ပြီးခဲ့သည့် အင်္ဂလန်အသင်း၏ နိုင်ငံတကာပွဲစဉ်များတွင် ဒဏ်ရာ ကြောင့် မပါဝင်ခဲ့သူ ဘာကလေအနေဖြင့် နိုင်ငံတကာရက်သတ္တပတ်အတွင်း ယင်းကဲ့သို့ အပျော်လွန်ကျူးသည့်လုပ်ရပ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ရှိ နိုက်ကလပ်တစ်ခုအတွင်း ချယ်လ်ဆီးအသင်း၏ အင်္ဂလန်ကွင်းလယ်လူ ဘာကလေ အဝတ်ဗလာဖြင့် ကခုန်နေသည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပြီး ၎င်း၏လုပ်ရပ်နှင့်ပတ်သက်၍ ချယ်လ် ဆီးနည်းပြ လမ်းပတ်က ပရော်ဖက်ရှင်နယ်မပီသသူဟု ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရှိရသည်။

ဘာကလေသည် ပြီးခဲ့သည့်လက နယူးကာဆယ်နှင့် ချယ်လ်ဆီးအသင်း ကစားခဲ့သောပွဲတွင် ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီး အနားယူနေရသူဖြစ်သည်။ ပြီးခဲ့သည့် အင်္ဂလန်အသင်း၏ နိုင်ငံတကာပွဲစဉ်များတွင် ဒဏ်ရာ ကြောင့် မပါဝင်ခဲ့သူ ဘာကလေအနေဖြင့် နိုင်ငံတကာရက်သတ္တပတ်အတွင်း ယင်းကဲ့သို့ အပျော်လွန်ကျူးသည့်လုပ်ရပ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ဘာကလေသည် စက်တင်ဘာလအတွင်းကလည်း လီဗာပူးလ်မြို့အတွင်း တက္ကစီသမားတစ်ဦးနှင့် အချင်းများခဲ့၍ ရဲတပ်ဖွဲ့က ဝင်ရောက် ဖြေရှင်းပေးခဲ့ရကြောင်း သိရှိရသည်။ ထိုစဉ်ကလည်း တက္ကစီပေါ်တွင် စည်း ကမ်းမဲ့စားသောက်သည့် ဘာကလေ၏လုပ်ရပ်မှာ အများဝေဖန်စရာဖြစ်ခဲ့သည်။

လမ်းပတ်က "ပထမအကြိမ် သတင်းတွေထွက်ပေါ်ခဲ့တုန်းက သူ့ဘက်က ကျွန်တော် ရပ်တည်ပေးခဲ့တယ်။ အခုလည်း သူ့ဘက်က ကျွန်တော် ရပ်တည်ပေးနေတုန်းပါပဲ။ ဒါaပမဲ့ ကျွန်တော်မြင်သလောက်တော့ သူ့အနေနဲ့ ပရော်ဖက်ရှင်နယ်မပီသမှုကို ပြသလာပြီဖြစ်ပါတယ်" ဟုပြောကြားခဲ့သည်။















