အွန်နရီ၏သွင်းဂိုးစံချိန်ကိုကျော်ဖြတ်ရန် အဂွဲရိုးပစ်မှတ်ထားနေ

အွန်နရီ၏သွင်းဂိုးစံချိန်ကိုကျော်ဖြတ်ရန် အဂွဲရိုးပစ်မှတ်ထားနေ
Photos: Getty Images
Photos: Getty Images
Published 6 November 2019

" ဂိုးတွေများစွာသွင်းရတာကို ကျွန်တော် ခုံမင်မိပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်သမိုင်းမှာ အွန်နရီလိုမျိုး အံ့အားသင့်ဖွယ် ကစားသမားတစ်ယောက်ရဲ့စံချိန်ကို ကျော်ဖြတ်ဖို့ နီးစပ်လာတဲ့အတွက်လည်း ပျော်ရွှင်မိတာအ မှန်ပါပဲ။ စံချိန်ချိုးနိုင်ခဲ့ရင်တော့ ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးအတွက် ကမ္ပည်းထိုးပြီးသားဖြစ်ပါလိမ့်မယ်။ ဒီအောင်မြင်မှုကို အမြန်ဆုံးရရှိဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ" ဟု အဂွဲရိုးက ပြောကြားခဲ့သည်။ 

 

မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးက ပရီးမီးယားလိဂ်ဂိုးအများဆုံး နိုင်ငံခြားသားကစားသမားအဖြစ် စံချိန်တင်ထားသည့် အာဆင်နယ်နှင့် ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟောင်း အွန်နရီ၏သွင်းဂိုးစံချိန်ကို ကျော် ဖြတ်ရန် အသင့်ရှိနေသည်ဟု ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့်တွေ့ဆုံမှုတွင် ကြုံးဝါးခဲ့သည်။

" ဂိုးတွေများစွာသွင်းရတာကို ကျွန်တော် ခုံမင်မိပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်သမိုင်းမှာ အွန်နရီလိုမျိုး အံ့အားသင့်ဖွယ် ကစားသမားတစ်ယောက်ရဲ့စံချိန်ကို ကျော်ဖြတ်ဖို့ နီးစပ်လာတဲ့အတွက်လည်း ပျော်ရွှင်မိတာအ မှန်ပါပဲ။ စံချိန်ချိုးနိုင်ခဲ့ရင်တော့ ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးအတွက် ကမ္ပည်းထိုးပြီးသားဖြစ်ပါလိမ့်မယ်။ ဒီအောင်မြင်မှုကို အမြန်ဆုံးရရှိဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ" ဟု အဂွဲရိုးက ပြောကြားခဲ့သည်။ 

အွန်နရီသည် ၁၇၅ ဂိုးသွင်းကာ အဆိုပါစံချိန်ကို တင်ရှိထားပြီး အဂွဲရိုးမှာမူ နှစ်ဂိုးသာလိုအပ်နေသောကြောင့် မကြာမီကာလအတွင်း စံချိန်သစ်တင်နိုင်ဖွယ်ရှိနေသည်။ ယခုရာသီတွင် ပရီးမီးယားလိဂ် ၁၀ ပွဲကစားပြီး ကိုးဂိုးအထိသွင်းယူထားသည့် အဂွဲရိုးသည် ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံး အလန်ရှီးယားနှင့်မူ ၈၅ ဂိုးအထိ ကွာဟနေလျက်ရှိသည်။

 

Most Read

Most Recent