မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကွင်းတွင်းလမ်းကြမ်း ဆိုင်ကယ်စီးပြိုင်ပွဲ မန္တလေးတွင် ကျင်းပ

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကွင်းတွင်းလမ်းကြမ်း ဆိုင်ကယ်စီးပြိုင်ပွဲ မန္တလေးတွင် ကျင်းပ
Photo : မင်းလတ်
Photo : မင်းလတ်
Published 27 October 2019

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကွင်းတွင်းလမ်းကြမ်း ဆိုင်ကယ်စီးပြိုင်ပွဲ Myanmar Motocross 2019 ကို အောက်တိုဘာ၂၆ ရက်နှင့် ၂၇ ရက်နေ့များတွင် မန္တ​လေးမြို့တွင် ပထမဆုံးအကြိမ်​အဖြစ်​ ကျင်​းပခဲ့သည်​ဟု Mandalay Free Rider အဖွဲ့ထံမှ သိရသည်​။

Mandalay Free Rider မှဦးစီး၍ လူငယ်များ ယာဉ်န္တရာယ် ကင်းရှင်းစွာ မောင်းနှင်ရေးနှင့် ကွင်းတွင်းလမ်းကြမ်း ဆိုင်ကယ်စီးပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက် နှင့် ၂၇ ရက် နံနက် ၉ နာရီမှ စတင်ပြီး မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အပန်းဖြေစခန်းအနီးရှိ 11Mile MX Bike Park နေရာ၌ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် MMX-A (Senior) 231cc နှင့် 231cc အထက် (Pro)-အတန်း lMMX-A (Junior) 231cc နှင့် 231cc အထက် (Pro) အတန်း ပြိုင်ပွဲဝင်များက ကွင်း ၁၀ ပတ် lMMX-B(Senior) နှင့် (Junior)125cc မှ 230cc အထိ (Master) အတန်းပြိုင်ပွဲဝင်များက ကွင်း ၇ ပတ်နှင့် MMX-C110cc မှ 125cc (Beginner) အတန်း ပြိုင်ပွဲဝင်များက ကွင်း ၅ ပတ်စီးနင်း ပြိုင်ပွဲဝင်ကြကြောင်း သိရသည်။

ပထမဆုံးအကြိမ်​ ကျင်​းပခြင်း ဖြစ်​သည်​့အတွက်​ နိုင်​ငံတကာ ပြ်ိုင်​ပွဲများကဲ့သို့ သတ်​မှတ်​စည်​းကမ်​းများကို အပြည်​့အဝ အသုံးမပြုဘဲ ကွင်​းပတ်​အ​ရေအတွက်​များဖြင်​့ ယှဉ်​ပြိုင်​​စေခဲ့​ကြောင်​း သိရပါသည်​။