El Clasico ပွဲ ယှဉ်ပြိုင်ကစားမည့် ဘာစီလိုနာနှင့် ရီးယဲလ်အသင်းတို့သည် လုံခြုံရေးအခြေအနေအရ ဟိုတယ်တစ်ခုတည်းမှ နူးကမ့်ကွင်းသို့ အတူသွားရမည်ဖြစ်ကြောင်း သိရှိရသည်။
ဗုဒ္ဓဟူးနေ့တွင်ယှဉ်ပြိုင်ရမည့် ယင်းပွဲစဉ်ကို ကတ်တလန်ခွဲထွက်ရေးလှုပ်ရှားသူများက ပစ်မှတ်ထားနေသည့်အတွက် လုံခြုံရေးတာဝန်ရှိသူများက ယခုကဲ့သို့ စီစဉ်ခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြိုင်ဘက်အသင်းနှစ်သင်းသည် နူးကမ့်ကွင်းနှင့် မီတာ(၅၀၀)ဝန်းကျင်သာ ကွာဝေးသည့် ဆိုဖီယာဟိုတယ်တွင် ပွဲမတိုင်မီ အတူနေထိုင်ရမည်ဖြစ်သော်လည်း သီးခြားစီ နေရာချထားပေးမည်ဖြစ်သလို၊ နူးကမ့်ကွင်းသို့ သွားရောက်ရာတွင်လည်း ဘတ်စ်ကားတစ်စီးစီဖြင့် သွားရောက်ရမည်ဖြစ်သည်။
ထို့ပြင် ၎င်းတို့ သွားမည့်လမ်း၌ လုံခြုံရေးအပြည့်ဖြင့် ကာကွယ်ပေးသွားရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။