ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရန် ကာဗာနီကို တူဟယ်လ် တိုက်တွန်း

ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရန် ကာဗာနီကို တူဟယ်လ် တိုက်တွန်း
Photos: Getty Images & AS
Photos: Getty Images & AS
Published 2 November 2019

PSG အသင်းနည်းပြ တူဟယ်လ်က အသင်းဝါရင့်တိုက်စစ်မှူး ကာဗာနီကို ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရန် တိုက်တွန်းပြောကြားခဲ့သည်။

PSG အသင်းနည်းပြ တူဟယ်လ်က အသင်းဝါရင့်တိုက်စစ်မှူး ကာဗာနီကို ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရန် တိုက်တွန်းပြောကြားခဲ့သည်။

အသက် (၃၂)နှစ်အရွယ်ရှိ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီသည် ယခုရာသီအစပိုင်းတွင် တင်ပါးဒဏ်ရာရရှိခဲ့ပြီး ယင်းဒဏ်ရာပြန်လည်ကောင်းမွန်လာပြီးနောက် အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည်။ 

တူဟယ်လ်က ပုံမှန်ပွဲထွက်ခွင့်မရသဖြင့် ကာဗာနီ မပျော်မရွှင်ဖြစ်နေသည်ကို မိမိနားလည်ကြောင်းနှင့် ကာဗာနီအနေဖြင့် ပွဲထွက်ခွင့်အတွက် တိုက်ပွဲရန် လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တူဟယ်လ်က "ကာဗာနီက အသင်းကို ကူညီချင်တဲ့ ကစားသမားပါ။ ဒဏ်ရာကြောင့် သူ့အနေနဲ့ အနားယူခဲ့ရပါတယ်။ လက်ရှိမှာ ပွဲထွက်ခွင့်မရတာကြောင့် ကာဗာနီ မပျော်မရွှင်ဖြစ်နေတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ အသင်းမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေကို ပွဲထွက်စာရင်းက ချန်ထားဖို့ မဖြစ်နိုင်ပါဘူး။ ဒါက ဘောလုံးမှာ ပုံမှန်ဖြစ်နေကျအရာတွေပါပဲ။ ကာဗာနီအနေနဲ့ ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် တိုက်ပွဲဝင်သင့်ပါတယ်။ သူမကစားနိုင်တဲ့အချိန်မှာ အသင်းက အကောင်းဆုံးပုံစံမှာ ရှိနေတာကြောင့် သူ့ရဲ့အခန်းကဏ္ဍကလည်း နည်းနည်းပြောင်းလဲသွားပါတယ်"ဟု ပြောကြားခဲ့သည်။ 

PSG အသင်းတွင် လူငယ်တိုက်စစ်မှူး ဘာပေနှင့်အတူ ယခုရာသီအစကမှ အင်တာမီလန်အသင်းမှ တစ်ရာသီအငှားဖြင့် ခေါ်ယူထားသည့် တိုက်စစ်မှူး အီကာဒီတို့မှာ ခြေစွမ်းပြနေသဖြင့် ကာဗာနီအနေဖြင့် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရခြင်းဖြစ်သည်။ 

ယခုရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ကာဗာနီသည် ပွဲကစားခွင့်နည်းပါးနေခြင်းကို စိတ်ပျက်နေပြီး လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းပြောင်းရွှေ့ဖွယ်ရှိနေသည်ဟု ပြင်သစ်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

PSG အသင်းတွင် အနာဂတ်လှုပ်ခတ်နေသည့် ကာဗာနီအား ခေါ်ယူရန် ဥရောပထိပ်သီးကလပ်များဖြစ်သည့် ဂျူဗင်တပ်စ်၊ အက်သလက်တီကိုမက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေကြသလို၊ မေဂျာလိဂ်နှင့် တရုတ်စူပါလိဂ်ကလပ်အသင်းများကလည်း ၎င်းကို ခေါ်ယူလိုနေကြကြောင်း သိရသည်။ 

 

Most Read

Most Recent