ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများ နှင့်ပတ်သက်၍ တာဝန်ယူထားသည့်ပုဂ္ဂိုလ်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းချက်များရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ်ဆွေးနွေး

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများ နှင့်ပတ်သက်၍ တာဝန်ယူထားသည့်ပုဂ္ဂိုလ်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းချက်များရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ်ဆွေးနွေး
နိုဝင်ဘာ ၈ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထောင်စုလွှတ်တော်ရုံး)
နိုဝင်ဘာ ၈ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထောင်စုလွှတ်တော်ရုံး)
Published 9 November 2019
စိုးမင်းထိုက်၊ အောင်မင်းသိန်း

ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး တာဝန်ယူထားသည့်ပုဂ္ဂိုလ်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းချက်များရှိသည်ဟု NLD ပါတီဝင် ကျောက်ပန်းတောင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေကိုက ဆွေးနွေးခဲ့သည်။

နိုဝင်ဘာ ၈ ရက်က ပြုလုပ်သည့် ပြည် ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီး ဌာန၏  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံ ငွေတွင် ပါဝင်သော တည်ဆောက်ရေးလုပ် ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်မှုအခြေအနေနှင့် ၎င်းင်းအပေါ် ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင် ခံစာနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စား လှယ် ဦးရွှေကိုက ယင်းသို့ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“တည်ဆောက်ရေးနဲ့ပတ်သက်ပြီး အရည်အသွေး၊ စံမမီတာ၊ လွှတ်တော်သက် တမ်းတစ်လျှောက်လုံးမှာလည်း ဆွေးနွေးတာ အကြံပေးတာ ထပ်နေပါပြီ။ ဝန်ကြီးဌာနကလည်း ဥပဒေရေးဆွဲ၊ စည်းမျဉ်းစည်းကမ်း ပြင်တာများပြီ။ လိုချင်တဲ့အနေအထားကို တော့ အခုထိမရောက်သေးဘူး။ လိုအပ်နေ တဲ့တစ်ခုပဲ ပြောမှာပါ။ အဲဒါကတော့ ဒီပြဿ နာဖြေရှင်းတဲ့နေရာမှာ အဓိကကျနေတဲ့ဖြေ ရှင်းလို့မရနိုင်ဘဲ ဖြစ်နေရတာကတော့  သက် ဆိုင်ရာအဆင့်အသီးသီးမှာ တာဝန်ယူထား တဲ့ပုဂ္ဂိုလ်များရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအား နည်းချက်ပဲလို့ ပြောလိုပါတယ်။ မူတွေကို  ဘယ်လိုပဲပြင်ပြင်၊ စနစ်တွေ ဘယ်လိုပဲပြောင်း ပြောင်း၊ စည်းကမ်းတွေ ဘယ်လိုပဲဖြစ်ဖြစ်၊ တာဝန်ရှိတဲ့သူတွေက တာဝန်ယူမှု၊ တာဝန် ခံမှုအားနည်းနေရင် ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာမဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး အားနည်းချက်ကို ယခုကြုံတွေ့ နေရတဲ့ပြဿနာတစ်ခုကို ဥပမာပေးပြီး ပြော ပါမယ်။ အဆောက်အအုံကောင်းဖို့ ၀ိုင်းကြီး ကြပ်ရ၊ သက်ဆိုင်ရာဌာန၊ မြို့နယ်အဆင့်အ ဆောက်အအုံတည်ဆောက်ရေးနှင့် အရည် အသွေးစစ်ဆေးမှုကော်မတီမသိဘဲနဲ့ ဆောက်လိုက်တာနဲ့ တစ်ပြိုင်နက် အုတ်မြစ်ချ၊ အ ကြောင်းကြားဖိတ်ကြားပြီးတော့ ပြီးစီးအ ဆင့်ကို အတည်ပြုပြီးမှ ၂၅ ရာခိုင်နှုန်းပြီးစီး ကြောင်း၊ ခွင့်ပြုချက်ရမှ ဒုတိယအဆင့်ကို လုပ်ရပါတယ်။ အမိုး မိုးပစ်ပြီး ၅၀ ပြီးစီး ကြောင်း လုပ်ရပါတယ်။ ပြီးတာနဲ့ ကြမ်းခင်း၊ နံရံပြီးတဲ့အခါမှာ ၇၅ ရာခိုင်နှုန်း ၁၀၀ ပြီးတဲ့ အခါမှာလည်း သက်ဆိုင်ရာဌာနကို အပ်ရ ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ အ ဆောက်အအုံပေးပွဲ တက်တဲ့အခါမှာ တစ်ခါတစ်ရံ ဝင်စစ်တဲ့အခါမှာပဲဖြစ်ဖြစ် ကြမ်းခင်း အောက်ကို ဖောက်ကြည့် ခြောက်လက်မ ဖြစ်ဆိုပြီး သုံးလက်မဖြစ်နေ၊ မျက်နှာကြက်တွေ၊ ဘေးတန်းတွေကလည်း မကိုက်တာ တွေတွေ့ရ အံ့သြစရာကောင်းတာက သာ မာန်လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ရှိတဲ့ အချက်တွေကို အကြိမ်ကြိမ်စစ်ဆေးမှန်ကန် ကြောင်း လက်မှတ်ထိုးတဲ့ပညာရှင်တွေ မတွေ့ တာလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။အဲဒီတော့ ပြောချင်တာကတော့ အဲဒီလိုဖြစ်လာတဲ့အခါမှာ တင်ပြလိုက်တဲ့အခါမှာ အ ရေးယူခံရတာကတော့ ကန်ထရိုက်၊ ကန်ထ ရိုက်တစ်ခုတည်းကို ပြဿနာပုံချလိုက်တာ  မှန်ကန်ပါသလားဆိုတာ ဥပဒေထုတ်၊ စည်း ကမ်းထုတ်နေရုံနဲ့ မပြီးပါဘူး။ ကိုယ်တိုင်က  လိုက်နာဖို့လိုသလို ပတ်သက်သမျှသူအား လုံးလည်း ဒါတွေကို လိုက်နာဖို့အတွက် လုပ် ဆောင်ပေးဖို့ တာဝန်ရှိပါတယ်” ဟု ဆွေးနွေးခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ဦး သန်းစိုး (ခ) သန်းစိုး (ဘောဂဗေဒ)က တင်ဒါ ကိစ္စများ အချိန်မီပြီးစီးရန်၊ စည်းမျဉ်းစည်း ကမ်းများ လိုက်နာရန် အကြံပြုဆွေးနွေးခဲ့ ကြကြောင်း၊ တင်ဒါလုပ်နည်း အချိန်မီ မပြီး စီး၊ လုပ်ငန်းအရည်အသွေး မပြည့်မီတာတွေ ကို ပြန်ဆွေးနွေးရပြန်ကြောင်း၊ စီမံခန့်ခွဲမှု နယ်ပယ်တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ဆောင် ရွက်ရန်၊ ဘဏ္ဍာရေးစည်းမျဉ်းများလိုက်နာ ရန် ဆွေးနွေးခဲ့ကြကြောင်း၊ လုပ်ငန်းမပြီး သည့်အတွက် အသုံးစရိတ်များနှင့်ပတ်သက် ပြီး စီမံခန့်ခွဲမှုနယ်ပယ်၏ အားနည်းချက်များ သည် ပညာရေးဝန်ကြီးဌာန၏ အသုံးစရိတ် များနှင့်ပတ်သက်ပြီး တကယ်ဖြစ်နေသည့် ပြဿနာသည် မူဝါဒပြဿနာထက် စီမံခန့်ခွဲ မှုနယ်ပယ်၏ ရှုပ်ထွေးနေသည့် အချက်များ နှင့် အားနည်းချက်များကြောင့်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ရှုပ်ထွေးမှု၊ စီမံခန့်ခွဲမှုဆိုသည့်  အားနည်းချက်များသည် အဂတိမကင်းသည့် လုပ်ရပ်များလား၊ ကြိုးနီစနစ် များပြားနေခြင်း လားဟု မွေးခွန်းထုတ်လိုကြောင်း၊ အဓိကမှာ ကော်မတီများ များပြားလွန်းသည့်အတွက် ဖြစ်ကြောင်း၊ ယင်းအားနည်းချက်ကို ထပ် တွေ့ရကြောင်း၊ စားသုံးမှု၊ ထုတ်လုပ်မှု၊ ဝင်ငွေ ခွဲဝေမှု၊ အခွန်ရရှိမှု စသည်ဖြင့် အားလုံးသက် ရောက်မှုရှိကြောင်း၊ ငွေရေးကြေးရေးစနစ်များ နှောင့်နှေးခြင်း၊ တင်ဒါနောက်ကျခြင်း၊ ဘတ် ဂျက်ပိုသုံးသော်လည်း စီးပွားရေးနိမ့်ပြီး မတက်လာခြင်းဖြစ်ကြောင်း၊ တကယ့်မူဝါဒသည် ပြဿနာမဟုတ်ဘဲ လူများ၏ စီမံခန့်ခွဲမှု၌ ရှုပ်ထွေးသည့်အချက်များ၊ အဂတိမကင်းသည့်လုပ်ရပ်များ၊ ကြိုးနီစနစ်များ၊ သက်ဆိုင်ရာ Stake Holder များသည့်အတွက် ဖြစ်နေရသည့် ပြဿနာဖြစ်ကြောင်း၊ ထို့အတွက် မူဝါဒပြဿနာမဟုတ်ဘဲ လူများ၏ ပြဿနာ ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

Most Read

Most Recent