ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့ရှိ သမိုင်းဝင် ပင်လုံကတိကဝတ်စာ ချုပ်ချုပ်ဆိုရာနေရာ အထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ရေးထိုးထားသောစာတန်းကို မူလကျောက်တိုင်၌ ရေးထိုးထားသောစာအ တိုင်းပြန်လည်ပြင်ဆင်ရေးအတွက် (၇၃) ကြိမ်မြောက် ပြည်ထောင်စုနေ့မတိုင်ခင် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အစိုးရအဖွဲ့က ဖြေကြားခဲ့သည်။
ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်သည့် ဒုတိ ယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ တွင် မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ စိုင်းလင်းမြတ်က မေးမြန်းခဲ့ခြင်းဖြစ်ပြီး ရှမ်း ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန် ကြီး ဦးစိုင်းစွံဆိုင်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့တွင် ရှိသော ပင်လုံကျောက်တိုင်တွင် ရေးထိုးထားသော မူလကျောက်တိုင်ပါ စာ တန်းကို တောင်တန်း- ပြည်မဟု ပြန်လည်ပြု ပြင်သွားရန်အတွက် ပြည်သူ့လွှတ်တော်တွင် ဦးနေမျိုးတင်ပြထားပြီးဖြစ်ပြီး အဆိုပါကိစ္စရပ် ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က အမြန်ဆုံးပြု ပြင်သွားမည်ဖြစ်ကာ လာမည့် (၇၃) ကြိမ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အ ခမ်းအနားမတိုင်ခင်ပြီးစီးအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် စာချုပ်ချုပ်ဆို ခဲ့သော တိုင်းရင်းသားခေါင်းဆောင် ၂၃ ဦး ကို ဖော်ပြထားသော ပန်းချီကားပုံ ဗီနိုင်းချပ် များလည်း ပျက်စီးနေသဖြင့် ၂၀၁၉ ခုနှစ် ဒီ ဇင်ဘာလမကုန်ခင် အသစ်အစားထိုးလဲလှယ် သွားမည်ဖြစ်ကြောင်း စည်ပင်ဝန်ကြီးက ပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“သမိုင်းဝင်ပြည်ထောင်စုနှင့် သက်ဆိုင် သော လွတ်လပ်ရေးအတွက် အရေးကြီးသော ပင်လုံကတိကဝတ်စာချုပ်ချုပ်ဆိုသော အ ထိမ်းအမှတ် ကျောက်တိုင်ဖြစ်သည့်အတွက် ပြည်မ- တောင်တန်းပူးပေါင်းရေးဟုရေးထိုး ခြင်းအပေါ် တောင်တန်း - ပြည်မပူးပေါင်းရေး ဟု ပြင်ဆင်ရေးနဲ့ပတ်သက်၍ ၆-၁၂-၂၀၁၉ အစိုးရအဖွဲ့ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက် အရ မူလအတိုင်း တောင်တန်း- ပြည်မဟုပြင် ဆင်သင့်ကြောင်း ဆုံးဖြတ်ထားသဖြင့် ပင်လုံ ကျောက်တိုင်တွင် မူလအတိုင်း တောင်တန်း- ပြည်မပူးပေါင်းရေး စာတန်းအား လာမည့် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့အမီ ပြန်လည် ပြင်ဆင်ထွင်းထုဆောင်ရွက်သွားမည် ဖြစ်ပါ သည်။ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုး ထားသည့် ခေါင်းဆောင်ကြီး ၂၃ ဦး၏ ပုံတူ ပန်းချီကားချပ်ဗီနိုင်းသည် ယိုယွင်းပျက်စီးစ ပြုနေပြီဖြစ်သဖြင့် ခေါင်းဆောင်ကြီး ၂၃ ဦး၏ ပုံတူပန်းချီကား ဗီနိုင်းအား ၂၀၁၉ ခုနှစ် ဒီဇင် ဘာလအတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ဖြေကြားအပ်ပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက ပြောကြားသည်။















