အောက်တိုဘာအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုများကို ချယ်လ်ဆီးနည်းပြ လမ်းပတ်၊ လက်စတာတိုက်စစ်မှူး ဗာဒီနှင့် နယူးကာဆယ်ကွင်းလယ်လူ လောင်းစတပ်ဖ်တို့ ဆွတ်ခူး

အောက်တိုဘာအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုများကို ချယ်လ်ဆီးနည်းပြ လမ်းပတ်၊ လက်စတာတိုက်စစ်မှူး ဗာဒီနှင့် နယူးကာဆယ်ကွင်းလယ်လူ လောင်းစတပ်ဖ်တို့ ဆွတ်ခူး
Photos: Chelsea FC, EA SPORTS FIFA Twitter & Newcastle United FC ‏
Photos: Chelsea FC, EA SPORTS FIFA Twitter & Newcastle United FC ‏
Published 8 November 2019

လစဉ်ချီးမြှင့်နေကျဖြစ်သည့် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုရရှိသူများကို နိုဝင်ဘာ (၈)ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အောက်တိုဘာအတွက် အကောင်းဆုံးဆုများကို ချယ်လ်ဆီးနည်းပြ လမ်းပတ်၊ လက်စတာတိုက်စစ်မှူး ဗာဒီနှင့်  နယူးကာဆယ်ကွင်းလယ်လူ လောင်းစတပ်ဖ်တို့ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

Barclays ကုမ္ပဏီက ချီးမြှင့်သည့် အကောင်းဆုံးနည်းပြဆုကို အောက်တိုဘာလအတွင်း ပွဲစဉ်သုံးပွဲစလုံး အနိုင်ရစေရန် စွမ်းဆောင်ပေးခဲ့သည့် လမ်းပတ်က ဆွတ်ခူးရရှိခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် အဝေးကွင်း၌ ဆောက်သမ်တန်ကို (၄-၁) ဂိုး၊ ဘန်လေကို (၄-၂) ဂိုး၊ အိမ်ကွင်း၌ နယူးကာဆယ်ကို (၁-ဝ) ဂိုးဖြင့် အနိုင်ရခဲ့သောကြောင့် လမ်းပတ်က အကောင်းဆုံးနည်းပြဆုရရှိခဲ့ခြင်း ဖြစ်သည်။ 

ယခုရာသီတွင် ချယ်လ်ဆီးအသင်းနည်းပြအဖြစ် စတင်ကိုင်တွယ်ခွင့်ရသည့် လမ်းပတ်သည် ယင်းဆုကို ပထမဆုံးအကြိမ်ရရှိခြင်းဖြစ်ပြီး ကလော့ပ်(လီဗာပူးလ်)၊ ဘရန်ဒန်ရော်ဂျာ (လက်စတာ)၊ ဂရေဟမ်ပေါ်တာ (ဘရိုက်တန်)၊ ဒင်းစမစ် (ဗီလာ) တို့ကိုကျော်ဖြတ်၍ ဆွတ်ခူးရယူနိုင်ခြင်းဖြစ်သည်။ 

ထို့ပြင် လမ်းပတ်သည် ချယ်လ်ဆီး အသင်းနည်းပြများအနက် ယင်းဆုရရှိဖူးသည့် ခုနစ်ဦးမြောက် နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 

အကောင်းဆုံးကစားသမားဆုကို EA Sports ကုမ္ပဏီက ပေးအပ်ချီးမြှင့်ပြီး ဗာဒီက လက်စတာအသင်းဖော် တီလေမန်းစ်၊ ဝီလီယံ (ချယ်လ်ဆီး)၊ ဂရီးလစ်ရှ် (ဗီလာ)၊ ဂွန်ဒိုဂန် (မန်စီးတီး)၊ ဟန်ဒါဆန် (လီဗာပူးလ်) တို့ကို ကျော်ဖြတ်၍ ဆွတ်ခူးရယူနိုင်ခြင်းဖြစ်သည်။ 

ဗာဒီသည် အောက်တိုဘာလအတွင်း ပွဲစဉ်သုံးပွဲသာ ကစားရသော်လည်း ဘန်လေနှင့်ပွဲတွင် တစ်ဂိုး၊ ဆောက်သမ်တန်နှင့်ပွဲတွင် ဟက်ထရစ်သွင်းယူကာ သွင်းဂိုးအများဆုံးကစားသမားစာရင်း၌ ထိပ်ဆုံးနေရာရောက် ရှိလာသဖြင့် အကောင်းဆုံးဆု ဆွတ်ခူးရရှိခြင်းဖြစ်သည်။ 

၎င်းသည် တစ်လတာအ ကောင်းဆုံးကစားသမားဆုကို လေးကြိမ် မြောက်ရယူနိုင်ခြင်း ဖြစ်ပြီး အကြိမ်အများဆုံး ရရှိဖူးသူများစာရင်းတွင် ပူးတွဲအဆင့် (၆) နေရာသို့ရောက်ရှိလာကြောင်း သိရသည်။

Budweiser ကုမ္ပဏီက ပေးအပ်ချီးမြှင့် ခဲ့သည့် အကောင်းဆုံးဂိုးဆုကို နယူးကာဆယ် ကွင်းလယ်လူ မက်တီလောင်းစတပ်ဖ်က ရရှိ ခဲ့သည်။ လောင်းစတပ်ဖ်သည် အောက်တိုဘာ (၆)ရက်တွင် ကစားခဲ့သည့် နယူးကာဆယ် (၁-ဝ) မန်ယူပွဲ၌ (၂၂)ကိုက်အကွာမှ သွင်း ယူခဲ့သည့်ဂိုးဖြင့် တစ်လတာအကောင်းဆုံး ဂိုးဆုကို ရရှိခဲ့ခြင်းဖြစ်သည်။