘွားပိုင်မြေတွေ၊ တပ်ပိုင်မြေတွေ ပါဝင်နေပါတယ်။ မြေပိုင်ဆိုင်ခွင့် ဖြစ်ပွားနေတာ ဆယ်စုနှစ်များစွာ ကြာမြင့် ခဲ့ပါတယ်။ နိုင်ဂျီးရီးယားအစိုးရက သာမန် ပြည်သူတွေ ပိုင်ဆိုင်တဲ့ မြေနေရာတွေကိုတော့ အစိုးရပိုင်အဖြစ် သိမ်းယူဖို့ ဝန်မလေးပါဘူး။ အထူးသဖြင့် ကမ်းခြေနဲ့နီးစပ်တဲ့ အရပ်တွေကို သိမ်းယူမှုတွေ ပြုလုပ်နေကြပါတယ်။ ပြည်သူတွေကတော့ အစိုးရက သိမ်းယူလိုက် တဲ့ မြေနေရာတွေဟာ ငွေရှင်ကြေးရှင်တွေ အတွက် အမြတ်ရမယ့် စီမံကိန်းတွေ လုပ် ဆောင်ဖို့ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံ ကျူးကျော်နေထိုင်သူ များဘက်မှ အကာအကွယ်ပေးရေးအဖွဲ့မှ မီဂန်ချက်ပ်မင်းက “ကမ်းခြေအရပ်တွေဟာ အိမ်ခြံမြေလုပ်ငန်းရှင်ကြီးတွေအတွက် အကျိုးဖြစ်စေမဲ့နေရာတွေ ဖြစ်ပါတယ်” လို့ သုံးသပ်ခဲ့ပါတယ်။ ဆင်းရဲသားပြည်သူတွေ နေထိုင်နေစဉ် ကာလမှာ လမ်းမရှိ၊ လျှပ်စစ် မီးမရှိကြောင်း၊ ဘာတစ်ခုမှ ဖွံ့ဖြိုးတိုးတက်မှု မရှိကြောင်း ပြောကြားခဲ့ပါတယ်။ ကမ်းခြေ များမှာ နေထိုင်သူဟာ ငါးဖမ်းလုပ်သားတွေ ဖြစ်ကြတဲ့အတွက် သူတို့ရဲ့ လူနေမှုဘဝကို အစိုးရက ဂရုမစိုက်ဘဲ ပစ်ထားကြောင်း ၎င်းက ဝေဖန်ခဲ့ပါတယ်။
ယခုကတော့ ကမ်းခြေရှိ ဆင်းရဲသားတွေ နေထိုင်ရာအရပ်ကို ဖယ်ရှားလိုက်ပြီဖြစ်တာကြောင့် ငွေကြေးချမ်းသာသူတွေက ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တော့မှာဖြစ် ပါတယ်။ လာဂိုးစ်မြို့ မြို့ပြတည်ဆောက်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကာဝဂါ ပင်လယ်အော်ဟာ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်အပန်းဖြေဒေသကြီး တစ်ခုအဖြစ် တည်ဆောက်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါ တယ်။ ဒါ့အပြင် အဲဒီဒေသဟာ စီးပွားရေး မြို့တော်၊ ကြေးရတတ်တွေ နေထိုင်တဲ့ မြို့ တော်တစ်ခုအဖြစ် ဖန်တီးဖို့လည်း ပြင်ဆင် ထားပါတယ်။
လတ်တလောမှာတော့ ကမ်းခြေဟာ ဟင်းလင်းပြင်ဖြစ်နေပါပြီ။ ကမ်းခြေမှာတော့ နေစရာအိမ်လေးတစ်လုံးလောက် တည် ဆောက်မယ်လို့ စိတ်ကူးယဉ်ခဲ့တဲ့ မိုဟာမက်ဇန်နာကတော့ နေစရာအိမ်ဖြိုဖျက်ခြင်း ခံခဲ့ရပါပြီ။ ရာဇဝတ်မှုကျူးလွန်သူတွေကို အစိုးရက ရှာဖွေဖမ်းပေးဖို့လိုကြောင်း၊ ယခုတော့ မိမိတို့လို ရိုးရိုးသားသား ရှာဖွေစားသောက် နေသူများ၏ ဘဝဖျက်ဆီးခံရပြီဖြစ်ကြောင်း၊ မိမိတို့ ကလေးငယ်များ၏ ဘဝရှေ့ရေးမှာ များစွာ ခက်ခဲနေပြီဖြစ်တာကို အစိုးရထံ အသိပေးမှာဖြစ်ကြောင်း မျှော်လင့်ခြင်းကြီး စွာနဲ့ ပြောကြားနေပါတယ်။ ဒါပေမဲ့ သူမသိတာကတော့ အစိုးရကိုယ်တိုင်က သူတို့ အသိုက်အမြုံကို ဖျက်ဆီးခဲ့တာကို သူမသိရှာ သေးပါဘူး။










