လော်တာရိုမာတီနက်ဇ်ကို စာချုပ်သစ်ချုပ်ဆိုရန် အင်တာမီလန်အသင်း စီစဉ်

လော်တာရိုမာတီနက်ဇ်ကို စာချုပ်သစ်ချုပ်ဆိုရန် အင်တာမီလန်အသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 4 November 2019

အင်တာမီလန်အသင်းသည် အသင်းတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။ 

အင်တာမီလန်အသင်းသည် အသင်းတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။ 

အသက် (၂၂)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်နှင့် အင်တာမီလန်အသင်းတို့ကြား စာချုပ်သက်တမ်းမှာ လာမည့် ၂၀၂၃ ခုနှစ်ရောက်မှ ကုန်ဆုံးမည် ဖြစ်သည်။  

သို့သော် လက်ရှိအချိန်တွင် လော်တာရိုမာတီနက်ဇ်အား ခေါ်ယူရန် မန်ယူနှင့် ဘာစီလိုနာ အသင်းအပါအဝင် ဥရောပထိပ်သီးအသင်းများစွာက စိတ်ဝင်စားနေသဖြင့် အင်တာမီလန်အသင်းက စာချုပ်သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်သည်။ 

ထို့ပြင် အင်တာမီလန်အသင်းသည် လော်တာရိုမာတီနက်ဇ်ကို စာချုပ်ပါလျော်ကြေး ယူရို (၁၁၁)သန်းပေး၍ ခေါ်ယူသွားမည်အချက်ကိုလည်း စိုးရိမ်နေသဖြင့် စာချုပ်သစ်ချုပ်ဆိုချိန်တွင် စာချုပ်ပါလျော်ကြေးကို ပယ်ဖျက်သွားဖွယ်ရှိနေကြောင်း သိရသည်။ 

လော်တာရိုမာတီနက်ဇ်သည် ယခုရာသီတွင် အင်တာမီလန်အသင်းတိုက်စစ်၌ လူကာကူနှင့်အတူ ခြေစွမ်းပြကစားနေပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၃)ပွဲတွင် (၇)ဂိုး သွင်းယူထားသည်။ 

 

Most Read

Most Recent