အရက်ဘားတွင် ရန်ပွဲဖြစ်ပွားမှုကြောင့် နာမည်ကြီး အိုင်ယာလန် UFC ကစားသမား မက်ဂရီဂေါ်  ဒဏ်ရိုက်ခံရ

အရက်ဘားတွင် ရန်ပွဲဖြစ်ပွားမှုကြောင့် နာမည်ကြီး အိုင်ယာလန် UFC ကစားသမား မက်ဂရီဂေါ်  ဒဏ်ရိုက်ခံရ
Photos: Getty Images
Photos: Getty Images
Published 3 November 2019

မက်ဂရီဂေါ်၏ ထိုးကြိတ်ခြင်းခံရသူ ဒက်စမွန်ကီအို့ချ်၏ ပြောကြားချက်အရ ဘားတွင် အရက်ထိုင်သောက်နေစဉ် မက်ဂရီဂေါ်ရောက်ရှိလာပြီး ၎င်းထုတ်လုပ်သည့် ဝီစကီကိုသောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

 

နာမည်ကြီး အိုင်ယာလန် UFC ကစားသမား မက်ဂရီဂေါ် သည် အရက်ဘား၌ ဖြစ်ပွားသည့် ရန်ပွဲတွင် လူတစ်ဦးကို ထိုးကြိတ်တိုက်ခိုက်မှုကြောင့် ဒဏ်ငွေချမှတ် ခံရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ အတွင်း အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင် မြို့ရှိ Marble Arch အရက်ဘား တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

မက်ဂရီဂေါ်၏ ထိုးကြိတ်ခြင်းခံရသူ ဒက်စမွန်ကီအို့ချ်၏ ပြောကြားချက်အရ ဘားတွင် အရက်ထိုင်သောက်နေစဉ် မက်ဂရီဂေါ်ရောက်ရှိလာပြီး ၎င်းထုတ်လုပ်သည့် ဝီစကီကိုသောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။ သို့ သော် ကီအို့ချ်က အကြိမ်ကြိမ်ငြင်းဆန်သဖြင့် ၎င်း၏မျက်နှာကို မက်ဂရီဂေါ်က ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။ 

ယင်းဖြစ်ရပ်ကို ကြားနာစစ်ဆေးပြီး နောက် မက်ဂရီဂေါ်တွင် အပြစ်ရှိသဖြင့် ဒဏ်ကြေး ယူရို ၁၀၀၀ ပေး ဆောင်စေရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ မက်ဂရီဂေါ်သည် ယခင်ကလည်း အလားတူ ပြုလုပ်သဖြင့် တရားရင်ဆိုင်ရဖူးပြီး လာမည့်ဇန်နဝါရီတွင်မူ UFC ပြိုင်ပွဲ ပြန်လည်ထိုးသတ်မည်ဖြစ်သည်။

 

Most Read

Most Recent