သာမန်နည်းပညာကုမ္ပဏီမှသည် ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေးလုပ်ငန်းကြီး ဖြစ်လာတဲ့ Huawei

သာမန်နည်းပညာကုမ္ပဏီမှသည် ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေးလုပ်ငန်းကြီး ဖြစ်လာတဲ့ Huawei
တရုတ်နိုင်ငံ ရှန်ကျန်းမြို့ရှိ Huawei Gobal Flagship Store ကို တွေ့ရစဉ်
တရုတ်နိုင်ငံ ရှန်ကျန်းမြို့ရှိ Huawei Gobal Flagship Store ကို တွေ့ရစဉ်
Published 12 January 2020
ဝေဝေထွန်း

စမတ်ဖုန်းထဲမှာ Huawei တံဆိပ်ဆိုတာနဲ့ ကျွန်မတို့နိုင်ငံမှာ လူတန်းစားအကုန် သိကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံမှာ ၁၅၀၀ တန် ဆင်းမ်ကတ်တွေကို Huawei ဖုန်းနဲ့ သုံးခဲ့တဲ့သူတွေ အများကြီးရှိခဲ့လို့ပါ။

အဲဒီလိုသုံးခဲ့ကြပေမယ့် Huawei ဆိုတာ တရုတ်နိုင်ငံထုတ်ဆိုတာလောက်ပဲ လူအများစုက သိကြပါတယ်။ Huawei စတင်ခဲ့ ပုံတွေနဲ့ ဖုန်းအပြင် ဘယ်လိုအိုင်တီပစ္စည်းတွေ ထုတ်တယ်ဆိုတာကို မြန်မာပြည်က ပြည်သူတွေ သိပ်မသိကြဘူးထင်ပါတယ်။

လက်ရှိ မြန်မာပြည်မှာလူတွေ အများဆုံးသုံးကြတာက Huawei ဖုန်းတွေပါ။ ဒီက လူတော်တော်များများ သိကြတာကလည်း Huawei ဆို ဖုန်းပဲသိကြတာပါ။ Huawei ဆိုတဲ့ နာမည်နဲ့ အိုင်တီပစ္စည်းတွေ အခြား ဘာတွေထုတ်သေးလဲ။ Huawei ဆိုတဲ့အဝန်းအဝိုင်းမှာ လုပ်သားအင်အား ဘယ်လောက်နဲ့ ဘယ်လိုအိုင်တီပစ္စည်းမျိုးတွေ ထုတ်နေတယ်ဆိုတာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာကုန်ခါနီးမှာ လက်တွေ့လေ့လာခွင့်ရလို့ သိခဲ့ရပါတယ်။

သိခဲ့ရတာက Huawei ဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ခန့် ၁၉၈၇ ခုနှစ်က တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ ဒေါ်လာ ၃၅၀၀ နဲ့ လုပ်ငန်းစတင် တည်ထောင်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ ထူးချွန်တဲ့ဝန်ထမ်းပေါင်း ၁၉၄,၀၀၀ ခန့်အပ်ထားပြီး လုပ်ငန်းလည်ပတ်နေကာ အဲဒီထဲက ဝန်ထမ်းရှစ်သောင်းဟာ အင်ဂျင်နီယာတွေ ဖြစ်တယ်လို့ သိရတယ်။

Huawei မှာ တရုတ်လူမျိုးတွေသာမက နိုင်ငံတကာက ထူးချွန်တဲ့ဝန်ထမ်းများ ခန့်ထားလုပ်ကိုင်စေပြီး သူတို့ထုတ်လုပ်တဲ့ပစ္စည်း အများအပြားကိုနိုင်ငံပေါင်း ၁၇၀ ကျော်လောက်မှာ ရောင်းချနေတာကိုလည်း သိခဲ့ရပါတယ်။

