မြန်မာသံခေတ် ယဉ်ကျေးမှု လူမှုအဖွဲ့အစည်းဆိုင်ရာရုပ်ကြွင်းများ တွေ့ရှိမှုနှင့်ပတ်သက်၍ တူးဖော်သုတေသနပြုခဲ့သည့်နေရာအား အမှတ်အသားကျောက်တိုင် စိုက်ထူမည်

မြန်မာသံခေတ် ယဉ်ကျေးမှု လူမှုအဖွဲ့အစည်းဆိုင်ရာရုပ်ကြွင်းများ တွေ့ရှိမှုနှင့်ပတ်သက်၍ တူးဖော်သုတေသနပြုခဲ့သည့်နေရာအား အမှတ်အသားကျောက်တိုင် စိုက်ထူမည်
Published 31 December 2019
မင်းလတ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပဒေါင်ကျေးရွာအုပ်စု အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းဘေး မိုင်တိုင်အမှတ် ၃၃၀ အရှေ့ဘက် ပေ ၁၅၀၀ အကွာနေရာ၌သံခေတ် ယဉ်ကျေးမှုလူ့အဖွဲ့ အစည်းဆိုင်ရာ ရုပ်ကြွင်း ရှစ်ခုအား တူးဖော် တွေ့ရှိခဲ့ပြီးမြန်မာသံခေတ်ယဉ်ကျေးမှုလူမှု အဖွဲ့အစည်း ဆိုင်ရာရုပ်ကြွင်းများ တွေ့ရှိမှုနှင့် ပတ်သက်၍ တူးဖော်သုတေသနပြုခဲ့သည့် နေရာအား  Site museum စနစ်ဖြင့် ပြတိုက် အငယ်စား မပြုလုပ်သော်ပဲ အမှတ်အသား ကျောက်တိုင် စိုက်ထူသွားမည်ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှရွှေက ပြောကြားသည်။

အဆိုပါ  တူးဖော်မှုလုပ်ငန်းများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ နိုဝင်ဘာ ၂၀ ရက်တွင် တူးဖော်ခြင်း လုပ်ငန်းမျာက စတင်ဆောင်ရွက်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က ထွန်းကားခဲ့တဲ့ မြန်မာ့သံခေတ် ယဉ်ကျေးမှုလူအဖွဲ့အစည်းဆိုင်ရာ ရုပ်ကြွင်းများနဲ့ တူသံခေတ်ယဉ်ကျေးမှု ဓလေ့အရ မြှုပ်နှံထားတဲ့ သံခေတ်အသုံး အဆောင် သံလက်နက်များ၊ မြေထည်ပစ္စည်းများနှင့် ပုတီး စေ့များကို တွေ့ရှိခဲ့ကြောင်း ရှေးဟောင်း သု တေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေး ဌာနခွဲ)မှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးလှရွှေက ပြောကြားသည်။

“အခုလို တွေ့ရှိခဲ့တဲ့ သံခေတ်ရုပ်ကြွင်း ရှစ်ခုနဲ့ သံခေတ်အသုံးအဆောင်ပစ္စည်းတွေကို ဖော်ထုတ်တွေ့ရှိခြင်းက သံခေတ်ယဉ်ကျေးမှု လူအဖွဲ့အစည်းတွေ ထွန်းကားခဲ့ တယ်ဆိုတာကို အခုတွေ့ရှိခဲ့တဲ့ အထောက် အထားတွေနဲ့ ခိုင်ခိုင်မာမာ ဖော်ထုတ်ပြသ နိုင်တော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ တွေ့ရှိ ခဲ့တဲ့ ရုပ်ကြွင်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေအတွက် သုတေသနလုပ်ငန်းတွေ ဆောင် ရွက်ပြီးတွေ့ရှိခဲ့တဲ့  ရုပ်ကြွင်းများအား လာမယ့်တစ်ပတ်အတွင်း သဲဖုံးခြင်း၊ ပလတ်စတစ်အုပ်မိုးခြင်းနဲ့  မြေကြီး ဖုံးအုပ်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်။ သံခေတ်ယဉ်ကျေးမှုလူ့အဖွဲ့အ စည်းဆိုင်ရာ ရုပ်ကြွင်းရှစ်ခုအား တူးဖော် တွေ့ရှိခဲ့ပြီး  သံခေတ်ယဉ်ကျေးမှုလူအဖွဲ့ အ စည်းထွန်းကားရာ ဒေသအဖြစ် အမှတ်အ သားကျောက်တိုင် စိုက်ထူကာ နယ်နိမိတ် သတ်မှတ်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင် ရွက်သွားမှာဖြစ်တယ်” ဟုရှေးဟောင်းသု တေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေး ဌာနခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှရွှေက ပြောကြားသည်။

