မက်ဆီနှင့် ဆွာရက်ဇ်တို့၏ မိခင်နိုင်ငံများဖြစ်သည့် အာဂျင်တီးနားနှင့် ဥရုဂွေးအသင်းသည် နိုဝင်ဘာ ၁၈ ရက်တွင် တဲလ်အဗစ်မြို့၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ သို့ဖြစ်ရာ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဘာစီလိုနာအသင်း၏ လေ့ကျင့်ရေးစင်တာအပြင်ဘက်၌ အော်ဟစ်တောင်းဆို၍ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ တက်ကြွလှုပ်ရှားသူများအဖွဲက ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီနှင့် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်တို့အား အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားခြင်းမပြုရန် ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သိရသည်။

မက်ဆီနှင့် ဆွာရက်ဇ်တို့၏ မိခင်နိုင်ငံများဖြစ်သည့် အာဂျင်တီးနားနှင့် ဥရုဂွေးအသင်းသည် နိုဝင်ဘာ ၁၈ ရက်တွင် တဲလ်အဗစ်မြို့၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ သို့ဖြစ်ရာ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဘာစီလိုနာအသင်း၏ လေ့ကျင့်ရေးစင်တာအပြင်ဘက်၌ အော်ဟစ်တောင်းဆို၍ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ခြေစမ်းပွဲကစားမည့်နေရာမှာ ဂါဇာကမ်းမြောင်နှင့်နီးကပ်ပြီး ယင်းနေရာတွင် ဘောလုံးသမားများ၏ ခြေထောက်ကို ရည်ရွယ်ချက်ရှိရှိ သေနတ်ဖြင့် ပစ်ခတ်ဖူးသောကြောင့် စစ်ပွဲများကို ဘောလုံးဖြင့်အသုံးချ၍ ဖုံးကွယ်မှုကို လက်မခံသင့်ကြောင်း ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီကလည်း အစ္စရေး - အာဂျင်တီးနား ခြေစမ်းပွဲကို ပရိသတ်များနှင့် ပါလက်စတိုင်းတို့၏ ကန့်ကွက်မှုကြောင့် ဖျက်သိမ်းခဲ့ရဖူးသည်။