"ကျွန်မရဲ့ Instagram မှာ ယုံကြည်ရသူတစ်ယောက်က အတွင်းရေးသတင်းတွေနဲ့ ပို့စ်တွေကို The Sun သတင်းစာဆီ လွန်ခဲ့တဲ့နှစ် အနည်းငယ်ကနေ အခုချိန်အထိ အမြဲပို့နေခဲ့တယ်။ ကျွန်မ အကြောင်း၊ ကျွန်မမိတ်ဆွေတွေနဲ့ မိသားစုအကြောင်းတွေက ကျွန်မရဲ့ ခွင့်ပြုချက်မရဘဲ အဲဒီသတင်းစာဆီကို အများကြီးရောက်နေတယ်။ အမှန်မဟုတ်တဲ့ ရေးသားမှုတွေကိုလည်း The Sun က ဖော်ပြခဲ့တယ်။ မူရင်းပို့စ်တွေအားလုံး ကြည့်ရှုခဲ့သူ တစ်ဦးတည်းရှိတာကို Screenshot လုပ်ပြီး သိမ်းထားပါတယ်။ အဲဒါကတော့ ရီဘက်ခါဗာဒီရဲ့ Account ပါပဲ" ဟု ၎င်းက ဆိုသည်။
လက်စတာအသင်းတိုက်စစ်မှူး ဗာဒီ၏ဇနီးဖြစ်သူ ရီဘက်ခါဗာဒီက အင်္ဂလန်လက်ရွေးစင်အသင်း ခေါင်းဆောင်ဟောင်း ၀ိန်းရွန်နီ၏ဇနီး ကောလင်းရွန်နီနှင့်ဖြစ်ပွားနေသည့်ပြဿနာကြောင့် မိမိအပါအဝင် မမွေးသေးသည့်ကလေးပါ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရကြောင်း ဝန်ခံပြောကြားခဲ့သည်။
ကောလင်းက၎င်း၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွင်းသတင်းများကို ရီဘက်ခါက The Sun သတင်းစာသို့ ရောင်းချနေကြောင်း Twitter မှတစ်ဆင့် စွပ်စွဲရေးသားရာမှ ၎င်းတို့နှစ်ဦး အပြန်အလှန်အငြင်းပွားနေခြင်းဖြစ်သည်။ ကောလင်းက ၎င်း၏ Instagram တွင် တင်ထားသည့်ပို့စ်များနှင့်ပတ်သက်၍ ငါးလခန့်အချိန်ယူ၍ စောင့်ကြည့်လေ့လာခဲ့ကြောင်း၊ ပို့စ်များကို ယုံကြည်ရသူများသာ မြင်တွေ့နိုင်ရန် ကန့်သတ်ထားသော်လည်း The Sun သတင်းစာက သတင်းများကို အစဉ်အမြဲရရှိနေကြောင်း၊ မှားယွင်းသည့် အကြောင်းအရာများ ရေးသားထားခြင်းကိုလည်း The Sun က ဖော်ပြနိုင်ခဲ့ကြောင်း၊ ယင်းပို့စ်များကို ကြည့်ရှုခဲ့သူမှာ ရီဘက်ခါ၏ Account ဖြစ်ကြောင်း Twitter တွင် ရေးသားခဲ့သည်။
"ကျွန်မရဲ့ Instagram မှာ ယုံကြည်ရသူတစ်ယောက်က အတွင်းရေးသတင်းတွေနဲ့ ပို့စ်တွေကို The Sun သတင်းစာဆီ လွန်ခဲ့တဲ့နှစ် အနည်းငယ်ကနေ အခုချိန်အထိ အမြဲပို့နေခဲ့တယ်။ ကျွန်မ အကြောင်း၊ ကျွန်မမိတ်ဆွေတွေနဲ့ မိသားစုအကြောင်းတွေက ကျွန်မရဲ့ ခွင့်ပြုချက်မရဘဲ အဲဒီသတင်းစာဆီကို အများကြီးရောက်နေတယ်။ အမှန်မဟုတ်တဲ့ ရေးသားမှုတွေကိုလည်း The Sun က ဖော်ပြခဲ့တယ်။ မူရင်းပို့စ်တွေအားလုံး ကြည့်ရှုခဲ့သူ တစ်ဦးတည်းရှိတာကို Screenshot လုပ်ပြီး သိမ်းထားပါတယ်။ အဲဒါကတော့ ရီဘက်ခါဗာဒီရဲ့ Account ပါပဲ" ဟု ၎င်းက ဆိုသည်။
ကောလင်း၏ ရေးသားမှုနှင့် ပတ်သက်၍ ရီဘက်ခါက "ကျွန်မ စိတ်ပျက်မိတယ်။ ဒီကိစ္စတွေကိုလည်း ကျွန်မဘက်က ငြင်းပါတယ်။ အဲဒီလို ဖြစ်တယ်ဆိုရင်တောင် ရှင့်ဘက်က ကျွန်မဆီကို အရင်ဆုံး ဖုန်းဆက်သင့် တယ်။ ကျွန်မအတွက် ငွေမလိုပါဘူး။ ရှင့်အကြောင်းတွေ ရောင်းစားလို့ ရော ဘယ်လောက်ရမှာမို့လို့လဲ" ဟု တုံ့ပြန်ရေးသားခဲ့သည်။
၎င်းတို့နှစ်ဦးသည် ယခင်က ရင်းနှီးသည့် ဆက်ဆံရေးရှိသော်လည်း ယခုအခြေအနေကြောင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုပင် ခံနေရကြောင်း ရီဘက်ခါက Daily Mail သတင်းဌာနသို့ ပြောကြားခဲ့သည်။ "ဒီကိစ္စက ပိုပြီးတော့ အရှိန် မြင့်လာပါပြီ။ ကျွန်မဘက်ကတော့ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမဲ့ ဒါက တော်တော်လေးတော့ပြင်းထန်ပါတယ်။ ကျွန်မက သေသင့်တယ်၊ ကျွန်မကလေးလည်း သေသင့်တယ်၊ မမွေးရသေးတဲ့ ကျွန်မကလေးလည်း သေသင့်တယ်ဆိုပြီး အပြောခံနေရတယ်။ ကျွန်မက စိတ်မာတဲ့သူပါ။ ဒါပေမဲ့ အဲဒီလိုတွေ အပြောခံရလို့ မျက်ရည်ကျရပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။