ဘိုင်ယန်မြူးနစ်အတွက် ပွဲ (၅၀၀)ပြည့်မြောက်သည့်  (၁၀)ဦးမြောက်ကစားသမားအဖြစ် မူလာ မှတ်တမ်းဝင်

ဘိုင်ယန်မြူးနစ်အတွက် ပွဲ (၅၀၀)ပြည့်မြောက်သည့်  (၁၀)ဦးမြောက်ကစားသမားအဖြစ် မူလာ မှတ်တမ်းဝင်
Photos: Getty Images
Photos: Getty Images
Published 3 November 2019

အသက် (၃၀)နှစ်အရွယ်ရှိ ဂျာမန်တိုက်စစ်မှူး မူလာသည် မနေ့က ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ် ဖရန့်ဖတ် (၅-၁) ဘိုင်ယန်မြူးနစ်ပွဲတွင် ပွဲချိန် (၆၄)မိနစ်၌ မာတီနက်ဇ်အစား လူစားဝင်ကစားပြီး နောက် အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၅၀၀) ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။ 

 

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး သောမတ်စ်မူလာသည် အသင်းသမိုင်းတွင် ပွဲ(၅၀၀)ပြည့်မြောက်သည့် (၁၀)ဦးမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ 

အသက် (၃၀)နှစ်အရွယ်ရှိ ဂျာမန်တိုက်စစ်မှူး မူလာသည် မနေ့က ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ် ဖရန့်ဖတ် (၅-၁) ဘိုင်ယန်မြူးနစ်ပွဲတွင် ပွဲချိန် (၆၄)မိနစ်၌ မာတီနက်ဇ်အစား လူစားဝင်ကစားပြီး နောက် အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၅၀၀) ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။ 

မူလာသည် ဘိုင်ယန်မြူးနစ်အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် အသင်းနှင့်အတူ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့သူဖြစ်သည်။ မူလာသည် ဘိုင်ယန်မြူးနစ်အသင်းအတွက် ကစားခဲ့သည့် (၁၂)ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ (၅၀၀) တွင် (၁၈၇) ဂိုး သွင်းယူနိုင်ခဲ့သည်။ 

ထို့ပြင် မူလာသည် အသင်းအတွက် ပွဲအများဆုံးကစားသူစာရင်းတွင် ယခုနှစ်အတွင်း ကစားသမားဘဝမှ အနားယူခဲ့သည့် ရှဝိုုင်းစတိုင်ဂါနှင့်အတူ အဆင့်(၉)နေရာ၌ ရပ်တည်နေသည်။

 

Most Read

Most Recent