အနောက်ဘက်မှလာသော လေပွေလှိုင်းများ မြန်မာနိုင်ငံ အထက်ပိုင်းဒေသသို့ ဖြတ်ကျော်နေပြီး ၎င်းဖြတ်သန်းရာ ဒေသတစ်လျှောက်တွင် မိုးထစ်ချုန်းရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်းများ ဖြစ်ပေါ်နိုင်

အနောက်ဘက်မှလာသော လေပွေလှိုင်းများ မြန်မာနိုင်ငံ အထက်ပိုင်းဒေသသို့ ဖြတ်ကျော်နေပြီး ၎င်းဖြတ်သန်းရာ ဒေသတစ်လျှောက်တွင် မိုးထစ်ချုန်းရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်းများ ဖြစ်ပေါ်နိုင်
သီပေါမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် နေအိမ်တစ်အိမ်အတွင်း ကျရောက်လာသည့် မိုးသီးများအား တွေ့ရစဉ်
သီပေါမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် နေအိမ်တစ်အိမ်အတွင်း ကျရောက်လာသည့် မိုးသီးများအား တွေ့ရစဉ်
Published 2 January 2020
ဆန်းထူးအောင်

အနောက်ဘက်မှလာသော လေပွေလှိုင်းများ မြန်မာနိုင်ငံ အထက်ပိုင်းဒေသသို့ ဖြတ်ကျော်နေပြီး ၎င်းဖြတ်သန်းရာ ဒေသတစ်လျှောက်တွင် မိုးထစ်ချုန်းရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။

“အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ (Western Disturbances) များရဲ့အရှိန်ကြောင့် တိမ်တိုက်များ အားကောင်းစွာနဲ့ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများသို့ ဖြတ်ကျော်လျက် ရှိပါတယ်။ တိမ်တိုက်များ ဖြတ်သန်းရာဒေသတွေမှာ နေရာကျဲကျဲက နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်းများ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ဖို့ လိုပါတယ်”ဟု ဦးလှထွန်းက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒီဇင်ဘာ ၃၀ နေ့လယ် တစ်နာရီ မိနစ် ၃၀ အချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့် ၂၀၂၀ ဇန်နဝါရီ ၁ ရက်မှ ၆ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၀ ဇန်နဝါရီလ မိုးလေဝသခန့်မှန်းချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း သိရ သည်။

ဇန်နဝါရီလအတွင်း မိုးရွာသွန်းနိုင်မှု အခြေအနေသည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲ ထက်ပို နိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲ အောက်လျော့နည်းကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးရွာနိုင် ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်း ပြည်နယ်တို့တွင် ၇ ရက်မှ ၁၀ ရက်ခန့်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက် ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည် နယ်နှင့် ကရင်ပြည်နယ်တို့တွင် ၃ ရက်မှ ၆ ရက်ခန့်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ၁ ရက်မှ ၂ ရက်ခန့် မိုးရွာနိုင်ကြောင်း ခန့်မှန်းချက်တွင် ဖော်ပြထားသည်။

ညအပူချိန်များအနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း ခန့်မှန်းချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလအတွင်း မြူကျနိုင်သည့် အခြေအနေသည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၁၅ ရက်မှ ၂၁ ရက် ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇)ရက်မှ (၁၄)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများ ဆိုင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ခန့်မှန်းချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent