လီဗာပူးလ် - စပါး ပွဲစဉ်မှ ပွဲကြိုထူးခြားအချက်အလက်များ

လီဗာပူးလ် - စပါး ပွဲစဉ်မှ ပွဲကြိုထူးခြားအချက်အလက်များ
Photo: AFP
Photo: AFP
Published 27 October 2019

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်၌ စပါးအသင်းနှင့် နောက်ဆုံး (၁၃)ကြိမ် တွေ့ဆုံရာတွင် (၈)ပွဲအထိ အနိုင်ရထားပြီး (၄)ပွဲသရေကျကာ (၁)ပွဲသာ ရှုံးနိမ့်ခဲ့သည်။ 

 

လီဗာပူးလ် - စပါး ပွဲစဉ်မှ ပွဲကြိုထူးခြားအချက်အလက်များ

စပါးအသင်းသည် လီဗာပူးလ်အသင်းနှင့် နောက်ဆုံးတွေ့ဆုံခဲ့သည့် ပြိုင်ပွဲစုံ (၁၅)ပွဲတွင် (၁)ပွဲသာ အနိုင်ရခဲ့ပြီး (၄)ပွဲသရေကျကာ (၁၀)ပွဲအထိ ရှုံးနိမ့်ခဲ့သည်။

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်၌ စပါးအသင်းနှင့် နောက်ဆုံး (၁၃)ကြိမ် တွေ့ဆုံရာတွင် (၈)ပွဲအထိ အနိုင်ရထားပြီး (၄)ပွဲသရေကျကာ (၁)ပွဲသာ ရှုံးနိမ့်ခဲ့သည်။ 

လီဗာပူးလ်အသင်းသည် စပါးအသင်းကို အနိုင်ရခဲ့ပါက ပရီးမီးယားလိဂ် ရာသီအစ (၁၀)ပွဲတွင် (၂၈)မှတ်ရခဲ့သည့် ချယ်လ်ဆီးနှင့် မန်စီးတီးတို့၏ စံချိန်(ချယ်ဆီး ၂၀၀၅-၀၆၊ မန်စီးတီး ၂၀၁၁-၁၂ နှင့် ၂၀၁၈-၁၉) ကို လိုက်မီမည် ဖြစ်သည်။ ယင်းစံချိန်ကို ပိုင်ဆိုင်ခဲ့သည့် အသင်းများသည် ရာသီကုန်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။

စပါးအသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး (၁၂)ပွဲတွင် (၃)ပွဲသာ အနိုင်ရထားပြီး Clean-Sheet ရသည့်ပွဲမှာလည်း (၁)ပွဲသာ ရှိခဲ့သည်။

လီဗာပူးလ်အသင်း၏ နောက်ဆုံးပရီးမီးယားလိဂ်သွင်းဂိုး (၇)ဂိုးကို ကစားသမား (၇) ယောက်က သွင်းယူထားကြသည်။ 

စပါးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၉)အပြီးတွင် (၁၂)မှတ်သာ ရထားခြင်းမှာ ၂၀၁၄-၁၅ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။

လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာသည် စပါးအသင်းနှင့်တွေ့ဆုံခဲ့သည့် ပြိုင်ပွဲစုံ နောက်ဆုံး (၈)ပွဲတွင် (၆)ဂိုးအထိ သွင်းယူထားသည်။

စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းသည် လီဗာပူးလ်နှင့် တွေ့ဆုံသည့် ပရီးမီးယားလိဂ်နောက်ဆုံး (၉)ပွဲတွင် ဂိုးပါဝင်ပတ်သက်မှု (၇)ဂိုး (၅ ဂိုးသွင်း၊ ၂ ဂိုးဖန်တီး)အထိ ရှိခဲ့သည်။