မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
Published 23 October 2019
မင်းနိုင်စိုး

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင် အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့၏ တိုက်ပွဲအတွင်း AA အလောင်းကိုးလောင်း ရရှိခဲ့ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် AAအဖွဲ့၏ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များ တားဆီးကာကွယ်ရန် တပ်မတော်က နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အောက်တိုဘာ ၂၁ ရက်တွင် သတင်းထုတ် ပြန်သည်။

ဖြစ်စဉ်မှာ မြောက်ဦးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် အောက်တိုဘာ ၁၉ ရက် နံနက် ၆ နာရီ မိနစ် ၃၀ ခန့်တွင်  လက္ကာကျေးရွာအနီးသို့ အရောက်၌ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ပြုလုပ်လျက်ရှိသည့် AA အဖွဲ့များက နေရာ သုံးနေရာမှ လက်နက်ကြီး၊  လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်ဘက်က ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်တွင် AA အဖွဲ့ များ မြောက်ဘက်နှင့်အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် AA အဖွဲ့မှ အားကစားအကျႌ၊ ဘောင်းဘီများ ဝတ်ဆင်ထားသည့်  အလောင်းကိုးလောင်း၊ အမ်(၂၂) သေ နတ်ခြောက်လက်၊ ၎င်းကျည် ၅၂၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၆ ခု၊ လက်ပစ်ဗုံးခုနစ်လုံး၊ အီနာဂါဗုံးသီးတစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်ဘက်က လည်း အရာရှိ၊ စစ်သည်တချို့ ကျဆုံး၊ ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် AA အဖွဲ့များ၏ ရခိုင်ပြည်နယ်အတွင်း ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေမှုအား ကာကွယ်တားဆီးရေးတို့အ တွက် ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

 ထို့ပြင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၉ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် လုံခြုံရေးဆောင်ရွက်စဉ် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးအတိုင်း မြောက်ဦးမြို့အတွင်းဘက်မှ မသင်္ကာဖွယ်အမျိုးသားတစ်ဦးသည် နယ်မြေခံတပ်ရင်း လုံခြုံရေးဆောင် ရွက်နေသည့် နေရာအား ချဉ်းကပ်လာသဖြင့် ရပ်တန့်ရန် အော်ဟစ်သတိပေးစဉ် ရပ်တန့် ခြင်းမရှိဘဲ နယ်မြေခံတပ်ရင်းဘက်သို့ ဆက်လက်ချဉ်းကပ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်တစ်ဦးမှ လက်နက်ငယ်ဖြင့်  ခြောက် လှန့်ပစ်ခတ်ခဲ့ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါနေရာအား အောက်တိုဘာ ၂၀ ရက် နံနက် ၂ နာရီခန့်တွင် လုံခြုံရေးတပ် ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အား ကစားအကျႌ၊ ဘောင်းဘီတိုဝတ်ဆင်ထား သည့် AA အဖွဲ့မှ အသက် ၃၀ ခန့်အမျိုးသား တစ်ဦးအား ယာပေါင်ရင်း လက်နက်ငယ် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သွေးထွက်လွန် ၍ သေဆုံးလျက်ရှိပြီး ၎င်းအနီးမှ မိုင်းထောင် ရာတွင် အသုံးပြုသည့် ဒီတိုနေတာတစ်ချောင်း၊ အရှည်ငါးပေခန့် ဝိုင်ယာကြိုး နှစ်ချောင်းတို့ ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။

AA အဖွဲ့အနေဖြင့် အရပ်ဝတ်များဝတ်ဆင်၍ တပ်မတော် စစ်ကြောင်းများအား မိုင်းဆွဲခြင်း၊ တပ်စခန်းများအား ဝင်ရောက်တိုက်ခိုက်ခြင်း၊ သတင်းစုံစမ်းခြင်းနှင့် ကျေးရွာများအတွင်း အရပ်သားများအသွင်ဖြင့် ဝင်ရောက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

 

 

 

Most Read

Most Recent