သုတေသနနဲ့ ဖွံ့ဖြိုးရေးစင်တာ ၁၄ ခုကို ကမ္ဘာနေရာအနှံ့မှာထားရှိပြီး သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို အမြဲဖြည့်ဆည်းပေးဖို့ သူတို့ရဲ့ ဝန်ထမ်းတွေက အမြဲအသင့်ဖြစ်နေကြပါတယ်။ နှစ်စဉ် အမြတ်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းကို (Research & Development) အတွက် ပြန်လည်ရင်းနှီးမြှုပ်နှံလေ့ရှိတဲ့ Huawei ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ကမ္ဘာ့ထိပ်တန်းအဆင့် နံပါတ် (၅) နေရာကို ရောက်ရှိနေတာကလည်း အသက် ၃၀ ကျော်အရွယ် Huawei အတွက် ဝမ်းမြောက်စရာတစ်ခုပါ။

ဥရောပနိုင်ငံတွေမှာ ထင်ရှားတဲ့ အဆောက်အအုံပုံစံများကို နိုင်ငံတကာက ဗိသုကာပညာရှင်တွေ ၀ိုင်းဝန်းပုံဖော်ထားတဲ့ ရှန်ကျန်းမြို့က ဧက ၃၀၀ အကျယ်အဝန်းရှိ Huawei ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးစင်တာဟာဆိုရင် ဥရောပမြို့တော်လို့တောင် တင်စား ခေါ်ဝေါ်နေကြပါတယ်။ အဲဒီစင်တာကြီးမှာ ဝန်ထမ်းပေါင်း ၂၁၀၀၀ ကျော် လက်ရှိလုပ်ကိုင်နေပြီး Oxford တက္ကသိုလ်ပုံစံတူ အဆောက်အအုံနဲ့ Huawei Traning Center ကြီးကိုပါ ဆက်လက်တည်ဆောက်နေတယ်လို ့သိရပါတယ်။

Huawei ဟာ 5G ကွန်ရက် ဖြန့်ကြက်ဖို့အတွက် နိုင်ငံပေါင်း ၆၀ ကျော်နဲ့ စာချုပ်ချုပ် ဆိုထားပြီး လက်ရှိအချိန်မှာလည်း မြန်နှုန်းမြင့် 5G ဖြန့်ကြက်မှုကို ဦးဆောင်နေပြီလည်း ဖြစ်ပါတယ်။ 5G ကွန်ရက်နဲ့ ပတ်သက်လို့ ၂၀၀၉ ခုနှစ်မှာ စတင်အကောင်အထည် ဖော်ခဲ့တာဖြစ်လို့ ယနေ့အချိန်မှာ 5G ကွန်ရက်ကို ဦးဆောင်နေတဲ့ နည်းပညာလုပ်ငန်းကြီးအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

Huawei ဟာ Networking လုပ်ငန်းတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်းတွေနဲ့ နည်းပညာလောကထဲကို စတင်ဝင်ရောက်လာရာကနေ ယနေ့အချိန်မှာတော့  ထိပ်တန်း စမတ်ဖုန်းတွေ၊ အခြားလျှပ်စစ်ပစ္စည်းတွေအပြင် AI (Artificial Intelligence) ဉာဏ်ရည်တုနဲ့  VR (Virtual Reality) တွေပါဝင်တဲ့ လူ့အသုံးအဆောင်ပစ္စည်းများကို ရောင်းချနေတဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။

ဖုန်းလည်းပြော၊ သီချင်းလည်း နားထောင်လို့ရတဲ့ မျက်မှန်ကိုနာမည်ကြီး Gentle Monster ကုမ္ပဏီနဲ့ပေါင်းပြီး ထုတ်လုပ်ထားသလို စမတ်ဖုန်းထုတ်လုပ်မှုမှာလည်း ခေါက်လို့ရပြီး Screen နှစ်ဖက်စလုံးမြင်နိုင်တဲ့ Huaweu Mate X ကိုထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Huawei Share အသုံးပြုပြီးဖုန်းနဲ့ matebook ကို ပစ္စည်းတစ်ခုတည်းအဖြစ် အသုံးပြုနိုင်အောင် တီထွင်ထားသလို မျက်စိရှေ့မှာ တကယ်ဖြစ်ပျက်နေသလို မြင်တွေ့ခံစားရမယ့် VR Glass များ၊ AI Speaker ၊ AI TV နဲ့ Wearable Devices စတာတွေကို ထုတ်လုပ်ရောင်းချနေတယ်လို့ သိရပါတယ်။

