မန်စီးတီး နှင့် ဆောက်သမ်တန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ၂း၁၅ နာရီ)
မန်စီးတီးနည်းပြ ဂွါဒီယိုလာက အလှည့်ကျပုံစံမျိုးသွားနေပြီး အသင်းအနေအထားကိုလည်း မထိခိုက်ပါဘူး။ ဗီလာနဲ့ပွဲမှာ ပွဲထွက်ခွင့်မရခဲ့တဲ့ အဂွဲရိုး၊ မာရက်ဇ်၊ အော်တာမန်ဒီ၊ ဝေါ်လ်ကာတို့ကတော့ အခုပွဲမှာ ပွဲစကတည်းက ပါဝင်ခွင့်ရဖို့များပါတယ်။ ဆောက်သမ်တန် တပ်ပျက်နေလို့ မန်စီးတီးဘက်ကပဲ ရပ်တည်သင့်တယ်။
ဘာတန် နှင့် လက်စတာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ၂း၁၅ နာရီ)
ပြီးခဲ့တဲ့ရာသီ လိဂ်ဖလားပွဲတွေမှာ လက်စတာအသင်းက ခြေစွမ်းကောင်းခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းနဲ့တွေ့ဆုံခဲ့လို့သာ ရပ်တန့်ခဲ့ရတာဖြစ်တယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ လက်စတာအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ကြောင့် အာရုံများနေနိုင်တယ်။ ဘာတန်နဲ့ စွန့်စားသင့်တယ်။
အဲဗာတန် နှင့် ဝက်ဖို့ဒ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ၂း၁၅ နာရီ)
အဲဗာတန်နည်းပြ မာကိုဆေးလ်ဗားရဲ့အနာဂတ်က အတော်လေး မရေမရာဖြစ်လာပြီ။ ဒါကြောင့် အခုလိုအိမ်ကွင်းပွဲမျိုးမှာ ပရိသတ်ကျေနပ်စေမယ့်ရလဒ်ပိုင်း မဖြစ်မနေယူပြဖို့ လိုအပ်နေတယ်။ ဝက်ဖို့ဒ်ကလည်း လိဂ်ဖလားတတိယအဆင့်မှာ နိုင်ပြီးကတည်းက (၄)ပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ အဲဗာတန် နောက်တစ်ဆင့်တက်မှာပါ။
ခရော်လေ နှင့် ကိုလ်ချက်စတာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ၂း၁၅ နာရီ)
ခရော်လေက နောက်ဆုံး(၈)ပွဲမှာ (၁)ပွဲသာ အနိုင်ရပြီး အခြေအနေဆိုးရွားနေတယ်။ ကိုလ်ချက်စတာကတော့ နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်ထားပြီး ခြေစွမ်းလည်းပိုကောင်းပါတယ်။ ကိုလ်ချက်စတာကို ပိုကြိုက်တယ်။
အောက်စဖို့ဒ် နှင့် ဆန်းဒါးလန်း (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ၂း၁၅ နာရီ)
အောက်စဖို့ဒ်အသင်း (၃)ပွဲဆက်အနိုင်ရပြီး Rhythm ပြန်မှန်လာတယ်။ ဆန်းဒါးလန်းကတော့ အဝေးကွင်း(၃)ပွဲဆက်တိုက် အရေးနိမ့်ထားတဲ့အသင်းပါ။ အောက်စဖို့ဒ် မိနစ်(၉၀)အတွင်း ရှုံးဖို့မရှိပါဘူး။