ယခုတွေ့ရှိချက်သည် ခေတ်ဟောင်း မြန်မာနိုင်ငံသမိုင်းကို အထောက်အပံ့ ရစေ နိုင်ရန်၊တစ်ဆက်တစ်စပ်တည်းသော မြန်မာနိုင်ငံသမိုင်းကို ဖြည့်စွက်နိုင်ရန်နှင့် နှောင်း သုတေသီများ လေ့လာနိုင်ရန်၊ ကွက်လပ်ဖြစ် နေ သည့် အကြိုသမိုင်း ခေတ်ကာလများ ဖြစ်သော ကျောက်ခေတ်း၊ ကျောက်ခေတ် ဟောင်း (Palaeolithic)၊ ကျောက်ခေတ်လယ် (Mesolithic)၊ ကျောက်ခေတ်သစ်၊ ကျောက် ခေတ်နှောင်း (Neolithic) စသည့် ကျောက်ခေတ်ကာလများ၊ကျောက်နှင့်ကြေးရောနှော အသုံးပြုသော ခေတ် (Chalcolithic)နှင့် ကြေးခေတ် (Bronze Age) တို့ ပါဝင်နေရာ ယခု ကျောက်ခေတ်သမိုင်းကို သမိုင်း အမြင် သစ်တစ်ရပ်ဖြင့် ဖြည့်စွက်သွားနိုင်ရေးအ တွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ မြန်မာနိုင်ငံအတွင်းရှိ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ဦး၊ သံခေတ်နှောင်း(ခေါ်)ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်များထွန်း ကားခဲ့ရာ ရှေးဟောင်းဒေသများရှိ သမိုင်း အစဉ်အဆက် ယဉ်ကျေးမှုအမွေအနှစ် အထောက်အထားများအား ရှာဖွေဖော်ထုတ်၍ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိ ရသည်။

လူသားမျိုးနွယ်အစ ပုံတောင်ပရိုင်း မိတ်များသည် လွန်ခဲ့သော နှစ်သန်း ၄၀ က ပင် မြန်မာ့မြေပေါ်တွင် အခြေချနေထိုင် ပျံ့နှံ့လျက်ရှိကြောင်း၊ ပုံတောင်ပရိုင်းမိတ် ကျောက်ဖြစ် ရုပ်ကြွင်းများကို မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တွေ့ရှိရပြီး ကမ္ဘာပေါ်တွင် အစောဆုံး သက်တမ်းရှိသည့် အဆင့်မြင့် ပရိုင်းမိတ်များဖြစ်ကြောင်း သုတေသီများ ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြပြီးဖြစ်ကြောင်း၊ ယခုအခါ ပုံတောင်ပရိုင်း မိတ်ကျောက်ဖြစ် ရုပ်ကြွင်းများသာမက နှစ်သန်း ( ၈ မှ ၁၂)သန်း သက်တမ်းရှိ ဧရာဝတီ ကျောက်လွှာစုမှ လည်း လူတူပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း များ တွေ့ရှိပြီးဖြစ်ကြောင်း၊ ပုံတောင်ပရိုင်း မိတ်များမှသည် ဧရာဝတီလူတူပရိုင်းမိတ် များအထိ အခြေချနေ ထိုင်ပျံ့နှံ့သွားလာပုံကို ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုဖော်ထုတ် လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန် ထားသည်။                              

 

 

 

Most Read

Most Recent