အသက် (၂၀) နှစ်အရွယ်ရှိ ဂျာမန်ကွင်းလယ်လူ ဟာဗက်ဇ်သည် မနေ့က ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ် ကိုလုံး (၂-၀) လေဗာကူဆင်ပွဲတွင် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့သည်။ ယင်းပွဲကစားချိန်တွင် ဟာဗက်ဇ်၏ အ သက်မှာ (၂၀) နှစ်၊ (၁၈၆)ရက်သာ ရှိသေးပြီး လိုက်ပ်ဇစ်တိုက်စစ်မှူး ဗာနာ၏စံချိန်ကို ချိုးဖျက်ကာ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။
လေဗာကူဆင်ကွင်းလယ်လူ ဟာဗက်ဇ်သည် လိုက်ပ်ဇစ်အသင်းမှ ဂျာမနီအသင်းဖော် ဗာနာကို ကျော်ကာ ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ပွဲ (၁၀၀) အမြန်ဆုံးပြည့်မြောက်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အသက် (၂၀) နှစ်အရွယ်ရှိ ဂျာမန်ကွင်းလယ်လူ ဟာဗက်ဇ်သည် မနေ့က ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ် ကိုလုံး (၂-၀) လေဗာကူဆင်ပွဲတွင် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့သည်။ ယင်းပွဲကစားချိန်တွင် ဟာဗက်ဇ်၏ အ သက်မှာ (၂၀) နှစ်၊ (၁၈၆)ရက်သာ ရှိသေးပြီး လိုက်ပ်ဇစ်တိုက်စစ်မှူး ဗာနာ၏စံချိန်ကို ချိုးဖျက်ကာ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။
လိုက်ပ်ဇစ်တိုက်စစ်မှူး ဗာနာသည် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ (၂၅)ရက်က ကစားခဲ့သည့် ကိုလုံး (၁-၁) လိုက်ပ်ဇစ်ပွဲတွင် ဘွန်ဒစ်လီဂါပွဲ (၁၀၀) ပြည့်မြောက်ခဲပြီး အသက် (၂၀)နှစ်၊ (၂၀၃)ရက်ဖြင့် စံချိန်တင်ထားခဲ့ ခြင်းဖြစ်သည်။ ဗာနာ၏ စံချိန်မှာ (၃)နှစ်ကျော်တည်မြဲခဲ့ပြီး ယခုအခါ လေဗာကူဆင်ကွင်းလယ်လူ ဟာဗက်ဇ်က (၁၇)ရက်အသာဖြင့် စံချိန်ချိုးခဲ့ခြင်းဖြစ်သည်။
ဟာဗက်ဇ်သည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ၂၀၁၆ ခုနှစ်တွင် လေဗာကူဆင်အသင်း နှင့်အတူ စတင်ခဲ့သူဖြစ်ပြီး ဂျာမနီအသင်းအတွက် လည်း (၇)ပွဲ ပါဝင်ကစားထားသူဖြစ်သည်။ ဟာဗက်ဇ်သည် လေဗာကူဆင်အသင်းအတွက် (၄) ရာသီအတွင်း ပြိုင်ပွဲစုံ (၁၂၄)ပွဲတွင် (၃၁)ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု (၂၃)ကြိမ်အထိ ပြုလုပ်ထားသည်။
ဟာဗက်ဇ်သည် ယခုနှစ် Golden Boy ဆုပေးပွဲတွင် တတိယနေရာ၌ ရပ်တည်ခဲ့သူဖြစ်ပြီး ၎င်းကို ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းကြီးများဖြစ်သည့် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ မန်ယူ နှင့် လီဗာပူးလ်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။ ဟာဗက်ဇ်သည် ကွင်းလယ်အဖျက်နှင့် ကွင်းလယ်တိုက်စစ်နေရာများတွင် ကစားနိုင်သူဖြစ်ပြီး ၎င်း၏လက်ရှိ စျေးကွက်တန်ကြေးမှာ ယူရို သန်း (၉၀)အထိရှိကြောင်း Transfermarket က ဖော်ပြခဲ့သည်။
ဘွန်ဒစ်လီဂါတွင် အသက်အငယ်ဆုံးဖြင့် ပွဲ(၁၀၀) အမြန်ဆုံးပြည့်ခဲ့သူ (၅) ဦး
ကစားသမား အသက်
ဟာဗက်ဇ် (လေဗာကူဆင်) (၂၀) နှစ်၊ (၁၈၆) ရက်
ဗာနာ (လိုက်ပ်ဇစ်) (၂၀) နှစ်၊ (၂၀၃) ရက်
ဒရက်ဇ်လာ(ရှော်လ်ကေး) (၂၀) နှစ်၊ (၂၂၅) ရက်
ကိုဘယ်လ် (ဖရန့်ဖတ်) (၂၀) နှစ်၊ (၃၆၃) ရက်
မက်မိုင်ယာ (ရှော်လ်ကေး) (၂၁) နှစ်၊ (၇) ရက်