၂၀၁၉ ခုနှစ်အတွင်း သွင်းဂိုးအများဆုံးစာရင်းတွင် လီဝန်ဒေါစကီးနှင့် မက်ဆီ ထိပ်ဆုံး၌အပြိုင်ဖြစ်နေ

၂၀၁၉ ခုနှစ်အတွင်း သွင်းဂိုးအများဆုံးစာရင်းတွင် လီဝန်ဒေါစကီးနှင့် မက်ဆီ ထိပ်ဆုံး၌အပြိုင်ဖြစ်နေ
Photos: Getty Images
Photos: Getty Images
Published 6 November 2019

၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့်လိဂ်ပွဲစဉ်များတွင် တစ်ဂိုးစီသွင်းယူခဲ့ကြပြီးနောက် လီဝန်ဒေါစကီးက ၃၈ ပွဲကစားရာတွင် ၃၈ ဂိုး၊  မက်ဆီက ၃၇ ပွဲကစားရာတွင် ၃၆ ဂိုးဖြင့် အပြိုင်ဖြစ်နေလျက်ရှိသည်။ မက်ဆီသည် ယခု ရာသီအတွင်း ဒဏ်ရာပြဿနာများကြောင့် ကိုးပွဲသာ ကစားထားရကာ ခြောက်ဂိုးသွင်းယူထားပြီး လီဝန်ဒေါစကီးမှာမူ ၁၆ ပွဲ ကစားခဲ့ရာတွင် ၂၀ ဂိုးအထိ သွင်းယူကာ မက်ဆီကို ကျော်တက်ခဲ့သည်။

 

၂၀၁၉ ခုနှစ်အတွင်း သက္ကရာဇ်နှစ်တစ်နှစ်အတွက် ဥရောပထိပ်တန်းလိဂ်သွင်းဂိုးအများဆုံးစာရင်းတွင် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးနှင့် ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီတို့ ထိပ်ဆုံး၌အပြိုင်ဖြစ် နေကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့်လိဂ်ပွဲစဉ်များတွင် တစ်ဂိုးစီသွင်းယူခဲ့ကြပြီးနောက် လီဝန်ဒေါစကီးက ၃၈ ပွဲကစားရာတွင် ၃၈ ဂိုး၊  မက်ဆီက ၃၇ ပွဲကစားရာတွင် ၃၆ ဂိုးဖြင့် အပြိုင်ဖြစ်နေလျက်ရှိသည်။ မက်ဆီသည် ယခု ရာသီအတွင်း ဒဏ်ရာပြဿနာများကြောင့် ကိုးပွဲသာ ကစားထားရကာ ခြောက်ဂိုးသွင်းယူထားပြီး လီဝန်ဒေါစကီးမှာမူ ၁၆ ပွဲ ကစားခဲ့ရာတွင် ၂၀ ဂိုးအထိ သွင်းယူကာ မက်ဆီကို ကျော်တက်ခဲ့သည်။ ယင်းစာရင်း တွင် နိုင်ငံလက်ရွေးစင်သွင်းဂိုးအပါအဝင်  ပြိုင်ပွဲစုံသွင်းဂိုးအားလုံးကို ထည့်သွင်းတွက်ချက်ခြင်းဖြစ်သည်။ 

လီဝန်ဒေါစကီး၊ မက်ဆီတို့၏နောက်တွင် ဘာပေက ၃၁ ဂိုး၊ အဂွဲရိုး က ၂၉ ဂိုး၊ စတာလင်နှင့် ဘန်ဇီမာက ၂၆ ဂိုးစီဖြင့် အနီးကပ်ဆုံးရှိနေပြီး ယခုစာရင်းတွင် မက်ဆီနှင့် ဆယ်စုနှစ်တစ်ခုကြာ အပြိုင်ဖြစ်ခဲ့သည့် စီရော်နယ်လ်ဒိုမှာမူ ၁၈ ဂိုးဖြင့် နံပါတ် ၂၂ နေရာသို့ ရောက်ရှိနေသည်။ 

သက္ကရာဇ်နှစ် ဂိုးသွင်းအများဆုံးစာရင်းတွင်လည်း မက်ဆီ နှင့် စီရော်နယ်လ်ဒိုတို့သာ ဆယ်စုနှစ်တစ်ခုနီးပါး လွှမ်းမိုးထားခဲ့ပြီး မက်ဆီက ၂၀၁၀၊ ၂၀၁၂၊ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ်နှင့် စီရော် နယ်လ်ဒိုမှာ ၂၀၀၈၊ ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ ခုနှစ်များတွင် သွင်းဂိုးအများဆုံးအဖြစ် ဇယားထိပ်ဆုံး၌ အသီးသီးရပ်တည်နိုင်ခဲ့ကြသည်။ ပြီးခဲ့သည့်ကိုးနှစ်အတွင်း ၎င်းတို့နှစ်ဦးကို အဓိကခြိမ်းခြောက်မှုအဖြစ် ၂၀၁၇ ခုနှစ် တွင် ဟာရီကိန်းက မက်ဆီနှင့် သွင်းဂိုးတူဖြင့် ပူးတွဲရပ်တည်မှုတစ်ကြိမ်သာ ရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent