အသင်းဟောင်း မန်ယူ၏ နည်းဗျူဟာပိုင်းအပေါ် မော်ရင်ဟို ဝေဖန်ပြောဆိုခဲ့ပြီး ရပ်ရှ်ဖို့ဒ်ကိုလည်း ပယ်နယ်တီယူရာတွင် ကျွမ်းကျင်သူဟု လှောင်ပြောင်

အသင်းဟောင်း မန်ယူ၏ နည်းဗျူဟာပိုင်းအပေါ် မော်ရင်ဟို ဝေဖန်ပြောဆိုခဲ့ပြီး ရပ်ရှ်ဖို့ဒ်ကိုလည်း ပယ်နယ်တီယူရာတွင် ကျွမ်းကျင်သူဟု လှောင်ပြောင်
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 6 December 2019

 

စပါးအသင်း၏နည်းပြဖြစ်သူ မော်ရင်ဟိုက အသင်းဟောင်း မန်ယူအသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူအသင်း၏ နည်းဗျူဟာပိုင်းအပေါ် ဝေဖန်ပြောဆိုမှုများပြုလုပ်ခဲ့သလို၊ ယင်းပွဲတွင် (၂)ဂိုးသွင်းယူခဲ့သည့် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကိုလည်း ပယ်နယ်တီယူရာတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း လှောင်ပြောင်ခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီတွင် အသင်းကြီးများနှင့်ကစားခဲ့ရာ၌ ရှုံးပွဲမရှိ ကစားနိုင်ခဲ့ရာ မော်ရင်ဟိုက မန်ယူအသင်းအနေဖြင့် ခံစစ်နည်းဗျူဟာကို ရွေးချယ်ရန်အတွက် ကြောက်ရွံ့မနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုက "မန်ယူအသင်းက ဒီရာသီ အကောင်းဆုံးအသင်းတွေနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ရလဒ်တွေက ကောင်းပါတယ်။ သူတို့အသင်းကစားဖို့ ရွေးချယ်လိုက်တဲ့ပုံစံကြောင့်လည်း သူတို့အတွက် ကစားရတာ လွယ်ကူပါတယ်။ သူတို့ဟာ ပိုကောင်းတဲ့အသင်းတွေနဲ့ ကစားရတဲ့အခါ ခံစစ်နည်းဗျူဟာကို ကစားဖို့အတွက် ကြောက်ရွံ့စိုးရိမ်မနေပါဘူး။ ဒါဟာ ပိုကောင်းတဲ့အသင်းတွေနဲ့ ကစားတဲ့အခါ၊ ဘောလုံးကို ကောင်းကောင်းကိုင်ကစားချင်တဲ့ အသင်းတွေနဲ့ ကစားတဲ့အခါ သူတို့အတွက် ပိုမိုလွယ်ကူစေပါတယ်" ဟု ပြောကြားခဲ့သည်။

ယင်းပွဲတွင် တစ်ချိန်က မော်ရင်ဟို၏ ဝေဖန်မှုကို ခံရဖူးသည့် လူငယ်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က မန်ယူအသင်းအတွက် (၂)ဂိုးသွင်းယူပေးခဲ့ပြီး ရပ်ရှ်ဖို့ဒ်နှင့်ပတ်သက်၍လည်း မော်ရင်ဟိုက "ကျွန်တော်တို့က ဒုတိယပိုင်း အစမှာပဲ မပေးသင့်တဲ့ဂိုးကို ပေးလိုက်ရပါတယ်။

လက်ပစ်ဘောပေးနေတဲ့အချိန်မှာ အိပ်ပျော်နေခဲ့ပြီး ရပ်ရှ်ဖို့ဒ်ဟာ ဂိုးစည်းထဲဝင်ခွင့်ရခဲ့တယ်။ သူက ဂိုးစည်းထဲမှာ တားဆီးရခက်တဲ့ ကစားသမားပါ။ သူ့ကို ပြိုင်ဘက်ကစားသမားက လာထိမယ့်အချိန်ကို စောင့်တဲ့နေရာမှာ ကျွမ်းကျင်ပါတယ်" ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent