ယနေ့ညကစားမည့် ဥရောပလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ညကစားမည့် ဥရောပလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Twitter
Photo: Twitter
Published 8 November 2019

နောဝစ်ချ် - ဝက်ဖို့ဒ် (စနေနံနက် ၂:၃၀ နာရီ)

နောဝစ်ချ်က တဖြည်းဖြည်းနဲ့ စိုက်ဆင်းလာခဲ့တာ အဆင့် (၁၉)နေရာအထိ ရောက်လာတယ်။ ရာသီအစမှာ ပြသခဲ့တဲ့ ခြေစွမ်း၊ စိတ်ဓာတ်ပိုင်းနဲ့ တခြားစီဖြစ်သွားပြီ။ အတူတန်းတက်လာတဲ့အသင်းတွေက ဖြေးဖြေးမှန်မှန် ခြေစွမ်းပြနေချိန်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ နောဝစ်ချ်က အဆိုးဆုံးဖြစ်နေတယ်။ ဝက်ဖို့ဒ်ကလည်း အဆင့် (၂၀)ကအသင်းပါ။ အမှတ်ခွဲယူရဖို့များပေမယ့် နိုင်မယ်ဆိုရင်တော့ ဝက်ဖို့ဒ်ဖြစ်နိုင်တယ်။ 

ဆိုစီဒက် - လီဟာနက်စ် (စနေနံနက် ၂:၃၀ နာရီ)

လာလီဂါရဲ့ တစ်ပတ်အတွင်း ပွဲစဉ်(၃)ပွဲဆက် ကစားအပြီးမှာတော့ ဆိုစီဒက် အဆင့် (၃)အထိ ရောက်လာခဲ့တယ်။ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်အသင်းတွေနဲ့လည်း အမှတ်တူနေပြီး ထိပ်ဆုံးနေရာမျှော်လင့်ချက်အတွက်လည်း အားကောင်းနေချိန်မှာ လီဟာနက်စ်နဲ့ လာတွေ့နေတာ ဆိုစီဒက်အတွက် အခွင့်အရေးကောင်းပါပဲ။ ဒါ့ကြောင့် ရလာတဲ့အခွင့်အရေးကို ဆိုစီဒက်အသင်း အိမ်ကွင်းမှာ လက်လွတ်ခံမယ်မထင်ဘူး။ နောက်ပြီး လီဟာနက်စ်ကလည်း ခြေစွမ်းဆိုးရွားနေတဲ့ အသင်းပါ။ ဆိုစီ ဒက်နဲ့ ဂိုးအများပဲ ကောင်းမယ်။

ဆာဆူအိုလို - ဘိုလော့ဂ်နာ (စနေနံနက် ၂:၁၅ နာရီ)

နှစ်သင်းစလုံးနောက်ဆုံး (၆)ပွဲမှာ နိုင်ပွဲတစ်ပွဲသာရထားပြီး တန်းဆင်းဇုန်နဲ့ အလုံးစုံမလွတ်ကင်းတဲ့အခြေအနေမျိုးဖြစ်နေတယ်။  ဘိုလော့ဂ်နာက အဝေးကွင်း(၃)ပွဲဆက်ရှုံးခဲ့သလို၊ ဆာဆူအိုလိုကလည်း အိမ်ကွင်း(၃)ပွဲဆက်ရှုံးထားပါတယ်။ သရေကျဖို့များပြီး နိုင်မယ်ဆိုရင် ဆာဆူအိုလိုပါပဲ။

ကိုလုံး - ဟောဖန်ဟင်မ် (စနေနံနက် ၂:၀၀ နာရီ)

ကိုလုံးအသင်း အမှတ်ပိုလိုပေမယ့် ဟော်ဖန်ဟင်မ်ရဲ့နိုင်ပွဲဆက်နေမှုကို အရှိန်တန့်နိုင်ဖို့ မလွယ်ဘူး။ ဟော်ဖန်ဟင်မ် အနိမ့်ဆုံးသရေကစားမယ်။