၎င်းသည် ဒီဇင်ဘာ ၁၅ ရက်က အဲဗာတန်အသင်း နှင့်ပွဲတွင် တစ်နာရီလျှင် ၃၇ ဒသမ ၂၉ ကီလိုမီတာနှုန်းဖြင့် ပြေးလွှားခဲ့ခြင်းဖြစ်ပြီး ရပ်ရှ်ဖို့ဒ်၏စံချိန်ကိုကျော်ဖြတ်ကာ ယခုရာသီအတွက် အမြန်ဆုံး ကစားသမားဖြစ်လာကြောင်း မန်ယူအသင်းဝက်ဘ်ဆိုက်က ထုတ်ပြန်သည့်မှတ်တမ်းအရ သိရသည်။
ယခုရာသီတွင် မန်ယူအသင်း၏ အပြေးအမြန်ဆုံးကစားသမားအဖြစ် ဘရာဇီးလ်ကွင်းလယ်လူ ဖရက်ဒ်က ရပ်တည်နေကြောင်း သိရသည်။
ဖရက်ဒ်သည် မန်ယူအသင်းသို့ စတင်ရောက်ရှိသည့် ၂၀၁၈-၂၀၁၉ ရာသီတွင် ခြေစွမ်းမပြနိုင်ခဲ့သော်လည်း ယခုရာသီတွင်မူ ပေါ့ဘာ ဒဏ်ရာရရှိပြီးနောက်ပိုင်း ပုံမှန်ပွဲ ထွက်ခွင့်ရနေပြီး ကွင်းလယ်တွင် တွမ်မီနေးနှင့်တွဲဖက်၍ ခြေစွမ်းပြ ကစားလျက်ရှိသည်။
၎င်းသည် ဒီဇင်ဘာ ၁၅ ရက်က အဲဗာတန်အသင်း နှင့်ပွဲတွင် တစ်နာရီလျှင် ၃၇ ဒသမ ၂၉ ကီလိုမီတာနှုန်းဖြင့် ပြေးလွှားခဲ့ခြင်းဖြစ်ပြီး ရပ်ရှ်ဖို့ဒ်၏စံချိန်ကိုကျော်ဖြတ်ကာ ယခုရာသီအတွက် အမြန်ဆုံး ကစားသမားဖြစ်လာကြောင်း မန်ယူအသင်းဝက်ဘ်ဆိုက်က ထုတ်ပြန်သည့်မှတ်တမ်းအရ သိရသည်။
ဖရက်ဒ်၏နောက်တွင် ရပ်ရှ်ဖို့ဒ်က သြဂုတ်လအတွင်း ပဲလေ့စ်နှင့်ကစားခဲ့သည့်ပွဲ၌ ၃၆ ဒသမ ၃၂ ကီလိုမီတာ နှုန်းဖြင့် ရပ်တည်လျက်ရှိပြီး ယခု နွေရာသီတွင် ရောက်ရှိလာသည့် လူငယ်တောင်ပံကစားသမား ဒန်နီ ယဲလ်ဂျိမ်းစ်မှာလည်း ပါဝင်ကစား ခွင့်ရသည့် ၁၇ ပွဲအနက် ခုနစ်ပွဲတွင် အမြန်ဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။