လက်ရှိအချိန်တွင် ဇနီးဖြစ်သူ ဟယ်လန်စဗီဒင်နှင့်အတူ သားသမီး (၃)ဦး မွေးဖွားထားသည် ဖီဂိုက မိမိမှာ အမျိုးသမီးများကို ကြိုက်နှစ်သက်သူဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။ ဖီဂိုသည် ဘာစီလိုနာအသင်းတွင် ၁၉၉၅ မှ၂၀၀၀ ခုနှစ်အထိ ကစားခဲ့ပြီး၊ ဂွါဒီယိုလာမှာ ၁၉၉၀ မှ ၂၀၀၁ ခုနှစ်အထိ ကစားခဲ့သည်။
ဘာစီလိုနာအသင်း၏ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သူ ပေါ်တူဂီဂန္ထဝင်လူးဝစ်ဖီဂို(၄၇ နှစ်)က ဘာစီလိုနာအသင်းတွင် သူနှင့် လက်ရှိ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ(၄၈နှစ်)တို့ အကြားသူငယ်ချင်းထက်ပိုသည့် ဆက်ဆံရေး ရှိခဲ့သည်ဆိုသည့်ထင်ကြေး သတင်းများကို ငြင်းဆန်ပယ်ချခဲ့သည်။
လက်ရှိအချိန်တွင် ဇနီးဖြစ်သူ ဟယ်လန်စဗီဒင်နှင့်အတူ သားသမီး (၃)ဦး မွေးဖွားထားသည် ဖီဂိုက မိမိမှာ အမျိုးသမီးများကို ကြိုက်နှစ်သက်သူဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။ ဖီဂိုသည် ဘာစီလိုနာအသင်းတွင် ၁၉၉၅ မှ၂၀၀၀ ခုနှစ်အထိ ကစားခဲ့ပြီး၊ ဂွါဒီယိုလာမှာ ၁၉၉၀ မှ ၂၀၀၁ ခုနှစ်အထိ ကစားခဲ့သည်။
၎င်းတို့နှစ်ဦးသည် ကစားသမားဘဝတွင် အလွန်ရင်းနှီးသော သူငယ်ချင်းများဖြစ်ခဲ့ပြီး တစ်ခန်းတည်းအတူနေခဲ့ကြသူများ ဖြစ်သည်။ ဂွါဒီယိုလာမှာလည်း လက်ရှိအချိန်တွင်သူ၏ဇနီးဖြစ်သူ ခရစ္စတီနာဆာရာနှင့်အတူ သားသမီး(၃)ဦး မွေးဖွားထားသူဖြစ်သည်။
ဖီဂိုက Icon မဂ္ဂဇင်းနှင့် တွေ့ဆုံရာ၌ "ဂွါဒီယိုလာဟာ ကျွန်တော့်ရဲ့သူငယ်ချင်းကောင်းတစ်ဦးပါ။ ကျွန်တော့်ကို သူ အကူအညီများစွာပေးခဲ့ပါတယ်။ သူဟာကျွန်တော့်ရဲ့အခန်းဖော်သူငယ်ချင်းတစ်ဦးပါ။ ဒါပေမဲ့ ကျန်တာ ဘာမှမဟုတ်ပါဘူး။ ကျွန်တော်ဟာ အမျိုးသမီးတွေကို ကြိုက်နှစ်သက်သူပါ" ဟု ပြောကြားခဲ့သည်။