မြန်မာ့စီးပွားရေးတိုးတက်မှုတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ (MSMEs) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသည့်အ တွက် ချေးငွေအာမခံလုပ်ငန်းများတွင် ချေး ငွေအာမခံအဖွဲ့အစည်းတည်ထောင်ရန် စီ စဉ်ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနနှင့် ထိုင်းနိုင်ငံဗဟိုဘဏ်တို့ ပူးတွဲကျင်း ပသည့် ချေးငွေအာမခံအဖွဲ့အစည်းထူထောင် နိုင်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အ လတ်စားစီးပွားရေးလုပ်ငန်းများသို့ ငွေကြေး ပံ့ပိုးပေးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) အတွက် အစိုးရ၏မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ ချေးငွေဝန်ဆောင်မှုပေးရေးနှင့် ထိုင်းနိုင်ငံ ချေးငွေဝန်ဆောင်မှုအဖွဲ့အစည်း၏ စိုက်ပျိုး ရေးလုပ်ငန်းများအတွက် SMEsဆိုင်ရာ ငွေ ကြေးမူဝါဒများ၊ ချေးငွေဆိုင်ရာလုပ်ထုံးလုပ် နည်းများဖြစ်သည့် ချေးငွေချထားခြင်း၊ ကြွေးမြီကောက်ခံခြင်း၊ ရင်းနှီးမြှုပ်နှံမှုလေ့လာ စောင့်ကြည့်ခြင်းနှင့် ချေးငွေဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲ မှုများအားသိရှိနိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းအသေးစား နှင့် အလတ်စားလုပ်ငန်းကဏ္ဍ မြှင့်တင်နိုင် ရန် ဆောင်ရွက်နေသော်လည်း ၎င်းင်းတို့အတွက် ငွေကြေးရရှိနိုင်မှုခက်ခဲကြောင်း၊ သို့ဖြစ်ရာ အသေးစား၊ အလတ်စားလုပ်ငန်းကဏ္ဍအ တွက် ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင် မှသာ မြန်မာ့စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ဆိုသည်။
နိုင်ငံတော်အစိုးရသည် “ရေရှည်တည် တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် မှုစီမံကိန်း (MSDP) ” ၂၀၁၈-၂၀၃၀ အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ပြီး MSDP ၏ပန်းတိုင် (၃)၊ မဟာဗျူဟာ (၂) တွင် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းမှတစ် ဆင့် စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း များတွင် အလုပ်အကိုင်ဖန်တီးရေးကို အ ထောက်အကူပြုရန်ဖြစ်ကြောင်း သိရသည်။
မြန်မာ့စီးပွားရေးတိုးတက်မှုတွင် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည်ကို သိရှိသည့်အားလျော်စွာ ချေးငွေ အာမခံလုပ်ငန်းများအတွက် ချေးငွေအာမခံ အဖွဲ့အစည်းတည်ထောင်ရန် အစိုးရက စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ Credit Guarantee Corporation (CGC) တည်ထောင်ရ ခြင်း၏ရည်ရွယ်ချက်မှာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းအပါအဝင် SMEs လုပ်ငန်းများ တည်ထောင်နိုင်ရန် အတွက် ချေးငွေအာမခံဝန်ဆောင်မှုဖြင့် အ ထောက်အကူပြုနိုင်ရန်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများအကြား တွေ့ကြုံလာနိုင် သည့် ကြွေးမြီဆုံးရှုံးနိုင်မှုများကို မျှဝေနိုင်ရန် အတွက်ရည်ရွယ်ကြောင်း ပြည်ထောင်စုဝန် ကြီး ဦးစိုးဝင်းက အဆိုပါအလုပ်ရုံဆွေးနွေးပွဲ တွင် ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနမှ သိရသည်။










