မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသော အဆိုတော် ဖြိုးပြည့်စုံ အပါအဝင် သုံးဦး ပြန်လည်လွတ်မြောက် လာကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။
“ ပြန်လွှတ်ပေးတယ် ဆိုတာထက် ဥပဒေနဲ့အညီ ပြစ်မှုမမြောက်လို့ လွတ်သွားတာပါ။ ဥပဒေနဲ့အညီဘဲ လွတ်တာပါ။ ” ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဝင်းက အတည်ပြု ပြောကြားသည်။
တေးသံရှင် ဂျူဝယ်က ၎င်း၏ Facebook စာမျက်နှာတွင် “ကိုဖြိုးပြည့်စုံ အပါအဝင် ငြိမ်းချမ်းကို၊ ရော်နီစန်းလွင် (၃) ဦးလုံး ဒီနေ့ခင်းဘဲ မှားယွင်းစွပ်စွဲမှုမှ လွတ်မြောက်ပြီး အိမ်ပြန်ရောက်ခဲ့ကြပါပြီ” ဟု ရေးသားထားသည်ကို တွေ့ရသည်။















