ဒေးဗစ်ဆေးလ်ဗားအား မိမိ ဒေါသထွက်ခဲ့ဟု ဂွါဒီယိုလာ ဝန်ခံ

ဒေးဗစ်ဆေးလ်ဗားအား မိမိ ဒေါသထွက်ခဲ့ဟု ဂွါဒီယိုလာ ဝန်ခံ
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 9 October 2019

ယင်းပွဲတွင် ဒေးဗစ်ဆေးလ်ဗားမှာ အသင်းအတွက် လိုအပ်သည့် ပြေးနှုန်းဖြင့် မကစားနိုင်ခဲ့ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မိမိသည် ဝုလ်ဗ်အသင်းအား(၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ၀ါရင့်ကစားသမားဖြစ်သူ ဒေးဗစ်ဆေးလ်ဗားအား အလွန်အမင်းဒေါသထွက်ခဲ့သည်ဟု ဝန်ခံပြောကြားခဲ့သည်။

ယင်းပွဲတွင် ဒေးဗစ်ဆေးလ်ဗားမှာ အသင်းအတွက် လိုအပ်သည့် ပြေးနှုန်းဖြင့် မကစားနိုင်ခဲ့ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

အသက် (၃၃)နှစ်အရွယ်ရှိပြီဖြစ်သူ ဒေးဗစ်ဆေးလ်ဗားနှင့်ပတ်သက်၍ ဂွါဒီယိုလာက "အဲဒီပွဲမှာသူ့ကို ကျွန်တော်ဒီလိုပြောခဲ့ပါတယ်။ ဒေးဗစ် မင်းဘာကြောင့် မပြေးနိုင်တော့တာလဲ။ မင်းရဲ့ခြေထောက်တွေ ဘယ်ရောက်ကုန် ပြီလဲလို့ကျွန်တော်ပြောခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။