စီးရီးအေကလပ် အေစီမီလန်အသင်းသည် ရာသီအစ (၆)ပွဲကစားအပြီးတွင် (၄)ပွဲအထိ ရှုံးနိမ့်ထားပြီး (၈၁)နှစ်အတွင်း အဆိုးရွားဆုံးအခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
စီးရီးအေကလပ် အေစီမီလန်အသင်းသည် ရာသီအစ (၆)ပွဲကစားအပြီးတွင် (၄)ပွဲအထိ ရှုံးနိမ့်ထားပြီး (၈၁)နှစ်အတွင်း အဆိုးရွားဆုံးအခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
အေစီမီလန်အသင်းသည် စက်တင်ဘာ (၂၉)ရက်က ယှဉ်ပြိုင်ကစားသည့်ပွဲတွင် ဖီအိုရင်တီးနားအသင်းကို အိမ်ကွင်း၌ (၃-၁) ဂိုးဖြင့်ရှုံးနိမ့်ပြီး (၃)ပွဲဆက် ရှုံးပွဲကြုံတွေ့ထားသည်။
အေစီမီလန်အသင်းသည် (၆)ပွဲကစားအပြီးတွင် တန်းတက် ဘရက်စီယာနှင့် ဗီရိုနာအသင်းတို့ကိုသာ အနိုင်ရပြီး အူဒီးနီးစ်၊ မြို့ခံပြိုင်ဘက် အင်တာမီလန်၊ တိုရီနိုနှင့် ဖီအိုရင်တီးနားအသင်းတို့ကို ရှုံးနိမ့်ထားသည်။
ယင်းအခြေအနေမှာ ၁၉၃၈-၁၉၃၉ ရာသီ နောက်ပိုင်း (၈၁)နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစရလဒ်ဖြစ်ပြီး နည်းပြ ဂျမ်ပေါ်လို၏ အနာဂတ်မှာလည်း လှုပ်ခတ်လာပြီဖြစ်သည်။
အီတလီသတင်းဌာနများ၏ဖော်ပြချက်အရ အေစီမီလန်အသင်း ဒါရိုက်တာအဖွဲ့သည် အောက်တိုဘာ (၅)ရက်တွင် ဂျီနိုအာအသင်းနှင့်ကစားမည့် အဝေးကွင်းပွဲအထိသာ စောင့်ကြည့်သွားမည်ဖြစ်ပြီး ရလဒ်ကောင်းမွန်ခြင်း မရှိပါက ၎င်းအား ထုတ်ပယ်ဖွယ်ရှိကြောင်း သိရသည်။
ဂျမ်ပေါ်လိုကလည်း ယခုအခြေအနေနှင့်ပတ်သက်၍ "ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်ကူးစိတ်သန်းတွေကို ယုံကြည်မှုရှိလို့ ဆက်ပြီးတာဝန်ယူခွင့်ရမယ်လို့ မျှော်လင့်ထားပါတယ်"ဟု ပြောကြားသည်။
Tuttomercatoweb သတင်းဝက်ဘ် ဆိုက်ကလည်း အေစီမီလန်အသင်းသည် ၎င်းနေရာတွင် အစားထိုးရန် ယူကရိန်းလက်ရွေးစင်နည်းပြအဖြစ် ဆောင်ရွက်နေသည့် တိုက်စစ်မှူးဟောင်း ရှက်ဗ်ချင်ကိုအား ဆက်သွယ်ဆောင်ရွက်နေကြောင်း ဖော်ပြသည်။
■ အေစီမီလန်အသင်း၏ ရာသီအစရလဒ်များ
အူဒီးနီးစ် ၁-ဝ အေစီမီလန်
အေစီမီလန် ၁-ဝ ဘရက်စီယာ
ဗီရိုနာ ဝ-၁ အေစီမီလန်
အေစီမီလန် ဝ-၂ အင်တာမီလန်
တိုရီနို ၂-၁ အေစီမီလန်
အေစီမီလန် ၁-၃ ဖီအိုရင်တီးနား















