ကျေးလက်နေ တောင်သူများ၏ဘဝ တိုးတက်အောင်ပြုလုပ်မပေးနိုင်ပါက တိုင်းပြည်တိုးတက်သည်ဟု ပြောဆို၍မရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီးပြောကြား

ကျေးလက်နေ တောင်သူများ၏ဘဝ တိုးတက်အောင်ပြုလုပ်မပေးနိုင်ပါက တိုင်းပြည်တိုးတက်သည်ဟု ပြောဆို၍မရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီးပြောကြား
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကြက်သွန်စိုက်တောင်သူများကို တွေ့ရစဉ်(ဓာတ်ပုံ- ကောင်းခန့်လင်း)
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကြက်သွန်စိုက်တောင်သူများကို တွေ့ရစဉ်(ဓာတ်ပုံ- ကောင်းခန့်လင်း)
Published 3 January 2020
ကောင်းခန့်လင်း (မုံရွာ)

တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းများကိုဆောင်ရွက်သည့်အခါတွင် ဘတ်ဂျက်ဖြင့် ဆောင်ရွက်ရကြောင်း တိုင်းပြည်ပြန်လည် တည်ဆောက်နေရသည့်အတွက် ဘတ်ဂျက်များသည်လည်း အကန့်အသတ်ရှိကြောင်း ကျေးလက်နေ တောင်သူများ၏ဘဝတိုးတက် အောင်မပြုလုပ်ပေးနိုင်ပါက တိုင်းပြည်တိုး တက်သည်ဟု ပြောဆို၍မရကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦး၏ ပြောကြားချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျေးလက်နေပြည်သူလူထု ၈၃ ရာခိုင်နှုန်းရှိပြီး ကျေး လက်ဒေသများ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအဆင့်က ဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီးအဆင့်က ဆောင်ရွက်ခြင်းများလည်းရှိကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာ ကျေးလက်နေပြည်သူလူထုက ရှစ်ဆယ့် သုံးရာခိုင်နှုန်းရှိတယ်။ ကျွန်တော်တို့တိုင်းက ကျေးလက်နေ ပြည်သူလူထုပိုများတယ်။အဲဒီတော့ ကျေးလက်နေတောင်သူလယ်သမား တွေ ဘဝတိုးတက်အောင် မလုပ်ပေးနိုင်ဘဲနဲ့ တိုင်းပြည်တိုးတက်တယ်လို့ ပြောလို့မရပါဘူး။ကျွန်တော်တို့တစ်တွေ စနစ်တကျလယ်ယာတွေ ဖော်ထုတ်ပေးတယ်။ လယ်မဲ့ယာမဲ့တွေ လုပ်ပေးနေတယ်။ ဆည်မြောင်းနဲ့ ပတ်သက်ပြီးတော့လည်း ရေရရှိအောင်လုပ်ပေးနေ တယ်။တောင်သူတွေဘဝတိုးတက်ဖို့ဆိုရင် ကျွန်တော်တို့က လုပ်စရာတွေအများကြီးကျန်နေသေးတယ်” ဟု ဝန်ကြီးဦးစိုးဦးက ပြောကြားသည်။

ထို့ပြင် စိုက်ပျိုးရေးနည်းပညာနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဌာနအနေဖြင့် ကြိုးစားဆောင်ရွက်နေကြောင်း၊ သို့သော်လည်း  လုပ်စရာအများကြီးလိုအပ်နေသေးကြောင်း၊ တောင်သူဘဝ တိုးတက်ရန်အတွက် အခြားလုပ်ကိုင်စရာများလည်းလိုအပ်ကြောင်း ဦးစိုးဦးက ဆက်လက်ပြောကြားသည်။

ထွက်ရှိလာသည့်သီးနှံများသည် ပေါသည့်အခါတွင်လည်း ပေါများနေပြီး မရှိသည့်အခါတွင်လည်းမရှိကြောင်း၊ စျေးကွက်များ ရရှိရေး ကြိုးစားဆောင်ရွက်နေကြောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးရေးအတွက် နည်းပ ညာများလည်း လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦး၏ ပြောကြားချက်အရ သိ ရသည်။                       

 

 

 

Most Read

Most Recent