ပရီးမီးယားလိဂ်၌ အသင်းနှင့်နောက်ထပ်လမ်းခွဲရမည့် နည်းပြရေပန်းစားမှုတွင် ဆိုးလ်ရှား၏အလေးပေးချက် ပြန်လည်မြင့်တက်

ပရီးမီးယားလိဂ်၌ အသင်းနှင့်နောက်ထပ်လမ်းခွဲရမည့် နည်းပြရေပန်းစားမှုတွင် ဆိုးလ်ရှား၏အလေးပေးချက် ပြန်လည်မြင့်တက်
Published 24 December 2019

ပရီးမီးယားလိဂ်၌ အသင်းနှင့်နောက်ထပ်လမ်းခွဲရမည့် နည်းပြရေပန်းစားမှုတွင် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် ဇယားအောက်ဆုံးမှ ဝက်ဖို့ဒ်အား အရေးနိမ့်ပြီးနောက် အလေးပေးချက် ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဆိုးလ်ရှားသည် ယင်းပွဲမကစားမီတွင် ၂ဝး၁ လေးသာရှိခဲ့ရာမှ ပွဲအပြီးတွင် ၆း၁ လေးအထိ ပြန်လည်မြင့်တက်ခဲ့ခြင်းလည်း ဖြစ်သည်။

ဗြိတိန်လောင်းကစားကုမ္ပဏီဖြစ်သည့် Betvictor မှထုတ်ပြန်သော အသင်းနှင့်နောက်ထပ်လမ်းခွဲရမည့် နည်းပြအလေးပေးချက်တွင် လီဗာပူးလ်အသင်း ဖီဖာကလပ်ကမ္ဘာ့ဖလားပွဲ သွားရောက်ကစားနေသောကြောင့် ပွဲမကစားခဲ့ရသည့် ဝက်စ်ဟမ်းအ သင်းနည်းပြ ပယ်လီဂရီနီက ထိပ်ဆုံး၌ဆက်လက်ရှိနေခဲ့သည်။

ပွဲစဉ် ၁၈ မတိုင်မီ ဗီလာနည်းပြ ဒင်းန်စမစ်နှင့် ဆောက်သမ်တန်နည်းပြ ဟာဆန်ဟူတယ်လ်မှာ ဒုတိယနေရာတွင် ပူးတွဲရေပန်းစားခဲ့ပြီး ယခုတစ်ပတ်တွေ့ဆုံမှု၌ ဟာဆန်ဟူတယ်လ်က နိုင်ပွဲရယူခဲ့သောကြောင့် အလေးပေးချက် အနည်းငယ်လျော့ ကျခဲ့ရသော်လည်း ဒင်းန်စမစ်မှာ ဆိုးလ်ရှားနှင့် ပူးတွဲဒုတိယနေရာတွင် ဆက်ရှိနေသည်။

ရေပန်းစားမှု

အမည်                အလေးပေးချက်

ပယ်လီဂရီနီ(ဝက်စ်ဟမ်း)        ၄း၁ လေး

ဒင်းန်စမစ်(အက်စတွန်ဗီလာ)        ၆း၁ လေး

ဆိုးလ်ရှား(မန်ယူ)            ၆း၁ လေး

ဟာဆန်ဟူတယ်လ်(ဆောက်သမ်တန်)    ၈း၁ လေး

ဒန်နီယဲလ်ဖာ့ခ်(နောဝစ်ချ်)        ၁ဝး၁ လေး

အက်ဒီဟောင်း(ဘုန်းမောက်)        ၁၄း၁ လေး

နူနိုဆန်တို(ဝုလ်ဗ်)            ၂၅း၁ လေး

ဘရန်ဒန်ရော်ဂျာ(လက်စတာ)        ၃၃း၁ လေး

စတိဗ်ဘရုစ်(နယူးကာဆယ်)        ၃၃း၁ လေး