သီးသန့် Chipset ၊ ကိုယ်ပိုင်ဒီဇိုင်းပုံစံများဖြင့် စမတ်ဖုန်းကို AI နည်းပညာထည့်သွင်းပြီး ဉာဏ်ရည်မြင့်ဖုန်းများ ဖြစ်လာအောင်ဖန်တီးပြီး Huawei ရဲ့ 1+8+N နည်းဗျူဟာဖြစ်တဲ့ ဖုန်းကနေတစ်ဆင့် အခြားလူ့အသုံးဆောင် ပစ္စည်းတွေကို Wifi စနစ်နဲ့ ချိတ်ဆက်ပြီး ထိန်းချုပ်ကာ ပိုမိုကောင်းမွန်တဲ့ Ecosystem တစ်ခုဖြစ်လာအောင် တီထွင်ဆန်းသစ်နေပါတယ်။

လာမယ့်အနာဂတ်မှာ Connected Device တွေဟာ လူနေမှုဘဝပုံစံရဲ့ မတူညီတဲ့ အခန်းကဏ္ဏတွေမှာ ပိုပြီးအရေးပါလာမယ်လို့ ခန့်မှန်းပြီး အမျိုးမတူတဲ့ Device တွေကို ချိတ်ဆက်သုံးစွဲတဲ့ HiLink နည်းပညာကို Huawei က အသုံးပြုလာတာလည်း ဖြစ်ပါတယ်။

အိမ်တစ်အိမ်လုံးအတွက် AI နည်းပညာသုံး လျှပ်စစ်ပစ္စည်းတွေကို Wifi စနစ်နဲ့ ချိတ်ဆက်ပြီး Smart Home အဖြစ် ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိရဲ့ကျန်းမာရေးအခြေအနေကို နေ့စဉ်အသုံးပြုနေတဲ့ အသုံးအဆောင်တွေက မှတ်တမ်းတင်ထားတာကြောင့် လိုအပ်လာတဲ့အခါ အချိန်မရွေး သိရှိနိုင်ဦးမှာပါ။ Huawei ရဲ့ Smart Home နည်းပညာဟာ မိမိအိမ်ရဲ့ လုံခြုံရေးစနစ်ပြီး ပြည့်စုံအောင်နဲ့ လူနေမှုဘဝမှာ ကျန်းမာရေး၊ ဖျော်ဖြေရေး၊ ခရီးသွားလာရေး၊ ဆက်သွယ်ရေးနဲ့ ရုံးလုပ်ငန်း စတဲ့အရာတွေကို နည်းပညာနဲ့အတူတကွ ချိတ်ဆက်ပြီး ပိုမိုအဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အနောက်နိုင်ငံတချို့ရဲ့ ပိတ်ဆို့မှုနဲ့ ရင်ဆိုင်နေရပေမယ့်လည်း Huawei ရဲ့ ပစ္စည်းရောင်းအားတွေက အရင်နှစ်ကထက် ပိုမိုမြင့်တက်လာခဲ့ပြီး လူကြိုက်များတဲ့ အိုင်တီပစ္စည်း အမှတ်တံဆိပ်တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေတာပါ။ Huawei ထုတ်အိုင်တီပစ္စည်းတွေနဲ့ စမတ်ဖုန်း သန်း ၂၀၀ ရောင်းချရဖို့ ရည်မှန်းထားတာဟာ သတ်မှတ်ချိန်ထက် ၆၄ ရက် စောပြီး ပြည့်မီခဲ့တာဖြစ်လို့ Huawei ဟာ လက်ရှိမှာလည်း အောင်မြင်နေဆဲဆိုတာ ထပ်မံသက်သေပြနေတာဖြစ်ပါတယ်။

Most Read

Most Recent