လန်ဒန်ကွင်းသစ်မှာ အရှုံးငွေပေါင်သန်းရာချီရှိနိုင်သော်လည်း ကွင်းအမည်အား အရက်၊ လောင်းကစား၊ ဆေးလိပ်ကုမ္ပဏီများထံ ဝက်စ်ဟမ်း ရောင်းမည်မဟုတ်

လန်ဒန်ကွင်းသစ်မှာ အရှုံးငွေပေါင်သန်းရာချီရှိနိုင်သော်လည်း ကွင်းအမည်အား အရက်၊ လောင်းကစား၊ ဆေးလိပ်ကုမ္ပဏီများထံ ဝက်စ်ဟမ်း ရောင်းမည်မဟုတ်
Photos: Getty Images
Photos: Getty Images
Published 13 October 2019

ဝက်စ်ဟမ်းအသင်းသည် ယခင် ကွင်းဟောင်းဖြစ်သည့် Upton Park ကွင်းမှ လန်ဒန်အိုလံပစ်ကွင်းသို့ ၂၀၁၆-၁၇ ရာသီတွင် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး (၃)ရာသီအတွင်း ပေါင်သန်းများစွာ အရှုံးငွေပြလျက်ရှိနေသည်။ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် အရှုံးငွေမှာ ပေါင်(၂၅.၅)သန်းရှိခဲ့ပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် အရှုံးငွေမှာ ပေါင် (၂၉.၁)သန်းရှိနိုင်သည်ဟု  လန်ဒန်မြို့တော်ဖွံဖြိုးတိုးတက်ရေး ကော်ပရေးရှင်း (LLDC) က တွက် ချက်ခဲ့သည်။ 

 

ဝက်စ်ဟမ်းအသင်းသည် လန်ဒန်ကွင်းသစ်တွင် အရှုံးငွေပေါင်သန်းရာချီရှိနိုင်သော်လည်း အသင်း၏ ကွင်းအမည်အား အရက်၊ လောင်းကစား၊ ဆေးလိပ်ကုမ္ပဏီများထံ ရောင်းချသွားမည်မဟုတ်ကြောင်း အသင်းတာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

ဝက်စ်ဟမ်းအသင်းသည် ယခင် ကွင်းဟောင်းဖြစ်သည့် Upton Park ကွင်းမှ လန်ဒန်အိုလံပစ်ကွင်းသို့ ၂၀၁၆-၁၇ ရာသီတွင် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး (၃)ရာသီအတွင်း ပေါင်သန်းများစွာ အရှုံးငွေပြလျက်ရှိနေသည်။ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် အရှုံးငွေမှာ ပေါင်(၂၅.၅)သန်းရှိခဲ့ပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် အရှုံးငွေမှာ ပေါင် (၂၉.၁)သန်းရှိနိုင်သည်ဟု  လန်ဒန်မြို့တော်ဖွံဖြိုးတိုးတက်ရေး ကော်ပရေးရှင်း (LLDC) က တွက် ချက်ခဲ့သည်။ 

၂၀၂၃ ခုနှစ်တွင်  ဝက်စ်ဟမ်းအသင်း၏ အရှုံးငွေစုစုပေါင်းမှာ ပေါင်သန်း(၁၅၀)အထိရောက်ရှိလာ နိုင်သည်ဟု LLDC တာဝန်ရှိသူများက တွက်ချက်ခဲ့ပြီး၊ ဝက်စ်ဟမ်းအသင်းအနေဖြင့် ယင်းအရှုံးငွေကို ကာမိစေ ရန်အတွက်အသင်း၏ ကွင်းအမည်အား ကုမ္ပဏီတစ်ခုခုထံစပွန်ဆာအမည်အဖြစ်(မန်စီးတီးအသင်း၏ အီတီဟတ်ကွင်း၊ အာဆင်နယ်အသင်း၏ အီမရိတ်စ်ကွင်းများကဲ့သို့)ပေးအပ်ရရန်ရှိနေသည်။ 

သို့သော် ဝက်စ်ဟမ်း အသင်းတာဝန်ရှိသူများက အရက်၊ လောင်းကစားနှင့် ဆေးလိပ်ကုမ္ပဏီများထံ ကွင်းအမည်ကို စပွန်ဆာပေးပါက ငွေကြေးများစွာရရှိနိုင်မည် ဖြစ်သော်လည်းမိမိတို့ပြုလုပ်မည်မဟုတ်ဟု အတည်ပြုပြောကြားခဲ့ကြသည်။

 

Most Read

Most Recent